keyboard_arrow_left Back to blogs

ထပ်မံမိတ်ဆက်လိုက်တဲ့ ထပ်တိုးဝန်ဆောင်မှု (Add-on Services)များ

# freelancing # newfeatures # announcement
visibility

846


လုပ်ငန်းရှင်တွေအတွက် အချိန်အတော်ကြာ တောင်းဆိုခဲ့ကြတဲ့ ‘ချိတ်ဆက်‘ရဲ့ ထပ်တိုးဝန်ဆောင်မှုတွေကို မိတ်ဆက်ပေးလိုက်ပါပြီ။


ဒီဝန်ဆောင်မှုတွေကို လုပ်ငန်းရှင်တွေအနေနဲ့ project တွေတင်တဲ့ နေရာမှာ အလွယ်တကူ ဝယ်ယူနိုင်သလို project တင်ပြီးမှ လိုအပ်လို့ ဝယ်ယူချင်တယ်ဆိုရင်လည်း အဆင်ပြေအောင် ဆောင်ရွက်ပေးထားပါတယ်။

အဲ့ဒီဝန်ဆောင်မှုတွေကတော့ “Featured”, “Recommended”နဲ့ “NDA” ထပ်တိုးဝန်ဆောင်မှုတွေပဲ ဖြစ်ပါတယ်။ ဒီဝန်ဆောင်မှုတွေကို အသုံးပြုခြင်းအားဖြင့် ‘ချိတ်ဆက်‘ကို အသုံးပြုနေကြတဲ့ လုပ်ငန်းရှင်များအနေဖြင့် အရင်ထက်ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံတွေ ရရှိမယ်လို့လဲ ယုံကြည်ပါတယ်။


“Featured” ဆိုတဲ့ ထပ်တိုးဝန်ဆောင်မှုကိုတော့ လုပ်ငန်းရှင်များအနေဖြင့် မိမိတင်လိုက်တဲ့ project ကို freelancer အများအပြား သတိပြုမိပြီး လျှောက်စေချင်တဲ့အခါ၊ ‘ချိတ်ဆက်‘ပေါ်မှာ တင်ထားကြတဲ့ project အများအပြားအကြားမှာ မိမိရဲ့ project ကို ထင်ရှားစေချင်တဲ့ အခါမျိုးမှာ အသုံးပြုနိုင်ပါတယ်။


“Recommended” ကိုတော့ ပုံမှန်လာလျှောက်တဲ့ freelancerတွေနဲ့ မကျေနပ်ပဲ “ချိတ်ဆက်“ကနေ သေချာစီစစ်ရွေးချယ်ထားတဲ့ freelancerများကိုပါ ရွေးချယ်ချင်တဲ့ အခါမှာတော့ အသုံးပြုလို့ ရပါတယ်။ “Recommended” ကို ဝယ်ယူလိုက်မယ်ဆိုရင် Project ကို လျှောက်ထားတဲ့အထဲမှာ ‘ချိတ်ဆက်‘ကနေ သေချာစီစစ်ရွေးချယ်ထားတဲ့ freelancerများကိုလဲ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ အဆင့်ဆင့် သေချာတိကျစွာ ရွေးချယ်ထားတဲ့အတွက် “Recommended” freelancer များကတော့ ‘ချိတ်ဆက်‘ရဲ့ အထူး freelancer တွေပါပဲ။


လုပ်ငန်းရှင်တွေအနေနဲ့ freelancer နဲ့ project လက်တွဲလုပ်တဲ့အခါမှာ လုပ်ငန်းဆိုင်ရာ အချက်အလက်တွေ ပေါက်ကြားမှာ စိုးရိမ်တယ်ဆိုရင်တော့ ‘ချိတ်ဆက်’ရဲ့ NDA ဝန်ဆောင်မှုကို အသုံးပြုလို့ ရပါတယ်။ သေသေချာချာ ရေးသားထားတဲ့ “သတင်းအချက်အလက်မပေါက်ကြားရေး သဘောတူညီချက်” ဖြစ်တာကြောင့် လုပ်ငန်းရှင်တွေ အနေနဲ့ စိတ်ချလက်ချ freelancer နဲ့ အလုပ်အတူတူ လက်တွဲလုပ်လို့ ရပါတယ်။

လုပ်ငန်းရှင်တွေရဲ့ လိုအပ်ချက်တွေကို သေချာလေ့လာထားပြီး ပြုလုပ်ထားတဲ့ ဝန်ဆောင်မှုတွေဖြစ်တာမလို့ အသုံးတည့်မှာ ဖြစ်ကြောင်း အကြောင်းကြားပေးလိုက်ပါတယ်။


Project တင်ရန် >>> https://bit.ly/3e1lO9e

© 2016-2020 Technoholic Pte.Ltd . All rights reserved.