keyboard_arrow_left Back to blogs

ဘာကြောင့် အနာဂတ်မှာ Freelance လုပ်ငန်းတွေ တွင်ကျယ်လာနိုင်တာလဲ

# freelancing
visibility

519


      အခုနောက်ပိုင်း Freelancer ဆိုတဲ့အခေါ်အဝေါ်ဟာ ထူးဆန်းတဲ့အရာတစ်ခု မဟုတ်တော့ပါဘူး။ အင်တာနက် ပေါ်မှာတင် Freelance Worker တွေရဲ့ ပုံစံမျိုးစုံကို ရှာဖွေ တွေ့ရှိနိုင်ပါတယ်။ 2016 ခုနှစ်ရဲ့စစ်တမ်းတွေအရ အမေရိကန်လူမျိုး 55 သန်းနီးပါးဟာ(ကမ္ဘာ့လူဦးရေထည့်တွက်မထားပါဘူး) Freelance အလုပ်ကို လုပ်ကိုင်နေကြပါတယ်။ နောင်နှစ် အနည်းငယ်အတွင်းမှာလည်း Freelancer အရေအတွက်ဟာ ဒီထက်ပိုမိုများပြားလာ နိုင်တယ်လို့ မျှော်လင့်ရပါတယ်။ အကယ်၍သင့်မှာ freelancer တွေ မရှိသေးဘူးဆိုရင် အခုအချိန်ဟာ စတင်ငှားရမ်းသင့်တဲ့အချိန်ပဲ ဖြစ်ပါတယ်။Freelancerတွေနဲ့နှင့်အတူ ကုမ္ပဏီရဲ့ တန်ဖိုး ကိုမြှင့်တင်နိုင်ပြီး ကမ္ဘာတစ်လွှားမှာရှိတဲ့ အရည်အချင်း ပြည့်ဝတဲ့ Freeancer တွေကို အလွယ်တစ်ကူပဲငှားရမ်းနိုင်မှာဖြစ်ပါတယ်။ ပြည်တွင်း ကုမ္ပဏီတစ်ခုဖြစ်တဲ့“ချိတ်ဆက်” Freelancing Platform မှာလည်း သင့်အနေဖြင့် Freelancer တွေကို အလွယ်တကူ ဝင်ရောက်ငှားရမ်းနိုင် နေပြီပဲဖြစ်ပါတယ်။

Scaling

ပရောဂျက်ဆိုတာဟာ လူတိုင်းကြိုက်နှစ်သက်တဲ့အရာတော့မဟုတ်ပါဘူး။ သို့သော်လည်း အချို့သော အလုပ်တွေ ပြီးမြောက်ဖို့အတွက်တော့ ပရောဂျက် တွေဟာ မရှိမဖြစ်လိုအပ်ပါတယ်။ တစ်ခါတစ်ရံမှာ ပြဿနာ  များကို ဖြေရှင်းနိုင်ရန် (သို့) ပိုမို ဖြေရှင်းနိုင်စွမ်းရှိရန် အလို့ငှာ ပရောဂျက် တွေဟာ flexibility ရှိဖို့လိုအပ်ပါတယ်။ ဒီနေရာမှာ Freelancer တွေကို ငှားရမ်းခြင်းဖြင့် သင့်ရဲ့ လုပ်ငန်း တွေကို လွယ်ကူသက်သာစေမှာပဲဖြစ်ပါတယ်။ သင့် Team မှာ ရှိပြီးသားသူတွေကို တာဝန်အသစ်တွေ ထပ်ပေးမယ့်အစား တိကျတဲ့လုပ်ငန်းတာဝန်တွေကို လုပ်ဖို့နှင့် သင့်ရဲ့ ပရောဂျက်တွေကို သက်သက်သာသာနှင့် ပြီးဆုံးအောင်ကူညီပေးနိုင်မယ့် Freelancer တွေကို ယာယီငှားရမ်းခြင်းက ပိုပြီးသင့်တော်ပါတယ်။ တိကျတဲ့လုပ်ငန်းတာဝန်တွေကိုလုပ်ဖို့ Freelancer တစ်ယောက်ကို အားကိုးလို့ရတယ်ဆိုတာ သင်သိရင် တာဝန်အသစ်တွေကြောင့် သင့်ရဲ့ Team Member တွေရဲ့ အချိန်ကိုဖြုန်းတီးမိခဲ့တာကို သင်ခံစား မိပါလိမ့်မယ်။ Freelancer တွေဟာ ပရောဂျက် တိုင်းအတွက် စီမံခန့်ခွဲရ လွယ်ပြီး သင့်ရဲ့ Team Member တွေကိုလည်း အလုပ်တစ်ခု မှာ ပိုမိုအာရုံစိုက်ခိုင်းလို့ရနိုင်ခြင်းဟာ သူတို့ရဲ့အတွေ့အကြုံနဲ့အရည်အချင်းကို ပိုမို ပေါ်ထွက်လာစေပါတယ်။

Access to Diverse Talent

အခုဆို ကမ္ဘာတစ်လွှားမှာ Freelancerတွေ အများအပြားရှိနေပြီပဲ ဖြစ်ပါတယ်။ စာရေးဆရာတွေမှ အစပြုလို့ အနုပညာရှင်တွေနဲ့ Web Developer တွေတောင် အိမ်မှာနေပြီး ကမ္ဘာတစ်လွှားက Freelancing အလုပ်တွေကို လုပ်ကိုင်နေကြပါပြီ ဖြစ်ပါတယ်။ တကယ်တော့ Freelancer တွေကိုငှားရမ်း ခြင်းဟာကြီးမားတဲ့ အလားအလာကောင်းတွေရရှိပါတယ်။ Freelancer တစ်ယောက်ဟာ အချိန်ပြည့်လုပ်သားတွေ ကဲ့သို့ကန့်သတ် အလုပ်အချိန်မရှိတဲ့အတွက် သင်အိပ်နေရင်တောင် သင့်အလုပ်တွေကို သူတို့ကဆက်လက်လုပ်ဆောင် ပေးနေမှာပဲ ဖြစ်ပါတယ်။ လူတိုင်းမှာ တစ်ယောက်တစ်မျိုး အားသာချက်၊ အားနည်းချက်တွေရှိတဲ့အတွက် မိမိ အနေဖြင့် ကိုယ့် ပရောဂျက်နဲ့ ကိုက်ညီမယ့် Freelancer ကို သေချာရွေးချယ်သင့်ပါတယ်။ ဥပမာ ဆေးပညာနှင့် ပတ်သတ်ပြီး ကျွမ်းကျင်တဲ့ စာရေးဆရာတွေ ရှိသလို စွန့်ဦးတီထွင်တို့ Personal Development တို့နှင့် ပတ်သတ်ပြီး ကျွမ်းကျင်တဲ့ စာရေးဆရာတွေရှိပါတယ်။ Application နဲ့ Web Design အထူးကျွမ်းကျင်တဲ့ Designer တွေရှိသလို၊ Flyer, Poster, Banner Design တွေကျွမ်းကျင်တဲ့ Designer တွေလည်း ရှိကြပါ တယ်။ဒါ့ကြောင့် မိမိလိုအပ်တဲ့ အရည်အချင်းနှင့် ကိုက်ညီတဲ့သော Freelancerတွေကို ငှားရမ်းခြင်းအားဖြင့် သင့်လုပ်ငန်း ပိုမိုတွင်ကျယ်စေမှာပဲဖြစ်ပါတယ်။ တစ်ချို့သော Freelancer တွေဆို သက်ဆိုင်ရာ နယ်ပယ်မှာ လုပ်ငန်းအတွေ့အကြုံတွေ အများကြီးရှိကြတာကြောင့် အတွေ့အကြုံရှိတဲ့ Freelancer တွေဟာ ထူးခြားတဲ့အတွေးအမြင်တွေ အိုင်ဒီယာတွေ ပေါင်းစပ်ပြီး သင့်ရဲ့ကုမ္ပဏီနဲ့ သင့်ရဲ့ Product တွေ ကို ထူးခြား ဆန်းသစ်စေ မှာပဲဖြစ်ပါတယ်။

More Efficiency

မိမိ လုပ်ငန်း အတွက် စာရေးဖို့လိုအပ်လာတဲ့အခါ၊ ကိုယ်တိုင်စာရေးမယ့်အစား Freelance writer တစ်ယောက် နှင့်အတူတွဲ၍ အလုပ်လုပ်ခြင်းက အချိန်ကုန်သက်သာစေပြီး အလုပ်အတွက်လည်း  ပိုပြီးအကျိုးရှိစေပါတယ်။ ပရောဂျက် တစ်ခုကို ခက်ခဲစွာ ရုန်းကန်နေရပါသလား? သင်ဟာ Coding ပြဿနာတစ်ခု ကို ဖြေရှင်းဖို့ ကြိုးစား နေရတာမျိုး (သို့) စာမူကောင်းတစ်ခုကို ရေးသားဖို့အခက်အခဲဖြစ်နေတာမျိုးတွေ ကြုံတွေ့ရတဲ့အခါ မိမိရဲ့ပရောဂျက် ကို နှောင့်နှေးစေပြီး အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်းဖြစ်တတ်ပါတယ်။ ဒါပေမယ့် ကံကောင်းစွာပဲ အဲ့လိုအခက်အခဲတွေ ကြုံတွေ့ရတော့မှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ Freelancing Platform တွေ ပေါ်ပေါက်လာလို့ပဲဖြစ်ပါတယ်။ Specific tasks တွေကိုလုပ်ဖို့ လိုအပ်တဲ့ ကျွမ်းကျင်မှုနှင့် ဗဟုသုတတွေ ပြည့်စုံတဲ့ Freelancer တစ်ယောက်ကို ယာယီ Team Member အဖြစ် ငှားရမ်း ပြီး သင်ရဲ့ Team နှင့်အတူတွဲ၍ အလုပ်လုပ်ခြင်းဖြင့် မျှော်မှန်းထားတဲ့ရလဒ်တွေကို ရရှိနိုင်ပါတယ်။ ပရောဂျက်  ပြီးဆုံးသည့် အချိန်မှာလည်း Freelancer အနေဖြင့် ၎င်း၏ တာဝန်တွေကို သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း ဆောင်ရွက်ပြီး သင့်ရဲ့Team မှ အလိုအလျောက်ပြန်လည်ထွက်ခွာသွားမှာ ပဲဖြစ်ပါတယ်။ သင်ကြိုက်နှစ်သက်လျှင်တော့နောက် ပရောဂျက် တွေအတွက် ဆက်လက်ငှားရမ်းနိုင်ပါသေးတယ်ခင်ဗျာ။ ဒါ့ကြောင့် သင့်အနေဖြင့် အလွတ်တန်းပညာရှင်တစ်ယောက် ငှားရမ်းဖို့လိုအပ်နေရင် “ချိတ်ဆက်” ကိုသတိရလိုက်ပါနော်။

Contributed by Myat Min [email protected] Thit

Ref: SpeedLancer

© 2016-2020 Technoholic Pte.Ltd . All rights reserved.