keyboard_arrow_left Back to blogs

သင့်ရဲ့ အလွတ်တန်းပညာရှင်များနှင့် ယုံကြည်မှုတည်ဆောက်ခြင်း

# freelancing
visibility

751


အရာရာတိုင်းမှာ အပြန်အလှန်ယုံကြည်မှု ရှိခြင်းဟာ ကောင်းမွန်တဲ့ လက္ခဏာတစ်ခုပဲဖြစ်ပါတယ်။ ဒီလို အပြန်အလှန် ယုံကြည်လေးစားမှုရှိခြင်းဟာ ရှေ့ဆက်မယ့် အနာဂတ်ခရီးအတွက် ပိုမိုကောင်းမွန်တဲ့ အခွင့်အလမ်းတွေကို သယ်ဆောင်လာပေးမယ့် လမ်းကြောင်းတစ်ခုဆိုလျှင်လည်း မမှားပါဘူး။ ဒါ့ကြောင့် ဒီနေရာမှာ သင်နှင့် သင့်ရဲ့အလွတ်တန်းပညာရှင်တွေကြား ဘယ်လိုမျိုး ယုံကြည်မှုတည်ဆောက် ရမလဲဆိုတာ လေးကို မျှေ၀ပေးလိုက်ပါရစေ။

 ဂရုတစိုက်​​ရွေးချယ်​ပါ

အလွတ်တန်းပညာရှင် တစ်ယောက်ကို မှန်ကန်စွာ ရွေးချယ်နိုင်မှုဟာ သင်ရဲ့လုပ်ငန်းအတွက်များစွာ အထောက်အကူဖြစ်စေမှာပါ။ အနာဂတ် ပရောဂျက်တွေအတွက် ယုံကြည်အားကိုးရတဲ့ အလွတ်တန်းပညာရှင်တွေ ရရှိဖို့အတွက် မိမိအနေဖြင့် အထူးဂရုပြု ရွေးချယ်ဖို့လိုအပ်ပါတယ်။ ဒီနေရမှာ ရွေးချယ်စရာအနေဖြင့် ဈေးအရမ်းချိုတဲ့ အလွတ်တန်းပညာရှင်တွေလည်း ရှိလာပြီပဲဖြစ်ပါတယ်။ သို့သော်လည်း အရမ်းဈေးချိုတဲ့ အလွတ်တန်းပညာရှင်ကိုပဲ ရွေးချယ်ဖို့မသင့်တော်ပါဘူး မိမိ လုပ်ငန်းအတွက် သတ်မှတ်ထားတဲ့ သင့်တော်တဲ့ ဘတ်ဂျက် အတွင်းမှာပဲ အကောင်းဆုံး ရှာဖွေငှားရမ်း သင့်ပါတယ်။ မငှားရမ်းခင်မှာလည်း သူ့ရဲ့ portfolio ကို စိတ်တိုင်းကျ သေသေချာချာ နှိုက်နှိုက်ချွတ်ချွတ်လေ့လာပါ။ ဒါမှသာ မိမိအနေဖြင့် ကိုယ်ငှားမယ့် အလွတ်တန်းပညာရှင် အပေါ်ကို များစွာ ယုံကြည်စိတ်ချနိုင်မှာဖြစ်ပါတယ်။

 ​အသေးစား ပရောဂျက်များနှင့်စတင်ပါ

သင်ဟာ ပထမဆုံးအကြိမ် အလွတ်တန်းပညာရှင်တွေနဲ့ စတင်လုပ်ကိုင်မယ်ဆိုရင် အချိန်အများကြီးပေးစရာ မလိုတဲ့ ပရောဂျက်အသေးစားလေးတွေနဲ့ စတင်ဖို့ ဆုံးဖြတ်သင့်ပါတယ်။ ဒီလို ပရောဂျက်အသေးစား လေးတွေနဲ့ စတင်ခြင်းဟာ အနာဂတ်​ ပ​ရောဂျက်​ကြီး​တွေမှာ ငှားရမ်းမယ့် အလွတ်တန်းပညာရှင်တွေရဲ့ အရည်အချင်းကို အကဲဖြတ်နိုင်သလို သင့်ရဲ့လုပ်ငန်းနှင့် သင်​့​တော်​မှု ကိုက်​ညီမှု ရှိမရှိကိုလည်​း ဆုံးဖြတ်​နိုင်​မှာဖြစ်​ပါတယ်​။ ဒါဟာ သင်​့ရဲ့ လုပ်​ငန်​းအတွက်​လည်​း အမှားနည်​း​စေသလို အလွတ်တန်​းပညာရှင်​​တွေရဲ့ အလုပ်​လုပ်​ပုံနှင်​့ အပြုအမူတို့ကိုပါ တခါတည်​း​လေ့လာနိုင်​တာ​ကြောင်​့ ယုံကြည်​မှုတည်​​ဆောက်​တဲ့​နေရာမှာ များစွာအ​ထောက်​အကူဖြစ်​​စေပါတယ်​။

 ​ပွင့်လင်းတဲ့ ဆက်ဆံရေးရှိပါစေ

အလွတ်တန်းပညာရှင် တစ်ယောက်ကို ရွေးချယ်ပြီးပြီဆိုပါစို့။ သင့်အနေဖြင့် ပြောဆိုဆက်ဆံပုံ (၂)မျိုးရှိပါတယ်။ ပထမတစ်ခုကတော့ Client ကောင်းတစ်ယောက်ဟာ အမြဲဂရုတစိုက်ရှိပါတယ် ဒါပေမယ့် အရမ်းထိန်းချုပ်တာမျိုး၊ မန်နေဂျာလို ကွတ်ကဲတာမျိုး မဟုတ်ပါဘူး။ ပရောဂျက်အတွက် သိထားသင့်တဲ့ အချက်တွေ၊ လိုအပ်တွေချက်တွေနဲ့ မျှော်မှန်းချက်တွေကို သင့်ရဲ့ အလွတ်တန်းပညာရှင်အား သေချာရှင်းပြထားပေးခြင်းဟာ ပိုမိုကောင်းမွန်ပါတယ်။ ဒါ့အပြင် အလွတ်တန်းပညာရှင်အား မရှင်းလင်းတာရှိပါက ပွင့်ပွင့်လင်းလင်း ပြောဆို မေးမြန်းနိုင်သည်ကိုလည်း ပြောပြထားသင့်ပါတယ်။ နောက်တစ်ချက်အနေဖြင့် လုပ်ငန်းစတင်ပြီး ထွက်ပေါ်လာတဲ့ ရလဒ်တွေအပေါ်မှာလည်း မိမိရဲ့ အမြင်ကို ​ပြောပြဖို့ တွန်​့ဆုတ်​မ​နေပါနှင်​့။ ဒါမှသာ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ယုံကြည်မှုကို ပွင့်လင်းစွာ တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

​သင်​့ရဲ့ အလွတ်​တန်​းပညာရှင်​ကို ပါတနာတ​ယောက်​လို သ​ဘောထားပါ

ယုံကြည်​မှုတည်​​ဆောက်​ဖို့ ​နောက်​ထပ်​ အ​ကောင်​းဆုံးနည်​းလမ်​းက​တော့ အလွတ်​တန်​းပညာရှင်​ကို သင်​့ရဲ့ ပါတနာ တစ်​​ယောက်​လို သတ်​မှတ်​​ပေးခြင်​းပဲဖြစ်​ပါတယ်​။ သူတို့ဟာ သက်ဆိုင်ရာ နယ်ပယ်မှာ ကျွမ်းကျင်သူ တွေဖြစ်တဲ့အတွက် သူတို့ရဲ့ တန်ဖိုးရှိလာလေ သင်ရဲ့လုပ်ငန်းအတွက်လည်း ပိုပြီး အဖိုးတန်လာလေပဲ ဖြစ်ပါတယ်။ ဒါကြောင့် အပြန်အလှန် ယုံကြည်မှု တည်ဆောက် ထားခြင်းဟာ ရှေ့ဆက်မယ့် အနာဂတ် ခရီးလမ်းတွေအတွက် များစွာအထောက်ကူပြုမှာဖြစ်ပါတယ်။

Contributed by Myat Min [email protected] Thit,ChateSat's Freelancer
Ref: SpeedLancer

© 2016-2020 Technoholic Pte.Ltd . All rights reserved.