Change Language To -  English   

Tech Update (April 2018)

132 times  

  Posted on
  Tags : #technology

 

ချိတ်ဆက် Website မှာ အသုံးပြုသူတွေ ပိုအဆင်ပြေစေဖို့ အောက်ပါ နည်းပညာအပြောင်းအလဲတွေ ထပ်လုပ်ပေးထားပါတယ်။

 

၁။ Search Box on Project Dashboard (for employers and freelancers)

အခုဆိုရင် Project Dashboard မှာ project တွေကို ရှာဖွေရလွယ်ကူအောင် Search လုပ်လို့ရမယ့် Search Options လေး ထပ်ထည့်ပေးထားပါတယ်။
အဲဒီ Search ကနေ project တွေကို အလွယ်တကူရှာလို့ရမှာ ဖြစ်ပါတယ်။ Employer တွေရော Freelancers တွေရော အသုံးပြုလို့ရမယ့် Feature ပါ။


၂။ Find Freelancer UI Changes (for employers)

Employer တွေက freelancer တွေရှာတဲ့အခါ အသုံးပြုတဲ့ Find Freelancer page ရဲ့ ပုံစံ (User Interface) ကို ပြောင်းလဲထားပါတယ်။
ပြီးတော့ Freelancers တွေကို ရှာတဲ့နေရာမှာ ပိုမိုအဆင်ပြေရန် နှင့် အသေးစိတ်ရှာလို့ရအောင် Filters တွေ ထပ်ထည့်ပေးထားပါတယ်။


၃။ Hiding Portfolio (for freelancers)

အခုဆိုရင် Freelancer တွေရဲ့ Portfolio တွေကို Freelancer အချင်းချင်း ကြည့်ခွင့်မရှိတော့တာဖြစ်ပြီး ကျန်တဲ့ info တွေကိုတော့ အရင်အတိုင်း ကြည့်လို့ရမှာ ဖြစ်ပါတယ်။
မိမိကိုယ်တိုင်နဲ့ Employer တွေ က ပုံမှန်အတိုင်း Information အစုံအလင် ကိုကြည့်လို့ရမှာ ဖြစ်ပါတယ်။