keyboard_arrow_left Back to blogs

လုပ်ငန်းရင်းနှီးမြုပ်နှံငွေကို ဘယ်လိုရှာကြလဲ။

# startup # entrepreneur # chatesat # funding
visibility

5250


Start up လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ အခက်အခဲတွေကတော့ နေ့စဉ်နဲ့အမျှ ကြုံတွေ့နေရမှာ ဖြစ်ပါတယ်။ လုပ်ငန်းငယ်သေးတဲ့အခါမှာဆိုရင် ကိုယ်ကိုတိုင်က နေရာတိုင်းမှာ ဝင်ရောက်စီမံလုပ်ဆောင်ရတာပဲ ဖြစ်ပါပြီးလုပ်ငန်းချဲ့ထွင်ဖို့အတွက်ဆိုရင်တော့ လုပ်ငန်းရှင်အနေနဲ့ ရင်းနီးမြှုပ်နှံငွေ (fundraise) ရှာရာမှာ အချိန်ပြည့်အားထုတ်ဖို့အတွက်လည်း ကြိုးစားရမှာဖြစ်ပါတယ်။

ဒါဆို လုပ်ငန်းရှင်တွေ၊ စွန့်ဦးတီထွင်သူတွေ ရင်းနီးမြုပ်နှံငွေ (funding) ရအောင် investor တွေ ဘယ်လိုရှာကြမလဲ။ ဒီမေးခွန်းလေးကို ဖြေကြားပေးဖို့အတွက် ချိတ်ဆက်က CEO မဟန်နီမြဝင်းရဲ့ ကိုယ်တိုင် fundraise လုပ်ရင်း ကြုံတွေ့သိရှိလာရတဲ့ အကြောင်းအရာလေးတွေကို မေးမြန်းပြီး၊ ရေးသားဖော်ပြလိုက်ပါတယ်။

Fund Raise လုပ်ဖို့ဆိုရင် တစ်နည်းအားဖြင့် ကိုယ့် idea ကို ရောင်းတတ်ရမယ်။ ကိုယတယောက်ထဲပုံဖော်ထားတဲ့ စိတ်ကူးကြံဆမှုလေးကို လူတွေယုံကြည် စိတ်ဝင်စားလာပြီး၊ ရင်းနီးမြှုပ်နှံဖို့အတွက် စိတ်ဝင်စားလာအောင် ဆွဲဆောင်နိုင်အား ပြောနိုင်အားရှိရမယ်။ ပြောနိုင်အားရှိရုံနဲ့လည်း မရပါဘူး။ ကိုယ့်ရဲ့ operation ပိုင်း metrics တွေ နံပါတ်တွေကိုလည်း သိရှိပြသနိုင်ရမယ်။ Idea ပဲရှိပြီး MVP မရှိနေဘူးဆိုရင် လေထဲမှာပဲ အိမ်ဆောက်နေသလိုဖြစ်နေတော့ Investor ရှာတဲ့အခါမှာ ယုံကြည်မှုလည်းနည်းနိုင်မှာ ဖြစ်ပါတယ်။ အဲ့တာကြောင့် ကိုယ့်လုပ်ငန်းရဲ့ data တွေကို ကိုယ်ကိုတိုင်က နားလည်သိရှိပြီး၊ အမြင့်ဆုံးအခြေအနေရှိတဲ့ထိကို ဆွဲတင်ပြီး fund raise နိုင်ရင်တော့ အကောင်းဆုံးပဲဖြစ်ပါတယ်။

ဘယ်လောက်ရှာရမလဲ။ 

အများစုက  ရင်းနီးမြှုပ်နှံငွေကို ၁၂လကနေ ၁၈လကြား အချိန်ကာလအပိုင်းအခြားတစ်ခုအတွက် ရှာလေ့ရှိကြတယ်။ မိမိရဲ့ product က ဈေးကွက်ထဲကို ထိုးဖောက်ချင်တယ်၊ ဈေးကွက်အသစ်ကို ဝင်ချင်တယ်၊ သို့မဟုတ် တခြားကို ချဲ့ထွင်ချင်တယ်။ ဒါတွေလုပ်ဖို့ဘယ်လောက်ကုန်မလဲကို အကြမ်းဖျင်းစဉ်းစားပြီး raise လုပ်လေ့ ရှိကြတယ်။ အဓိကထွက်ငွေက ဝန်ထမ်းလစာဖြစ်တော့ ဒီတိုးချဲ့မှုအတွက် ကိုယ့်အနေနဲ့ပေးရမယ့် အဓိကဝန်ထမ်း ဘယ်နှစ်ယောက်လဲ၊ ဘယ်နှစ်လစာလဲ။ အဲဒါကို မြှောက်လိုက်ပြီး fund raise ဖို့အတွက် ပမာဏ တစ်ခု ထွက်လာအောင်တော့ အကြမ်းဖြင်းတွက်ကြည့်လို့ရပါတယ်။

ဘယ်လိုရှာရမလဲ။

ရငိးနီးမြှုပ်နံှငွေ ရှာဖို့ Financing option တွေအများကြီးရှိတဲ့အထဲမှာ Convertible Loan နဲ့ Equity Financing အကြောင်းကို ဝေမျှပေးချင်ပါတယ်။

Convertible Debt/ Note/ Loan

ဒါကတော့ investor တွေက ရင်းနှီးမြုပ်နှံငွေကို ပေးထားပြီး အခြေအနေတစ်ခုကို ရောက်တဲ့အခါမှ၊ ပေးထားတဲ့ ပိုက်ဆံနဲ့ တန်တဲ့ equity ရာခိုင်နှုန်း တစ်ခုကို ပြန်ယူတာ ဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ့်လုပ်ငန်းက သတ်မှတ်ထားတဲ့ အခြေအနေတစ်ခုကို မရောက်ခဲ့ဘူးဆိုရင်တော့ investor အနေနဲ့ သူရဲ့ ရင်းနီးထားတဲ့ ပိုက်ဆံကို ပြန်ယူတာဖြစ်နိုင်ပါတယ်။ ခဏချေးထားတဲ့သဘောမျိုး သက်ရောက်တာပေါ့။ တစ်ချို့ကျတော့ သူတို့ ရင်းနီးငွေအပြင် အတိုးရာခိုင်နှုန်းတစ်ခု ထပ်သတ်မှတ်ပြီး ပြန်တောင်းယူပါတယ်။ ဒီနည်းလမ်းကတော့ investor တွေအတွက် risk နည်းပြီး စွန့်ဦးတီထွင်သူတွေအနေနဲ့လည်း ကိုယ့်လုပ်ငန်းရဲ့ early stage တွေမှာ သုံးကြတာဖြစ်ပါတယ်။ အချိန်သတ်မှတ်ချက် တစ်ခုထားပြီးတော့ ဒီကာလအပိုင်းအခြားအတွင်းမှာ လုပ်ငန်းဖြစ်ထွန်းမလာခဲ့ဘူးဆိုရင်တော့ ရင်းနှီးမြုပ်နှံငွေ အဆုံးခံတာမျိုးလည်း ရှိပါတယ်။ရှိပါတယ်။

Equity

ဒီနည်းလမ်းကတော့ အချိန်ပိုယူတယ်။ Share price က ဘယ်လောက်၊ pre money valuation ကဘယ်လောက်၊ နောက် share အသစ်ကို issue ထပ်လုပ်တာက ဘယ်လောက်ဆိုပြီး၊ အားလုံးကို အသေးစိတ်လုပ်ရပါတယ်။ များသောအားဖြင့် Equity financing ကိုရွေးချယ်ကျပါတယ်။ ဒါပေမဲ့ ကိုယ့်လုပ်ငန်းကို တန်ဖိုးဖြတ်တာတွေ ရှယ်ယာဈေးသတ်မှတ်တာတွေတော့ အများကြီး ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။

ဘယ်နည်းလမ်းကို သုံးသုံး၊ ရှေ့နေနဲ့ တိုင်ပင်ဖို့တော့ လိုအပ်ပါတယ်ရှင့်။

ကုမ္ပဏီရဲ့ တန်ဖိုးတိုင်းတာမှု (valuation) က ဘာလဲ။

လုပ်ငန်းကြီးတွေ၊ နှစ်ချီထောင်ထားပြီးတဲ့ ကုမ္ပဏီကြီးတွေက ကိုယ့်မှာရှိတဲ့ ဝင်ငွေ အမြတ်ကို ယေဘူယျ ပြန်တွက်ယူပြီး၊ အရင်တုန်းက data၊ ယခု လက်ရှိ data တွေကို တွက်ပြီး၊ အနာဂတ်မှာရနိုင်မယ့် ဝင်ငွေ အမြတ်ဆိုပြီး တန်ဖိုးဖြတ် (value) သတ်မှတ်လို့ရတာဖြစ်ပါတယ်။

ဒါပေမယ့် start up တော်တော်များများက အဲ့လိုမရပါဘူး။ အခုမှ လုပ်ငန်းစထားတာဆိုတော့ အရင်က(past) data တွေလည်းမရှိ၊ အစပိုင်း ၁၊၂ နှစ်လောက်ကလည်း ဝင်ငွေထက် ထွက်ငွေက ပိုများနေရတာဆိုတော့၊ အနှုတ်ဖြစ်နေတဲ့ data တွေကို သွားပေါင်းလို့ ဘာမှမထူးဘူးဖြစ်နေပါလိမ့်မယ်။ အဲ့ဒါကြောင့် start up တွေက ၁။ Growth Rate ၂။ User Base ၃။ Revenue စသည်တို့ဖြင့် - အရင်တုန်းကဆို ဘယ်လောက်က စခဲ့တယ်၊ အခုဆိုဘယ်လောက်တက်လာပြီ ဆိုပြီး “ဆ” နဲ့တိုင်းတာပီး ကိုယ့်ရဲ့ လုပ်ငန်းတန်ဖိုးကို တွက်နိုင်တာ ဖြစ်ပါတယ်။

ဘယ်လို investor တွေရှိလဲ။

3F: Friends, Family & Fools – Start up တွေ လုပ်ငန်းစလုပ်တဲ့အခါမှာ သူငယ်ချင်းတွေ မိသားစုတွေနဲ့ ပေါင်းပြီး ပိုက်ဆံချေးငှား လုပ်ကြတာပါပဲ။ သို့မဟုတ်ရင်လည်း “Fools” လို့တင်စားထားတဲ့ ကိုယ့်လုပ်ငန်းကို ယုံကြည်ပေးတဲ့ လူတွေနဲ့ စပ်တူ ပေါင်းပြီး လုပ်ကြတာဖြစ်ပါတယ်။ 

High Net Worth Individual - ငွေကြေးချမ်းသာကြွယ်ဝသူတွေ ဖြစ်ပါတယ်။ သူတို့ကကျတော့ charity ပေးသလိုမျိုး start up တွေကို ထောက်ပံ့ပေးကြတာဖြစ်ပါတယ်။ သူတို့စိတ်ဝင်စားတဲ့ နယ်ပယ် အတွက်ဆိုရင် ပြန်ရမယ့် ပိုက်ဆံကိုလည်း အများကြီးမမျှော်မှန်းပဲ ကူညီပေးကြတယ်။

Venture Capital - ကုမ္ပဏီကြီးတွေ၊ high net worth individual တွေဆီကနေ ပိုက်ဆံကို ယူပြီး၊ စီမံခန့်ခွဲပြီးတော့ start up တွေကိုပြန်ရင်းနှီးမြုပ်နှံတာဖြစ်ပါတယ်။ VC တွေကကျတော့ Growth Stage ရောက်နေပြီးသား start up၊ ခိုင်မာပြီးသား start upတွေကို Invest လုပ်လေ့ရှိကျတယ်။ သူများပိုက်ဆံကို ယူပြီးရင်းနီးမြှုပ်နှံတာဖြစ်လို့ မသေချာတဲ့၊ start up တွေဆို များသောအားဖြင့် ရွေးချယ်လေ့မရှိဘူး အချိန်ယူတယ်၊ deal တွေအများကြီးကြည့်တယ်။ ဘယ်သူကို ရင်းနှီးမြုပ်နှံသင့်တယ်၊ မသင့်ဘူးကို အကြိမ်ကြိမ် စစ်ယူပါတယ်။

Angels - ကိုယ်ပိုင်ပိုက်ဆံကိုပဲ invest လုပ်တဲ့သူတွေဖြစ်တယ်။ Angle တွေကကျတော့ Venture Capital တွေနဲ့ ပြောင်းပြန်ဖြစ်တယ်။ သူတို့က ကိုယ်ပိုင်ပိုက်ဆံဖြစ်တဲ့အတွက် ဆုံးဖြတ်ချက်ချတာ မြန်ဆန်တယ်။ အချက်အလက်တွေအရမ်းမကြည့်ဘူး။ သူရဲ့ စိတ်သဘောထားးပေါ်မှုတည်တယ်။ HNWI တွေလိုပဲ သူစိတ်ဝင်စားတဲ့ နယ်ပယ်တွေကိုဆို ပိုပြီး ထောက်ပံ့ပေးတယ်။

ဘယ်လို ချဉ်းကပ်ရမလဲ။

မြန်မာ မားကတ်ထဲမှာက investor တွေက အရမ်းအများကြီး မရှိပါဘူး။ အရင်ကထက်စာရင်တော့ များလာပြီဆိုပင်မယ့် တခြားအရှေ့တောင်အာရှနိုင်ငံတွေလောက်တော့ မရှိသေးပါဘူး။ အဲ့ဒါကြောင့် အကောင်းဆုံး ချဉ်းကပ်နည်းဆိုရင်တော့ င်ပွဲတွေမှာ အားလုံးရှေ့မှာ ကိုယ့်လုပ်ငန်းအကြောင်းကို pitch လုပ်တာပဲဖြစ်ပါတယ်။ နိုင်တာ၊ ရှုံးတာထက် ကိုယ့်ရဲ့ အကြောင်းကို အခြားလူတွေ စိတ်ဝင်စား၊ ပိုသိချင်ပြီး၊ မီတင်ထပ်တွေ့ချင်အောင် Pitch လုပ်နိုင်ဖို့က ပိုအရေးကြီးပါတယ်။ ပြိုင်ပွဲမှာဆိုရင်ကျတော့ investor တွေ အများကြီးကလဲ ကြည့်နေကြမှာဖြစ်တဲ့အတွက် သူတို့တွေအကြားမှာလဲ၊ သူတို့Invest လုပ်ချင်တဲ့သူဆိုပြီး competition တွေရှိနိုင်တာမို့လို့ ကိုယ့်ကိုရင်းနှီးမြုပ်နှံချင်ရင်လည်း အများသူထက်ဦးအောင် လာရောက်ဆက်သွယ်ကြမှာ ဖြစ်ပါတယ်။

နောက်တစ်နည်းကတော့ “warm introduction” ရှိဖို့ဖစ်ပါတယ်။ ကိုယ့်အနေနဲ့ ကိုယ်ချဉ်းကပ်ချင်တဲ့ Investor ရဲ့ အသိုင်းအဝန်း ကလူတွေနဲ့သိထားရမယ်။ ကိုယ်က investor ကို အစိမ်းသက်သက်ကြီး ချဉ်းကပ်တာထက်၊ သူ့အနားက လူတွေက ပြောပြလို့ သိနှင့်ပြီးမှ တတိယလူက မိတ်ဆက်တာပိုပြီး ထိရောက်ပါါတယ်။ အဲ့လိုမှမဟုတ်ပဲ “cold introduction” နဲ့ investor ကို email ပို့၊ ဖုန်းဆက်ပြီး တစ်ဦးတစ်ယောက်တည်းအနေနဲ့ ချဉ်းကပ်ရင်တော့ အနည်းငယ်ခက်ခဲမှာဖြစ်ပါတယ်။

မြန်မာပြည်မှာ start up တည်ထောင်သူတစ်ယောက်အနေနဲ့ အထက်မှာပြောပြခဲ့တဲ့ အချက်လေးတွေကို ဖတ်ပြီး၊ အကျိုးရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်ရှင့်။ လုပ်ငန်းရှင်တွေအနေနဲ့လည်း မိမိလုပ်ငန်းငယ်လေးကို ရင်းနှီးမြုပ်နှံမှုရှာတော့မယ်၊ တိုးချဲ့တော့မယ်ဆိုရင် လိုအပ်လာမယ့်  talent တွေအတွက် ချိတ်ဆက်ကို အချိန်မရွေး ဆက်သွယ်စုံစမ်းလိုက်ဖို့ ပြောလိုပါတယ်ရှင့်။ ချိတ်ဆက်မှာ လုပ်ငန်းရှင်တို့ရဲ့ ပရောဂျက်တွေကို ကူညီဆောင်ရွက်ပေးမယ့် အလွတ်တန်းပညာရှင်ပေါင်း ၂၅၀၀၀ ကျော်ရှိနေပြီ ဖြစ်ပါတယ်။

© 2016-2023 Technoholic Pte.Ltd . All rights reserved.