4491
အခုဆိုရင် Freelancer တွေက ပရောဂျက်တစ်ခုကိုဝင်လျှောက်လိုက်ရင် အလုပ်တင်ထားတဲ့ အလုပ်ရှင် နဲ့ ပရောဂျက်အကြောင်းကို တိုက်ရိုက် ဆွေးနွေးမှုများ ပြုလုပ်နိုင်မဲ့ Discussion Room လေးထည့်ထားပေးပါတယ်။ ဒီ Discussion Room လေးကဆိုလျှင် လုပ်ငန်းရှင်တွေအနေနဲ့လည်း ကိုယ်တင်ထားတဲ့ ပရောဂျက်အောက်မှာဝင်လျှောက်ထားတဲ့ freelancer တွေနဲ့ အပါအဝင် Group Chat လုပ်လို့ရမဲ့ ပုံစံမျိုးလေးဖြစ်ပါတယ်။
ကိုယ်က website ကိုအသုံးမပြုတဲ့အချိန်မှာ Discussion room ထဲတွင် တစ်ဦးဦးက ဝင်ရောက်ဆွေးနွေးထားတာမျိုးရှိခဲ့လျှင် ကိုယ့်က website ကိုပြန်ဝင်သုံးတဲ့အခါ dashboard မှာ Notification မြင်တွေ့ရမှာဖြစ်ပါတယ်။
ချိတ်ဆက်ရဲ ့ပင်မစာမျက်နှာကိုလည်း ပိုမိုဆန်းသစ်တဲ့ဒီဇိုင်းမျိုး ပြောင်းလဲထားတာကို အားလုံးသတိပြုမိကြမှာပါ။
ဒါ့အပြင် အခုမှ website ကို စတင်အသုံးပြုမဲ့လုပ်ငန်းရှင်တွေအနေနဲ့ ပရောဂျက်တင်ရတာပိုမိုလွယ်ကူအောင် ချိတ်ဆက်ရဲ့ ပင်မစာမျက်နှာမှာရှိတဲ့ “Post a project” ခလုတ်လေးကိုပဲဖြစ်ဖြစ် Category တွေပြထားပေးတဲ့ ပုံလေးတွေကိုပဲ ဖြစ်ဖြစ် နှိပ်လိုက်လျှင် ပေါ်လာတဲ့ မေးခွန်းလေးတွေကို တစ်ဆင့်ချင်းဆီဖြည့်ပေးလိုက်ရုံနဲ့ ပရောဂျက်တင်လို့ရအောင်လည်း လုပ်ထားပေးပါတယ်။
© 2016-2022 Technoholic Pte.Ltd . All rights reserved.