keyboard_arrow_left Back to blogs

စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ Freelancer သုံးရင် ရရှိမဲ့ အကျိုးအမြတ် (၅)ခု

# freelancing
visibility

681


စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ Freelancer သုံးရင် ရရှိမဲ့ အကျိုးအမြတ် (၅)ခု 


(1) ဈေးနှုန်း သင့်လျော်ခြင်း 
အချိန်ပြည့်ဝန်ထမ်းတွေ တန်းစီရှိနေတာ ကောင်းသလို အတူတွဲပြီး မိသားစုဆန်ဆန် အလုပ်လုပ်ရတာလည်း ကောင်းပါတယ်။ ဒါပေမဲ့ တစ်ချို့အလုပ်တွေအတွက်ကတော့ freelancer ငှားသုံးတာက ပိုပြီး အလုပ်ဖြစ်သလိို ထိရောက်မှုလည်း အများကြီးပိုရှိပါတယ်။ Freelancer ဆိုတာ အိမ်ကနေပဲအလုပ်လုပ်တာဖြစ်တဲ့အတွက် အပိုကုန်ကျစရိတ်ကင်းတာမို့ အလုပ်ကို ဈေးသက်သက်သာသာနဲ့ လုပ်ပေးနိုင်ပါတယ်။ ဒီလောက် ကားတွေပိတ်တဲ့ရန်ကုန်မှာ သွားရေးလာရေးနဲ့ သယ်ယူပို့ဆောင်စရိတ်တွေအတွက် ခေါင်းမခြောက်ရဘူးဆိုရင် အလုပ်ကိစ္စအတွက် ပိုအာရုံစိုက်နိုင်တာပေါ့။ ဒါ့အပြင် ကိုယ်နဲ့ တစ်မြို့တည်းမှာ ရှိနေတဲ့ freelancer နဲ့အလုပ်လုပ်မယ်ဆို လိုအပ်တဲ့အခါကျရင် မျက်နှာချင်းဆိုင်လည်း ဆွေးနွေးလို့ ရသေးတယ်နော်။ ဈေးသက်သာတာ တခုထဲကိုကြည့်ပြီး ဘယ် freelancer ရွေးရင်ကောင်းမလဲဆိုတာထက် အချိန်ပြည့်ဝန်ထမ်းထက်စာရင် စရိတ်ပိုသက်သာတဲ့ ရွေးချယ်မှုတခုဖြစ်နေတာကို တွေ့ရမှာပါ။

(2) လိုက်လျောညီထွေရှိခြင်း 
freelancer တော်တော်များများ freelance လုပ်ရတဲ့ အကြောင်းအရင်းကတော့ သူတို့အဆင်ပြေတဲ့အချိန်မှာ အလုပ်လုပ်ချင်လို့ပါဘဲ။ အဲ့ဒီအချက်က အလုပ်အပ်တဲ့လူတွေဘက်ကကြည့်ရင်လည်း အကျိုးရှိစေမှာပါ။ ဘာလို့လဲဆိုတော့ သင်ညဘက် ဆိုင်ပိတ်ပြီး အိပ်နေတဲ့အချိန်မှာတောင် သင့်ရဲ့ freelancer က website ကို update လုပ်ပြီး blog post တွေရေး၊ facebook မှာမေးထားတဲ့ မေးခွန်းတွေ ပြန်ဖြေပေးနေမှာမို့ပါဘဲ။ သောကြာညနေလိုမျိုးမှာ လုပ်စရာစာရင်းတွေ ပေးလိုက်ပြီး တနလာၤမနက်မှာ အလုပ်တွေအကုန်ပြီးသွားရင် ပိတ်ရက်မှာတောင် ဝင်ငွေရမဲ့နည်းလမ်းတခု ဖြစ်နေမှာပါ။

(3) အချိန်မီ ပြီးခြင်း 
လိုက်လျောညီထွေရှိမှုနဲ့ လိုချင်တဲ့အချိန် ရနိုင်ခြင်းက ဆက်စပ်နေပါတယ်။ freelancer တွေက တကယ်တမ်းတော့ လုပ်ငန်းအသေးစား လုပ်နေတဲ့ လူတွေပါဘဲ။ သူတို့ရဲ့ ကောင်းတဲ့အချက်တစ်ချက်က သင်သတ်မှတ်ထားတဲ့အချိန် deadline မှီအောင်လုပ်ပြီး သင်မှန်းထားတာထက်ကျော်လွန်အောင် လုပ်ပေးမှ Project နောက်တစ်ခုကို ဆက်လုပ်လို့ရမယ်ဆိုတာ သိတဲ့အတွက် အမြန်ပြီးအောင် Quality အကောင်းဆုံးဖြစ်အောင် ကြိုးစားကြပါတယ်။ သူတို့မှာ စကားအပိုတွေ ပြောဖို့၊ Agenda မပါတဲ့ ဆွေးနွေးပွဲတွေ တက်ဖို့ အချိန်လည်းမရှိ လုပ်ဖို့လည်းမလိုတဲ့အတွက် သင့်အလုပ်ကို အချိန်မီ ပြီးအောင် လုပ်ပေးနိုင်မှာပါ။

(4) အတွေ့အကြုံရှိခြင်း 
freelancer ကောင်းတစ်ယောက်က မတူညီတဲ့ စီးပွားရေးပုံစံတွေနဲ့ အတွေ့အကြုံအများကြီး ရှိပါတယ်။ အလုပ်တစ်ခုချင်းစီအတွက် အလုပ်အပ်တဲ့လူတွေမတူတော့ ကွဲပြားခြားနားတဲ့ သဘောသဘာဝကို ကျွမ်းကျွမ်းကျင်ကျင်နားလည်ထားပြီးသားပါ။ သင်ယူလာခဲ့တဲ့ အဲ့လိုအတွေ့အကြုံတွေကလည်း သင့်အလုပ်ကို သေချာပေါက် အကျိုးရှိစေမှာပါ။

(5) သင်ကြားပေးစရာ မလိုခြင်း 
အချိန်ပြည့် ဝန်ထမ်းအသစ် ခန့်ပြီဆိုတာနဲ့ သင့်လုပ်ငန်းအတွက် အရေးပါတဲ့ ပံ့ပိုးမှုတွေ ပေးနိုင်ဖို့ အရင်ဆုံး အလုပ်အသစ်မှာ အကျွမ်းတဝင်ရှိအောင် အချိန်ပေး သင်ကြားပေးရဦးမှာ ဖြစ်ပါတယ်။ freelancer တွေကတော့ ကိုယ့်အလုပ်ကိုယ် လုပ်နေကြဖြစ်တဲ့အတွက် ထွေထွေထူးထူး သင်ကြားပေးစရာမလိုပါဘူး။ တခုတော့ ရှိတာပေါ့။ သင့်အနေနဲ့ သင်လိုချင်တဲ့ အချက်တွေကို ရှင်းရှင်းလင်းလင်း ပြောပြပြီး လိုအပ်မဲ့ သတင်းအချက်အလက်တွေ ပြည့်ပြည့်စုံစုံပေးနိုင်ဖို့တော့ လိုတယ်လေ။ ဒါဆိုရင် freelancer က သင်ပေးထားတဲ့ assignment တွေ ပြီးအောင် လုပ်နေတဲ့ အချိန်မှာ သင်က ကိုယ့်လုပ်ငန်းကို အာရုံပိုစိုက်ပြီး လုပ်နိုင်နေမှာ အသေအချာပါဘဲ။

???? ဒီအကျိုးကျေးဇူးတွေကို ခုပဲရယူလိုက်ပါ❗️
လုပ်ငန်းတခု တိုးတက်ဖို့ဆိုတာ ပါးနပ်စွာ ရင်းနှီးမြုပ်နှံတတ်ဖို့ အရေးကြီးဆုံးပါပဲ။ ဒီတော့ Freelancer တွေနဲ့ လက်တွေ့အလုပ်လုပ်ကြည့်ဖို့ ရယ်ဒီဖြစ်တယ်ဆိုရင် ခုပဲchatesat.com ကိုသွားပြီး Free Register လုပ်လိုက်ပါ။ သင့်ရဲ့ project ကို တာဝန်ယူပေးမဲ့ ရာပေါင်းများစွာသော freelancer တွေနဲ့အတူ Chate Sat Team မှ သင့်ကိုကူညီရန် အချိန်မရွေး ကြိုဆိုပါတယ်။

© 2016-2020 Technoholic Pte.Ltd . All rights reserved.