Change Language To -  မြန်မာ   

ချိတ်ဆက် website ကို အဆင့်မြှင့်တင်မှုအနေနဲ့ ထည့်သွင်းလိုက်တဲ့ Coin Payment System ကို စတင်အသုံးပြုလို့ရပါပြီဆိုတဲ့အကြောင်း သတင်းကောင်း ပါးချင်ပါတယ်။ Coin System ထည့်သွင်းလိုက်ခြင်းကြောင့် chatesat.com ကို အသုံးပြုနေကြတဲ့ လုပ်ငန်းရှင်(employer) တွေနဲ့ အလွတ်တမ်းပညာရှင်(freelancer) တွေအတွက် ငွေပေးချေတဲ့အပိုင်းမှာ အရင်ကထက် အချိန်ကုန်သက်သာပြီး အသုံးပြုရလွယ်ကူသွားမှာ ဖြစ်ပါတယ်။

Coin Payment System အကြောင်း အသေးစိတ်မပြောခင်မှာ အရင်က chatesat.com မှာ အသုံးပြုခဲ့တဲ့ ငွေပေးချေမှုပုံစံကို အရင်ပြောပြချင်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း လုပ်ငန်းရှင်(employer) က freelancer တစ်ယောက်ကို ရွေးချယ် Hire လုပ်ပြီးတဲ့နောက်မှာ project အတွက် ငွေပေးချေမှု (payment) လုပ်ရပါတယ်။ အဲဒီအခါမှာ chatesat ဘက်က invoice ပြင်ပြီးပို့ပေးတာ၊ ငွေလွှဲနိုင်ပြီဆိုတာကို ဖုန်းဆက်အကြောင်းကြားရတာ၊ bank အကောင့်ထဲမှာ transaction ကိုစစ်ရတာ စတာတွေအားလုံးကို manually လုပ်ခဲ့ရတာဖြစ်ပါတယ်။ Employer တွေနဲ့ Freelancer တွေဘက်မှာလဲ ဘဏ်မှာငွေလွှဲရတဲ့အပိုင်းနဲ့ မိမိရဲ့ chatesat အကောင့်မှာ transaction ကို မမြင်ရတဲ့အတွက် ဖုန်းဆက်ပြီး confirm ထပ်လုပ်ရတာ စတဲ့ အဆင်မပြေမှုတွေ အချိန်ကြန့်ကြာမှုတွေ ရှိခဲ့ပါတယ်။

အခုစတင်အသုံးပြုမယ့် coin system မှာတော့ ဒီအဆင့်တွေ အားလုံးကို ဖြုတ်ချပြီးတော့ payment လုပ်တဲ့အပိုင်းကို မိမိရဲ့ chatesat အကောင့်ထဲမှာပဲ တစ်ထိုင်တည်းလုပ်လို့ရမယ့် automated စနစ်ဖြစ်အောင်လုပ်ပေးထားပါတယ်။ Employer နဲ့ Freelancer နှစ်ဘက်လုံးက project အတွက် သဘောတူပြီးတဲ့နောက် Agree ခလုတ်ကို နှိပ်လိုက်တာနဲ့ payment အတွက် invoice ကို system က ချက်ချင်းထုတ်ပေးမှာဖြစ်ပါတယ်။ ငွေပေးချေဖို့အတွက်ကိုလဲ ဘဏ်ကိုသွားစရာမလိုပဲ iBanking, MPU စတဲ့ payment အမျိုးအစားတွေကိုသုံးပြီး website ပေါ်မှာတင် ငွေပေးချေနိုင်တော့မှာပါ။ ဒါ့အပြင် မိမိငွေအသွင်းအထုတ်ပြုလုပ်ထားတဲ့ transaction တွေကို မိမိအကောင့်ရဲ့ dashboard ထဲမှာ real time မြင်တွေ့နေရမှာဖြစ်ပါတယ်။


How to use (for Employers)

လုပ်ငန်းရှင်(employer) တွေက project အတွက် freelancer ကို hire လုပ်ထားပြီးတဲ့အခါ ပုံမှာ မြင်ရတဲ့အတိုင်း project တွေရဲ့ဘေးမှာ payment information အပြည့်အစုံနဲ့ download ထားလို့ရမယ့် invoice ကို မြင်တွေ့ရမှာပါ။ Project တစ်ခုချင်းစီကို click နှိပ်ပြီး ကြည့်နိုင်ပါတယ်။


 


Project အတွက် ငွေပေးချေမှုလုပ်တော့မယ်ဆိုရင် Pay now ကို နှိပ်ပြီးတော့ payment option ၃ခု (iBanking, MPU, Coin) ထဲက တစ်ခုခုကို ရွေးချယ်အသုံးပြုရမှာပါ။
iBanking ကိုအသုံးပြုမယ်ဆိုရင်တော့ ပုံထဲကအတိုင်း AYA, KBZ, CB bank တွေထဲက မိမိအသုံးပြုတဲ့ bank ကိုရွေးချယ်လိုက်ပြီဆိုရင် သက်ဆိုင်ရာ Bank ရဲ့ iBanking website ကနေတစ်ဆင့် ငွေပေးချေနိုင်ပါတယ်။
 


 


MPU နဲ့ ငွေပေးချေမယ်ဆိုရင်တော့ ပုံထဲကအတိုင်း MPU Gateway webpage ကိုရောက်သွားမှာဖြစ်ပြီး အဲဒီကနေတစ်ဆင့် ငွေပေးချေရမှာပါ။
 


 


Coin ဆိုတာကတော့ iBanking, MPU တို့နဲ့ ငွေကြိုထည့်ထားလို့ရမယ့် အကောင့်တစ်ခုဖြစ်ပါတယ်။  project တစ်ခါတင်မှ တစ်ခါ iBanking, MPU နဲ့ ငွေလွှဲလို့ရသလို project တွေများတဲ့အခါမျိုးမှာ credit အနေနဲ့ ငွေကြိုထည့်ထားပြီးမှ အဲဒီထဲကနေတစ်ဆင့် ငွေချေလို့လဲရပါတယ်။ Project အတွက် iBanking, MPU ကနေတစ်ဆင့် ငွေချေတဲ့အခါ အစွန်းထွက်ပိုနေတဲ့ ငွေတွေက Coin အကောင့်ထဲမှာ ရောက်နေမှာပါ။
Coin အကောင့်ထဲကို ငွေဖြည့်ထားလို့ရသလို အဲဒီအထဲမှာရှိနေတဲ့ ငွေကိုလဲ အလွယ်တကူပြန်ထုတ်လို့ရပါတယ်။ Coin အကောင့်ကိုတော့ ပုံထဲမှာမြင်ရတဲ့အတိုင်း မိမိရဲ့ dashboard ထဲမှာ မြင်ရမှာပါ။
 


 


Coin Balance မှာ view details ကို နှိပ်လိုက်မယ်ဆိုရင် Coin information page ကိုရောက်သွားမှာဖြစ်ပြီးတော့ Coin အကောင့်ထဲကို ငွေဖြည့်တာ ငွေထုတ်တာတွေကို လုပ်လို့ရမှာပါ။ အဲဒီအောက်မှာတော့ မိမိအကောင့်အတွင်းမှာ လုပ်ထားသမျှ transaction record တွေကို စစ်ဆေးနိုင်ပါတယ်။
 


 


How to use (for Freelancers)

Freelancer တွေအနေနဲ့ကတော့ project ပြီးသွားတဲ့အချိန် confirm ဖြစ်သွားပြီဆိုတာနဲ့ မိမိရဲ့ Coin အကောင့်ထဲကို ငွေဝင်လာမှာပါ။ Coin Balance ထဲကနေ ငွေထုတ်ယူဖို့ကိုတော့ withdraw ခလုတ်ကိုနှိပ်ပြီး မိမိရဲ့ Bank အကောင့်ကနေတစ်ဆင့်ထုတ်ယူနိုင်ပါတယ်။ မိမိရဲ့ coin အကောင့်ထဲမှာတော့ Coin System ကို activate ဖြစ်နေရန်အတွက် လက်ကျန်ငွေ အနည်းဆုံး ၁၀၀၀ ကျပ်ချန်ထားပေးရမှာ ဖြစ်ပါတယ်။



Coin Payment System ကို လက်ရှိမှာ iBanking, MPU တို့နဲ့ပဲ အသုံးပြုနိုင်သေးပေမယ့် Master, Visa တို့နဲ့လဲ မကြာမီ အသုံးပြုလို့ရတော့မှာဖြစ်ပါတယ်။