Change Language To -  English   

သင့်ရဲ့ အလွတ်တန်းပညာရှင်များနှင့် ယုံကြည်မှုတည်ဆောက်ခြင်း

279 times  

  Posted on
  Tags : #freelancing

အရာရာတိုင်းမှာ အပြန်အလှန်ယုံကြည်မှု ရှိခြင်းဟာ ကောင်းမွန်တဲ့ လက္ခဏာတစ်ခုပဲဖြစ်ပါတယ်။ ဒီလို အပြန်အလှန် ယုံကြည်လေးစားမှုရှိခြင်းဟာ ရှေ့ဆက်မယ့် အနာဂတ်ခရီးအတွက် ပိုမိုကောင်းမွန်တဲ့ အခွင့်အလမ်းတွေကို သယ်ဆောင်လာပေးမယ့် လမ်းကြောင်းတစ်ခုဆိုလျှင်လည်း မမှားပါဘူး။ ဒါ့ကြောင့် ဒီနေရာမှာ သင်နှင့် သင့်ရဲ့အလွတ်တန်းပညာရှင်တွေကြား ဘယ်လိုမျိုး ယုံကြည်မှုတည်ဆောက် ရမလဲဆိုတာ လေးကို မျှဝေပေးလိုက်ပါရစေ။

 ဂရုတစိုက်ရွေးချယ်ပါ

အလွတ်တန်းပညာရှင် တစ်ယောက်ကို မှန်ကန်စွာ ရွေးချယ်နိုင်မှုဟာ သင်ရဲ့လုပ်ငန်းအတွက်များစွာ အထောက်အကူဖြစ်စေမှာပါ။ အနာဂတ် ပရောဂျက်တွေအတွက် ယုံကြည်အားကိုးရတဲ့ အလွတ်တန်းပညာရှင်တွေ ရရှိဖို့အတွက် မိမိအနေဖြင့် အထူးဂရုပြု ရွေးချယ်ဖို့လိုအပ်ပါတယ်။ ဒီနေရမှာ ရွေးချယ်စရာအနေဖြင့် ဈေးအရမ်းချိုတဲ့ အလွတ်တန်းပညာရှင်တွေလည်း ရှိလာပြီပဲဖြစ်ပါတယ်။ သို့သော်လည်း အရမ်းဈေးချိုတဲ့ အလွတ်တန်းပညာရှင်ကိုပဲ ရွေးချယ်ဖို့မသင့်တော်ပါဘူး မိမိ လုပ်ငန်းအတွက် သတ်မှတ်ထားတဲ့ သင့်တော်တဲ့ ဘတ်ဂျက် အတွင်းမှာပဲ အကောင်းဆုံး ရှာဖွေငှားရမ်း သင့်ပါတယ်။ မငှားရမ်းခင်မှာလည်း သူ့ရဲ့ portfolio ကို စိတ်တိုင်းကျ သေသေချာချာ နှိုက်နှိုက်ချွတ်ချွတ်လေ့လာပါ။ ဒါမှသာ မိမိအနေဖြင့် ကိုယ်ငှားမယ့် အလွတ်တန်းပညာရှင် အပေါ်ကို များစွာ ယုံကြည်စိတ်ချနိုင်မှာဖြစ်ပါတယ်။

 အသေးစား ပရောဂျက်များနှင့်စတင်ပါ

သင်ဟာ ပထမဆုံးအကြိမ် အလွတ်တန်းပညာရှင်တွေနဲ့ စတင်လုပ်ကိုင်မယ်ဆိုရင် အချိန်အများကြီးပေးစရာ မလိုတဲ့ ပရောဂျက်အသေးစားလေးတွေနဲ့ စတင်ဖို့ ဆုံးဖြတ်သင့်ပါတယ်။ ဒီလို ပရောဂျက်အသေးစား လေးတွေနဲ့ စတင်ခြင်းဟာ အနာဂတ် ပရောဂျက်ကြီးတွေမှာ ငှားရမ်းမယ့် အလွတ်တန်းပညာရှင်တွေရဲ့ အရည်အချင်းကို အကဲဖြတ်နိုင်သလို သင့်ရဲ့လုပ်ငန်းနှင့် သင့်တော်မှု ကိုက်ညီမှု ရှိမရှိကိုလည်း ဆုံးဖြတ်နိုင်မှာဖြစ်ပါတယ်။ ဒါဟာ သင့်ရဲ့ လုပ်ငန်းအတွက်လည်း အမှားနည်းစေသလို အလွတ်တန်းပညာရှင်တွေရဲ့ အလုပ်လုပ်ပုံနှင့် အပြုအမူတို့ကိုပါ တခါတည်းလေ့လာနိုင်တာကြောင့် ယုံကြည်မှုတည်ဆောက်တဲ့နေရာမှာ များစွာအထောက်အကူဖြစ်စေပါတယ်။

 ပွင့်လင်းတဲ့ ဆက်ဆံရေးရှိပါစေ

အလွတ်တန်းပညာရှင် တစ်ယောက်ကို ရွေးချယ်ပြီးပြီဆိုပါစို့။ သင့်အနေဖြင့် ပြောဆိုဆက်ဆံပုံ (၂)မျိုးရှိပါတယ်။ ပထမတစ်ခုကတော့ Client ကောင်းတစ်ယောက်ဟာ အမြဲဂရုတစိုက်ရှိပါတယ် ဒါပေမယ့် အရမ်းထိန်းချုပ်တာမျိုး၊ မန်နေဂျာလို ကွတ်ကဲတာမျိုး မဟုတ်ပါဘူး။ ပရောဂျက်အတွက် သိထားသင့်တဲ့ အချက်တွေ၊ လိုအပ်တွေချက်တွေနဲ့ မျှော်မှန်းချက်တွေကို သင့်ရဲ့ အလွတ်တန်းပညာရှင်အား သေချာရှင်းပြထားပေးခြင်းဟာ ပိုမိုကောင်းမွန်ပါတယ်။ ဒါ့အပြင် အလွတ်တန်းပညာရှင်အား မရှင်းလင်းတာရှိပါက ပွင့်ပွင့်လင်းလင်း ပြောဆို မေးမြန်းနိုင်သည်ကိုလည်း ပြောပြထားသင့်ပါတယ်။ နောက်တစ်ချက်အနေဖြင့် လုပ်ငန်းစတင်ပြီး ထွက်ပေါ်လာတဲ့ ရလဒ်တွေအပေါ်မှာလည်း မိမိရဲ့ အမြင်ကို ပြောပြဖို့ တွန့်ဆုတ်မနေပါနှင့်။ ဒါမှသာ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ယုံကြည်မှုကို ပွင့်လင်းစွာ တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

သင့်ရဲ့ အလွတ်တန်းပညာရှင်ကို ပါတနာတယောက်လို သဘောထားပါ

ယုံကြည်မှုတည်ဆောက်ဖို့ နောက်ထပ် အကောင်းဆုံးနည်းလမ်းကတော့ အလွတ်တန်းပညာရှင်ကို သင့်ရဲ့ ပါတနာ တစ်ယောက်လို သတ်မှတ်ပေးခြင်းပဲဖြစ်ပါတယ်။ သူတို့ဟာ သက်ဆိုင်ရာ နယ်ပယ်မှာ ကျွမ်းကျင်သူ တွေဖြစ်တဲ့အတွက် သူတို့ရဲ့ တန်ဖိုးရှိလာလေ သင်ရဲ့လုပ်ငန်းအတွက်လည်း ပိုပြီး အဖိုးတန်လာလေပဲ ဖြစ်ပါတယ်။ ဒါကြောင့် အပြန်အလှန် ယုံကြည်မှု တည်ဆောက် ထားခြင်းဟာ ရှေ့ဆက်မယ့် အနာဂတ် ခရီးလမ်းတွေအတွက် များစွာအထောက်ကူပြုမှာဖြစ်ပါတယ်။

Contributed by Myat Min Lu@Kaung Thit,ChateSat's Freelancer
Ref: SpeedLancer