Change Language To -  မြန်မာ   

Skill Test for Freelance Translators

56 times  

  Posted on

What is Skill Test?

ချိတ်ဆက် Freelancer တွေထဲမှာ ကိုယ့် Skill Level ဘယ်လောက်ရှိလဲဆိုတာ သေချာသိချင်တဲ့သူရှိလား?
Skill Test Program ဟာ ချိတ်ဆက်မှ Freelancer တွေအတွက် စတင် မိတ်ဆက်လိုက်သော Program တစ်ခု ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာတော့ မိမိအရည်အသွေးကို သေချာစွာဆန်းစစ်သိရှိလိုသော Freelancerများနှင့် မိမိအရည်အချင်းကိုယုံကြည်စွာထုတ်ဖော်လိုသူ Freelancerများကပါဝင်နိုင်မှာဖြစ်ပါတယ်။
Freelancerများအနေနဲ့ အရည်အချင်းစစ်စာမေးပွဲတခုကို ရိုးရှင်းစွာဖြေဆိုရမှာဖြစ်ပြီး ဖြေဆိုအောင်မြင်တဲ့ Freelancerများအတွက် ချိတ်ဆက်မှာရှိတဲ့ Projectတွေပိုမိုရရှိနိုင်မယ့် အခွင့်အရေးတွေအတွက် အရည်အချင်းထောက်ခံချက်ပါ တစ်ပါတည်းရရှိမှာဖြစ်ပါတယ်။ ဒါကြောင့် အလုပ်ရှင်များဘက်မှလည်း Skill Test မှာအောင်မြင်ပြီးသား Freelancer များရဲ့ စစ်မှန်တဲ့အရည်အချင်းများကို ယုံကြည်စိတ်ချစွာဖြင့် အလုပ်အပ်နှံနိုင်မှာဖြစ်ပါတယ်။
 

Skill Test for Freelance Translators

ချိတ်ဆက်နဲ့လက်တွဲကာ Freelance Translatorများရဲ့ အရည်အချင်းတွေကိုစစ်ဆေးပေးမယ့် Partner ကတော့ Peak Point Academy ပါ။ ဒီအစီအစဉ်ဟာ ချိတ်ဆက်မှာရှိတဲ့ များပြားလှတဲ့ Freelancer တွေအနက်မှ Freelance Translator တွေအတွက် ဦးဦးဖျားဖျားအခွင့်အရေး ဖြစ်လာမှာပါ။ Peak Point Academy ဟာ ဘာသာပြန်ကောင်းတွေကိုမွေးထုတ်ပေးရာကျောင်းတစ်ကျောင်းဖြစ်ပါတယ်။ ဒါကြောင့် Skill Test Program မှာပါဝင်သူများဟာ ရလာတဲ့ Result ပေါ်မူတည်ပြီး Profile ပေါ်မှာ အရည်အချင်းစစ်စာမေးပွဲမှ ရရှိတဲ့ level အတိုင်း ဖော်ပြပေးခြင်း ခံရပြီး အောင်မြင်ကြောင်းထောက်ခံချက်ပါရရှိမှာ ဖြစ်ပါတယ်။

Freelance Translator တွေအတွက် ပထမဆုံး ဖြေဆိုရန်စီစဉ်ပေးထားတဲ့ ဘာသာရပ်တွေကတော့ 
➡️ English to Myanmar Translation Test နဲ့ 
➡️ Myanmar to English Test ဆိုပြီး နှစ်မျိုးခွဲခြားထားပါတယ်။

ဒီစာမေးပွဲတွေကိုတော့ လစဉ်လတိုင်းစီစဉ်သွားဖို့ရှိပြီး ပထမဆုံးအနေနဲ့ ဇူလိုင်လ၁၂ရက်နေ့မှာ စတင်ဖြေဆိုနိုင်မှာဖြစ်ပါတယ်။ လာရောက်ဖြေဆိုမယ့်သူတွေအဆင်ပြေစေဖို့ အချိန် ၃ချိန်ခွဲထားပီး အဆင်ပြေမယ့်အချိန်တွေမှာလာရောက်ဖြေဆိုနိုင်ပါတယ်။ နောက်ပိုင်းမှာ အများအဆင်ပြေစေရန် online ပေါ်မှဖြေဆိုသွားနိုင်ရန်လည်းစီစဉ်ဆောင်ရွက်နေပါတယ်။

စာမေးပွဲကြေးကိုတော့ English to Myanmar Translation Test ကို 15,000 ကျပ်ဖြင့်လည်းကောင်း ၊ Myanmar to English Translations Test ကို 19,000 ဖြင့်လည်းကောင်း ပေးသွင်းဖြေဆိုနိုင်မှာဖြစ်ပါတယ်။ ဖြေဆိုရန်စိတ်ပါဝင်စားသူများအနေနဲ့ ယခုပဲ ဒီ Link goo.gl/tq6b4G မှာစာရင်းပေးသွင်းနိုင်ပါပြီ။

#ChateSat #1FreelancePlatform #SkillTest #PeakPoint #Translator