Change Language To -  English   
ဝက်ဘ်ဆိုဒ် အလုပ်လုပ်ပုံ

ချိတ်ဆက် တွင် လူရှာခြင်း နှင့် အလုပ်ရှာခြင်း အကျဉ်းချုပ်





ပရောဂျက် ရှာမယ်။

ချိတ်ဆက်ကို ခုမှ စသုံးတာဆိုရင်တော့ ချိတ်ဆက် မှာ အကောင့်တစ်ခု ဖွင့်ထားဖို့ လိုအပ်ပါတယ်။ Sign Up လုပ်ပြီး အကောင့်တစ်ခုကို အခမဲ့ မှတ်ပုံတင်လိုက်ပါ။ ပြီးရင်တော့ ကိုယ့်ရဲ့ ကိုယ်ပိုင် profile လေး တစ်ခုကိုလည်း သေချာ တည်ဆောက်ထားပါ။ Sign Up လုပ်ပြီး သွားပြီလား ? ဒါဆိုရင်တော့ အကောင့်ထဲ Log In ဝင်ပြီး ပရောဂျက် တွေ ကြည့်လို့ ရပါပြီ။

  • ချိတ်ဆက်မှာ လျှောက်လို့ ရတဲ့ ပရောဂျက် အရေအတွက်ဟာ ရာကျော်ရှိပြီး ရွေးချယ်စရာ အလုပ်အမျိူးအစား အများကြီး ရှိပါတယ်။
  • ကိုယ်ကျွမ်းကျင်တဲ့ အတတ်ပညာနဲ့ အရင်တုန်းက လုပ်ခဲ့ဖူးတဲ့ အလုပ်အတွေ့အကြုံတွေကို ဖော်ပြပေးထားမယ်ဆိုရင် အလုပ်လျှောက်ဖို့အတွက် အဆင်သင့် ဖြစ်ပါပြီ။

Tip : နောက်နောင်မှာ ကိုယ်နဲ့ ကိုက်ညီမဲ့ ပရောဂျက်တွေ ရောက်လာရင် email နဲ့ အကြောင်းကြားပေးသွားမှာ ဖြစ်ပါတယ်။

ပရောဂျက် လျှောက်မယ်။

ကိုယ်ရဲ့ အတတ်ပညာ တွေနဲ့ ကိုက်ညီတဲ့ ပရောဂျက် တစ်ခုကို တွေ့ပြီဆိုရင်တော့ တစ်ခါတည်း ဝင်လျှောက်လိုက်ပါတော့။

  • ပရောဂျက် ကို ဝင်ပြီး bid လုပ်လိုက်ပါ။ လျှောက်မဲ့ project အတွက် အချိန်ဘယ်လောက် ပေးနိုင်မယ်၊ ဘတ်ဂျက်ဘယ်လောက်ကျမလဲ ဆိုတာတွေ ထည့်ရေးပေးပါ။
  • Poject တစ်ခုကို ဝင်လျှောက်တော့မယ်ဆိုရင် ကိုယ်ဟာ အဲ့ project အတွက် ဘာကြောင့် အသင့်တော်ဆုံး ဖြစ်တယ်ဆိုတာကို သေချာလေးရေးပေးပါ။ ရေးပေးရပါမယ်။

Tip : Project proposal ကို အမြဲတမ်း ကြည့်လို့ကောင်းနေအောင်၊ ဆွဲဆောင်မှု ရှိနေအောင် ပြင်ဆင်ပါ။ ဘာလို့လဲဆိုတော့ လျှောက်တဲ့သူတွေ အများကြီးထဲမှာ ကိုယ်က ပိုပြီး ထင်ပေါ်နေအောင်လို့ပါ။

လူရွေးတာ စောင့်မယ်

ကိုယ်တင်လိုက်တဲ့ လန်ထွက်နေတဲ့ လျှောက်လွှာ နဲ့ အလန်းစား profile ကိုကြည့်ပြီး အလုပ်ရှင်ဘက်က လူရွေးမှာ ဖြစ်ပါတယ်။

  • ဝင်လျှောက်ပြီးတာနဲ့ အလုပ်ရှင်က လျှောက်လွှာတွေအားလုံး ကို နှိုင်းယှဉ်ကြည့်ပါလိမ့်မယ်။
  • အကယ်လို့ အရွေးခံရပြီ၊ ဒါမှမဟုတ် အင်တာဗျူးခေါ်ခံရတယ်ဆိုရင်တာ့ ချိတ်ဆက်ကနေ အရွေးခံရကြောင်း ဒါမှမဟုတ် အင်တာဗျူးအချိန်နဲ့နေရာတွေအကြောင်း အီးမေးလ် လက်ခံရရှိပါလိမ့်မယ်။။

Tip : ပရောဂျက်ရရင် အီးမေးလ်ကနေတစ်ဆင့် အကြောင်းကြားပေးမှာ ဖြစ်လို့ အီးမေးလ် မကြာမကြာ စစ်ကြည့်ဖို့တော့ မမေ့နဲ့နော် !

ပရောဂျက် စလုပ်မယ်။ ပိုက်ဆံစုမယ်။

ကိုယ်ဟာ အရွေးးခံရပြီဆိုရင်တော့ ကိုယ့်အလုပ်ရှင်နဲ့ စပြီး အလုပ်အကြောင်းကို workroom မှာဆွေးနွေးလို့ ရပါတယ်။

  • Workroom ဆိုတာကတော့ ပရောဂျက်နဲ့ပတ်သတ်တဲ့အကြောင်းအရာတွေအတွက် အလုပ်ရှင်နဲ့ message ပို့တာတို့၊ ဆွေးနွေးတာတို့ လုပ်နိုင်တဲ့ နေရာလေးတစ်ခုပါ။ Workroom မှာ file တွေပါ မျှဝေ လို့ ရတဲ့အတွက် လွယ်လွယ်ကူကူ၊ အချက်အလက်ပြည့်ပြည့်စုံစုံနဲ ဆွေးနွေးနိုင်မှ တော့ website ကနေတောင် မထွက်ဘဲ့အလုပ်လုပ်လို့ရပါတယ်။
  • အလုပ်ရှင်က ပရောဂျက် တစ်ခု စတင်ပြီဆိုတာနဲ့ ကုန်ကျမဲ့ငွေကြေးပမာဏကို ချိတ်ဆက်ကို အပ်နှံပြီးဖြစ်ပါတယ်။ အလုပ်လုပ်နေချိန် ချိတ်ဆက်ကထိန်းသိမ်းထားပေးပြီး Payment ကိစ္စကို စိတ်မပူရတော့ဘူးဆိုတော့ နိုင်ငံရပ်ခြား တနယ်တကျေးက ပရောဂျက်ဆိုလည်း အေးဆေးပဲလေ။

Tip : ပရောဂျက်ပြီးတာနဲ့ လုပ်ရည်ကိုင်ရည်ပေါ်မူတည်ပြီး လုပ်ငန်းရှင်ဘက်က Review တွေ Rating တွေပေးမှာပါ။ ချောချောမွေ့မွေ့ပြီးမြောက်ပြီးတာနဲ့ ချက်ချင်း အကောင့်ထဲကို ငွေပြန်လွှဲပေးတော့ အားလပ်ချိန်မှာ အပိုဝင်ငွေတွေစုမိပြီပေါ့။