Change Language To -  English   
Terms & Conditions





  1. လိုက်နာရန် စည်းမျဉ်းစည်းကမ်းများ

    အောက်တွင် ဖော်ပြထားချက်များသည် chatesat.com ကိုသင် အသုံးပြုမည် ဆိုပါက လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ ဖြစ်ပြီး “သင်” ဆိုသည်မှာ Freelancerများ ကို ရည်ရွယ်သုံးနှုန်း ခြင်းဖြစ်၍ နောက်ထပ် စာမျက်နှာများတွင် “chatesat.com” ကို (ချိတ်ဆက် သို့မဟုတ် ကျွနု်ပ်တို့ဟု ) ရည်ရွယ် သုံးနှုန်းသွားမည်ဖြစ်သည်။ ဤ website ကို သင်အသုံးပြုမည်ဆိုပါက အောက်ပါ စည်းမျဉ်းစည်းကမ်းများကို သေချာစွာ ဖတ်ရှု၍ နားလည်လက်ခံရန် လိုအပ်ပါသည်။ အကယ်၍ အောက်ပါ အချက်အလက် စည်းမျဉ်းစည်းကမ်း များကို သဘောမတူပါက ဤ website ကို မသုံးပြုရန် မေတ္တာရပ်ခံပါသည်။


  2. ပြင်ဆင်မှု နှင့် ထပ်မံ ထည့်သွင်းချက်များ
    ချိတ်ဆက် သည် တစ်ဦးတည်းဆုံးဖြတ်ပိုင်ခွင့်အရ အောက်ပါ အရာများကို အချိန်နှင့်အမျှ ဆောင်ရွက်နိုင်သည်။
    1. ဤ သဘောတူညီမှုကို ပြင်ဆင်ဖြည့်စွက်နိုင်ခြင်း နှင့်
    2. ဤ သဘောတူညီမှု တွင် လိုအပ်သော စည်းမျဉ်းစည်းကမ်းများကို ထပ်မံ ထည့်သွင်းခြင်း စသည်တို့ဖြစ်သည်။ အထက်ပါ ပြင်ဆင်ဖြည့်စွက်ထားသော၊ ထပ်မံထည့်သွင်းထားသော စည်းမျဉ်းစည်းကမ်းများကို စတင်အသက်ဝင်သော နေ့မှစ၍ website ပေါ်တွင် ထုတ်ပြန်သွားမည်ဖြစ်သည်။

    အကယ်၍ သဘောတူညီချက်ကို ပြင်ဆင်ဖြည့်စွက်ထားသော အချက်အလက်များရှိပါက ကျွနု်ပ်တို့မှ အကြောင်းကြားသွားမည် ဖြစ်ပါသည်။ အဆိုပါပြင်ဆင်မှုများ အပြီး Website ကို ဆက်လက်အသုံးပြုနေပါက သင်သည် ပြင်ဆင်ဖြည့်စွက်ထားသော အချက်အလက်များကို နားလည်လက်ခံ သဘောပေါက်ပြီး ဖြစ်သည်ဟု ကျွနု်ပ်တို့မှ ယူဆပါသည်။


  3. တားမြစ်ထားသော အပြုအမူများ
    1. ချိတ်ဆက်နှင့် သဘောတူညီထားသော သဘောတူညီချက်များကို ဖောက်ဖျက်ခြင်း။
    2. ဥပဒေကို ချိုးဖောက်ခြင်း (သို့မဟုတ်) ဥပဒေနှင့် မကိုက်ညီသော ဝန်ဆောင်မှု များကို ပြုမူဆောင်ရွက်စေခြင်း။
    3. ဆောင်ရွက်နေသော ဝန်ဆောင်မှုများကို အနှောင့်အယှက်ပေးခြင်း။
    4. ချိတ်ဆက်သို့ မှားယွင်းသော၊ မတိကျသော သတင်းအချက်အလက်များပေးခြင်း။
    5. ချိတ်ဆက်မှ ခွင့်ပြုချက်မရပဲ Website တွင် ဖော်ပြထားသည်ထက်ပိုသောလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း။
    6. ဆောင်ရွက်နေသော အလုပ်မှ အလုပ်အပ်နှံသူ ၏ အီးမေးလ်၊ ဖုန်းနံပတ်အစ ရှိသော ပုဂ္ဂိုလ်ရေးရာ အချက်အလက်များ မေးမြန်းစုံစမ်းခြင်း။
    7. လိပ်စာ၊ ဆိုရှယ်မီဒီယာအကောင့် ၊ အီးမေးလ်လိပ်စာ စသည့် ပုဂ္ဂိုလ်ရေးရာ အချက်အလက်များကို အလုပ်အပ်နှံသူ များအား ပေးခြင်း၊ပြောပြခြင်း။
    8. အလုပ် နှင့်ပတ်သက်သော သတင်းအချက်အလက်များကို သဘောတူညီမှု မရခင် အလဲအလှယ် လုပ်ခြင်း။
    9. ချိတ်ဆက်၏ Freelancers များနှင့် တွေ့ဆုံ အင်တာဗျူးရာတွင်လည်းကောင်း၊ စကားပြောဆိုရာတွင်လည်းကောင်း သဘောတူညီထားသော အချက်အလက်များကို ဖောက်ဖျက်ခြင်း။
    10. ချိတ်ဆက်၏ ခွင့်ပြုချက်မရပဲ ချိတ်ဆက်ပြင်ပတွင် Freelcancer များနှင့် ငွေပေးချေမှုများပြုလုပ်ခြင်း။

  4. ဝန်ဆောင်မှုအပြောင်းအလဲများ ပြုလုပ်ခြင်း
    ချိတ်ဆက် သည် တစ်ဦးတည်းဆုံးဖြတ်ပိုင်ခွင့်အရ သင့်ကို ကြိုတင်အကြောင်းကြားခြင်း မရှိပဲ အောက်ပါဆောင်ရွက်ချက်များကို အချိန်နှင့်အမျှ ဆောင်ရွက်နိုင်သည်။
    1. Website တွင်ဖော်ပြထားသော လက်ရှိဝန်ဆောင်မှုများ သို့မဟုတ် အချိူ့သော အစိတ်အပိုင်းများတွင် ဝန်ဆောင်မှု အသစ်များ ထည့်သွင်းခြင်း ၊ ပယ်ဖျက်ခြင်း ၊ ဆက်လက်မဆောင်ရွက်ခြင်း။
    2. ဝန်ဆောင်မှု သို့ ဝန်ဆောင်မှု တစ်စိတ်တစ်ပိုင်း ၏ အသုံးပြုမှု ဈေးနှုန်းများပြောင်းလဲသတ်မှတ်ခြင်း။

  5. သင်၏ အကောင့်
    1. သင်၏ Profile နှင့် ဝက်ဆိုဒ်တွင် ဖော်ပြထားသော မှတ်ပုံတင်ခြင်းဆိုင်ရာ ပုံစံများ အတွက် တိကျမှန်ကန်သော၊ ပြည့်စုံသော သတင်းအချက်အလက်များ ကို အချိန်နှင့်အမျှ ထောက်ပံ့ပေးရန် လိုအပ်ပါသည်။
    2. မှတ်တမ်းများ နှင့် သတိပေးစာ များကို ကျွနု်ပ်တို့မှ သင့်ထံသို့ အချိန်မီ ပေးပို့ရန် အတွက် သင်၏ အီးမေးလ်လိပ်စာ သို့မဟုတ် ကိုယ်ရေးကိုယ်တာ အချက်အလက်များ အပြောင်းအလဲ တစ်စုံတစ်ရာပြုလုပ်ပါက ကျွနု်ပ်တို့ Website တွင် အပြောင်းအလဲ ပြုလုပ်၍ ဖြစ်စေ Customer Support သို့တိုက်ရိုက်ဆက်သွယ်၍ ဖြစ်စေ ဆက်သွယ်ပြောဆို ပြောင်းလဲရန် လိုအပ်ပါသည်။

  6. အလုပ်ဖျက်သိမ်းရာတွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ
    1. အကြောင်းအမျိုးမျိူးကြောင့် လက်ခံထားသော Project ကို ဖျက်သိမ်းလိုပါက ချိတ်ဆက် သို့ ကြိုတင်အကြောင်းကြားရမည်။
    2. အလုပ်ဖျက်သိမ်းရန်အကြောင်းကြားပြီးပါက မိမိလုပ်ကိုင်ဆဲ အလုပ်များနှင့် သတင်းအချက်အလက်များကို ချိတ်ဆက်သို့ ဆက်သွယ်အကြောင်းကြား ပြောဆိုရမည်/ ပေးအပ်ရမည်။
    3. အလုပ်ဖျက်သိမ်းရန် ကြိုတင်အကြောင်းကြားခြင်း တစ်စုံတစ်ရာမရှိပဲ ပရောဂျက်ကို ဆက်လက်လုပ်ကိုင်ရန် ပျက်ကွက်ခဲ့ပါက ပျက်ကွက်လျော်ကြေးအဖြစ် အဆိုပါ Project ငွေကြေးပမာဏ ၏ ၂၅ ရာခိုင်နှုန်းကို ချိတ်ဆက်သို့ ပေးအပ်ရမည် ဖြစ်သည်။ အကယ်၍ အဆိုပါ ပျက်ကွက်လျော်ကြေးကို ပေးအပ်ရန် ပျက်ကွက်ခဲ့ပါက ချိတ်ဆက်မှ Black Listed Freelancer (နာမည်ပျက်) အဖြစ်သတ်မှတ်သွားမည်ဖြစ်သည်။

  7. လုံခြုံမှု နှင့် စကားဝှက်
    1. ချိတ်ဆက်သို့ သင်မှတ်ပုံတင်ဝင်ရောက်သည့် အခါ ၊ စကားဝှက်တစ်ခု ဖန်တီးရန်လိုအပ်ပါသည်။ လိမ်လည်ခံရမှုများ မတွေ့ကြုံရစေရန် သင်၏ စကားဝှက် ကို အခြားမည်သူတစ်ဦးတစ်ယောက်ကို သိရှိပေးအပ်ထားခြင်းမပြုရန် ကျွနု်ပ်တို့မှ တိုက်တွန်းပြောကြားလိုပါသည်။
    2. သင်၏ မေ့လျောပေါ့ဆမှု ကြောင့် စကားဝှက် ပေါက်ကြားမှုများ ဖြစ်ပါက ကျွနု်ပ်တို့မှ တစ်စုံတစ်ရာ တာဝန်ယူမည်မဟုတ်ပါ။

  8. ဝန်ဆောင်ခ များ
    1. Freelancer များအတွက် chatesat.com သို့ အခမဲ့ မှတ်ပုံတင်နိုင်ပြီး အလုပ်လုပ်ကိုင်ရမှသာ ရရှိသော လုပ်အားခ၏ ၁၀ ရာခိုင်နှုန်းကို ဝန်ဆောင်ခအဖြစ် ချိတ်ဆက်သို့ ပေးသွင်းရမည်ဖြစ်သည်။
    2. အလုပ်အပ်နှံသူထံမှ အလုပ်ပြီးမြောက်ကြောင်း အကြောင်းကြားမှု ရရှိသည်နှင့် တစ်ပြိုင်နက် ချိတ်ဆက်မှ Freelancer ရရှိမည့် လုပ်အားခ ကို လွှဲပြောင်းပေးသွားမည်ဖြစ်သည်။
    3. ချိတ်ဆက်အနေဖြင့် ပေးအပ်သောတာဝန်များကို ပြီးပြည့်စုံအောင် ဆောင်ရွက်မှသာ ရရှိမည့်လုပ်အားခကို လွှဲပြောင်းပေးအပ်သွားမည်ဖြစ်သည်။
    4. ချိတ်ဆက်အနေဖြင့် Freelancer များ၏ ရရှိသည့် ဝင်ငွေ အပေါ် အခွန်ကောက်ခံထားခြင်း မရှိသည့် အတွက် ဝင်ငွေခွန်ဆောင်ရန်မှာ Freelancer များ၏ တာဝန်သာ ဖြစ်သည်။