Change Language To -  မြန်မာ   

ချိတ်ဆက် website မှာ Coin Payment System ထည့်သွင်းခြင်းနဲ့ အတူ အောက်ပါ နည်းပညာအပြောင်းအလဲ အချို့ကိုလဲ ပြုလုပ်ပေးထားပါတယ်။

 

၁။ Myanmar Language as Default

Chatesat.com ကို စပြီးဝင်လိုက်တဲ့ အချိန်မှာ သတိထားမိကြမှာပါ။ အရင်က English Language နဲ့ပဲ မြင်နေရတာကနေ အခုတော့ Myanmar Language ကို Default အနေနဲ့ မြင်ရအောင် လုပ်ပေးထားပါတယ်။ English လို အသုံးပြုချင်တယ်ဆိုရင်လဲ ညာဘက်အပေါ်ထောင့်က Language option မှာ အလွယ်တကူ ပြောင်းလဲနိုင်ပါတယ်။

 


၂။ Employer Project Agreement

Employer တွေအနေနဲ့ မိမိရဲ့ project အတွက် Freelancer တစ်ယောက်ကို ရွေးချယ် Hire လုပ်လိုက်တဲ့အခါမှာ Employer Project Agreement page ကို ပြသမှာဖြစ်ပါတယ်။ Project အတွက် Freelancer ကို ငှါးရမ်းအသုံးမပြုခင်မှာ စည်းမျဉ်းစည်းကမ်း Terms and Conditions တွေကို သိရှိစေရန်အတွက် ဒီအဆင့်ကို ထပ်မံထပ်သွင်းထားတာ ဖြစ်ပါတယ်။


 


၃။ Endorsement Request (Freelancer)

Endorsement request ဆိုတဲ့ ခလုတ်လေးကိုတော့ Dashboard ထဲက Freelancer တွေရဲ့ Profile အောက်မှာ တွေ့မြင်ရမှာပါ။ အကယ်၍ Freelancer တစ်ယောက်ဟာ ချိတ်ဆက်နဲ့ လက်တွဲထားတဲ့ သင်တန်းကျောင်းတစ်ခုခုဆီက ထောက်ခံချက်ရရှိထားတဲ့ သင်တန်းဆင်းတစ်ယောက်ဆိုရင် Endorsement ရရှိဖို့ ဒီခလုတ်ကိုနှိပ်ပြီး request လုပ်နိုင်မှာဖြစ်ပါတယ်။ Emdorsement Program အကြောင်းကိုတော့ ဒီမှာ ဖတ်ရှုနိုင်ပါတယ်။


 


၄။ Request Completion (Freelancer)

Freelancer တွေအနေနဲ့ မိမိလုပ်ဆောင်နေတဲ့ Project တွေ ပြီးမြောက်သွားတဲ့အခါမှာ အရင်လို ချိတ်ဆက်ကို ဖုန်းဆက်ပြီး ဆက်သွယ်နေစရာမလိုတော့ပဲနဲ့ မိမိပြီးမြောက်သွားတဲ့ project ရဲ့ဘေးက Request Completion ဆိုတဲ့ ခလုတ်ကို နှိပ်ပြီး အလုပ်ရှင်(employer) ဆီကို တိုက်ရိုက် request လုပ်နိုင်တော့မှာ ဖြစ်ပါတယ်။


 


၅။ Cancellation Reason (Employer, Freelancer)

Employer တွေ အနေနဲ့ ချိတ်ဆက် website မှာ project တင်ထားပြီးတဲ့နောက် အကြောင်းအမျိုးမျိုးကြောင့် project ကို cancel လုပ်ရတဲ့အခါ အကြောင်းပြချက် (cancellation reason) ပေးရပါတယ်။ ဒီနေရာမှာ အရင်က reason ရေးထည့်ဖို့ နေရာတစ်ခုပဲ ပေးထားပေမယ့် အခုအချိန်မှာတော့ လွယ်ကူစွာရွေးချယ်နိုင်စေဖို့ common reason တစ်ချို့ကို ထည့်သွင်းပေးထားပါတယ်။
Freelancer တွေအနေနဲ့ မိမိ apply ထားတဲ့ project ကို အကြောင်းအမျိုးမျိုးကြောင့် cancel လုပ်ရတဲ့ အချိန်မှာလဲ လွယ်ကူစွာရွေးချယ်နိုင်စေဖို့ အလားတူ common reason တစ်ချို့ကို ထည့်သွင်းပေးထားပါတယ်။