keyboard_arrow_left Back to blogs

အခက်အခဲကာလတွေမှာ Freelancer လုပ်ရခြင်းရဲ့ အားသာချက်များ

# freelancing
visibility

438


အခက်အခဲကာလတွေမှာ Freelancer လုပ်ရခြင်းရဲ့ အားသာချက်များ


Covid-19 ကြောင့် စီးပွားရေးမတည်ငြိမ်တဲ့ ကာလမှာ နေ့တိုင်းရုံးတက်ရုံးဆင်း လုပ်နေရတဲ့ ဝန်ထမ်းတွေထက်စာရင် freelancer တွေက ပိုပြီးအလုပ်အကိုင်အခွင့်အလမ်း များလာသလို စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ လက်ရှိလိုအပ်ချက်ကိုလည်း အချိန်တိုတွင်းဖြည့်ဆည်းပေးနိုင်လာပါတယ်။ ဒါကြောင့် အခုလိုအကြပ်အတည်းကြုံနေရချိန်မှာ freelancer ငှားရမ်းမှုတွေ ပိုမိုများပြားလာတာပါ။ Freelancer တစ်ယောက်အနေနဲ့ရပ်တည်ရတဲ့ အားသာချက်တွေကတော့


💰 ဝင်ငွေများများရနိုင်တယ်

ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်လုပ်မယ်ဆိုရင် တစ်လတခါရမယ့် ဝင်ငွေလမ်းကြောင်းတစ်ခုပဲရှိပေမယ့် freelancer တစ်ယောက်ရဲ့ဝင်ငွေကတော့ ကိုယ့်ရဲ့အလုပ်လုပ်နိုင်စွမ်းပေါ်မူတည်ပြီး အလုပ် ၂ခု၊ ၃ခုကို တပြိုင်တည်းလက်ခံထားပြီး လုပ်လို့ရပါတယ်။


☝️ ကိုယ့်အတွက်သင့်တော်မယ့်အလုပ်ကို ရွေးလုပ်ခွင့်ရှိတယ်

အထက်လူကြီးကခိုင်းလို့ မလုပ်ချင်ပဲလုပ်ရတဲ့ ပြဿနာမျိုးမရှိတော့ပါဘူး။ ကိုယ်နဲ့အံဝင်ခွင်ကျဖြစ်မယ့်အလုပ်နဲ့ ကိုယ့်ရဲ့Clientကို ကိုယ်တိုင်ရွေးချယ်လို့ရတဲ့အတွက် အလုပ်မှာစိတ်အားထက်သန်မှု အပြည့်ရှိနေမှာပါ။


⏰ အလုပ်ချိန်နဲ့ အလုပ်နေရာ အတိအကျမရှိဘူး

Laptop တစ်လုံးရှိနေရုံနဲ့ အချိန်မရွေး၊ နေရာမရွေး၊ ခရီးသွားနေရင်းနဲ့တောင် ထိုင်အလုပ်လုပ်နေလို့ရပါတယ်။ ကော်ဖီဆိုင်မှာပဲလုပ်လုပ်၊ အိပ်ယာထဲကနေပဲလုပ်လုပ် သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ အလုပ်ပြီးအောင်လုပ်နိုင်ဖို့သာ အရေးကြီးပါတယ်။


📚 သင်ယူလေ့လာမှု ပိုအားကောင်းလာတယ်

Freelancer တစ်ယောက်အဖြစ်ရပ်တည်တဲ့အခါ Client ကတောင်းဆိုတဲ့အလုပ်တွေထဲမှာ ကိုယ်မကျွမ်းကျင်သေးတဲ့ အရာတွေလည်းပါလာနိုင်တဲ့အတွက် Project အသစ်တစ်ခုလက်ခံလိုက်တိုင်း မတူညီတဲ့နယ်ပယ်ကနေ လေ့လာစရာတစ်ခုထပ်တိုးလာမှာပါ။


💸 ကုန်ကျစရိတ်သက်သာတယ်

အိမ်မှာအလုပ်လုပ်ရတဲ့အခါ နေ့တိုင်းအပြင်ထွက်နေရတဲ့ ကုန်ကျစရိတ်တွေကို သူ့အလိုလို လျှော့ချပြီးသား ဖြစ်သွားပါတယ်။ အလုပ်သွားရတဲ့ သွားလာစရိတ်၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အပြင်ထွက်စားတဲ့ စရိတ်၊ အလုပ်နဲ့နီးတဲ့နေရာမှာ ငှားနေရတဲ့စရိတ် စတဲ့ငွေယိုပေါက်တွေပါ ပိတ်သွားနိုင်ပါတယ်။


ဒါဆိုရင် Freelancer တစ်ယောက်ရဲ့ အကျိုးခံစားခွင့်တွေကိုသိသွားပြီဆိုတော့ သင့်ရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအတွက် Chatesat.com မှာ အခုပဲ Professional Freelancer တစ်ယောက်အနေနဲ့ မှတ်ပုံတင်လိုက်ပါ။



© 2016-2020 Technoholic Pte.Ltd . All rights reserved.