keyboard_arrow_left Back to blogs

အထူးထုတ်ပြန်ချက်

visibility

383


ကမ္ဘာလုံးဆိုင်ရာ ကူးစက်မြန်ကပ်ရောဂါ Covid-19 ကြောင့် နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းများ အထိနာလျက်ရှိပြီး မြန်မာနိုင်ငံတွင်လည်း Covid-19 ကူးစက်ရောဂါရောက်ရှိလာပါက စီးပွားရေးလုပ်ငန်းများ အဆင်မပြေဖြစ်မည်ကို ပူပန်စိုးရိမ်နေကြပြီး အရှုံးတတ်နိင်သမျှ နည်းပါးစေရန်နှင့် လုပ်ငန်းများပြိုလဲမသွားစေရန် စတင်ပြင်ဆင်နေကြသည်ကို တွေ့ရှိရပါသည်။


ထို့ကြောင့် မိမိတို့၏ မိတ်ဆွေ စီးပွားရေးလုပ်ငန်းကြီးငယ်မှန်သမျှ အခက်အခဲဖြစ်နေချိန်တွင် ‘ချိတ်ဆက်‘မှ တဖက်တလမ်းမှ ကူညီပေးနိုင်ရန်အတွက် အစီအစဉ်အသစ်ကို မိတ်ဆက်ပေးလိုက်ပါသည်။


စီးပွားရေးလုပ်ငန်းများ ပိုမိုချောမွေ့လွယ်ကူစွာနှင့် ကုန်ကျစရိတ်သက်သာစွာ လည်ပတ်နိုင်စေရန်အတွက် မတ်လ (၁၉) ရက်နေ့မှ စတင်၍ မေလ (၁၅) ရက်နေ့အထိ ‘ချိတ်ဆက်’ Website ရှိ Standard နှင့် Premium ဝန်ဆောင်မှုများကို “Exclusive” အမည်သို့ ပြောင်းလဲ၍ ဝန်ဆောင်ခ လုံးဝ (လုံးဝ)မယူဘဲ ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း အသိပေးလိုပါသည်။ ယခင်က Freelancer အသုံးမပြုဖူးဘဲ ယခုအခါမှသာ အခြေအနေအရ စတင်အသုံးပြုလိုသူများအတွက်လည်း ပိုမိုလွယ်ကူစွာ အသုံးပြုနိုင်ရန်အတွက် Hotline ဖုန်းနံပါတ် တစ်ခုထားရှိပေးသွားမည်ဖြစ်ပါသည်။


ယခုကာလအတွင်း ဝန်ဆောင်ခ (၁၅)ရာခိုင်နှုန်းကျသင့်သော Premium ဝန်ဆောင်မှုကို ဝန်ဆောင်ခလုံးဝမယူဘဲ ဆောင်ရွက်ပေးခြင်းဖြင့် စီးပွားရေးလုပ်ငန်းများကို ကုန်ကျစရိတ်အသက်သာဆုံးဖြင့် ဆက်လက်လည်ပတ်သွားနိုင်ရန် ချိတ်ဆက်က မျှော်လင့်ပါသည်။ လုပ်ငန်းများအနေဖြင့်လည်း လိုအပ်ချက်မများသေးသော ဝန်ထမ်းနေရာများအတွက် အချိန်ပြည့်ဝန်ထမ်းမခန့်ထားသေးဘဲ Freelancer များအသုံးပြုမည်ဆိုပါက ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးရိုက်ခတ်မှုများဖြစ်ပေါ်လာလျှင်ပင် ထိခိုက်နစ်နာမှု အနည်းပါးဆုံးဖြင့် ကျော်လွှားနိုင်ရန် အခွင့်အလမ်းများပါသည်။


ချိတ်ဆက်အနေဖြင့်လည်း ဝက်ဘ်ဆိုဒ်၊ မိုဘိုင်း အပလီကေးရှင်းများ ရေးသားပြုပြင်ခြင်း၊ ဘာသာပြန်ခြင်း၊ ဒီဇိုင်းများ ရေးဆွဲခြင်း၊ ကြော်ငြာစာများ ရေးသားခြင်း၊ စာရင်းဇယားရေးဆွဲခြင်းနှင့် အခြားသော လုပ်ငန်းတာဝန်များအတွက် စွမ်းဆောင်ရည် ပြည့်ဝသော Freelancer များဖြင့် မိမိတို့၏ မိတ်ဆွေ စီးပွားရေးလုပ်ငန်းရှင်များကို တဖက်တလမ်းမှ ကူညီနိုင်မည်ဟု အထူးပင် ယုံကြည်မိပါသည်။


အတူတကွ ကြံကြံခိုင်ခိုင်ဖြင့် Convid-19 ကို ကာကွယ်တွန်းလှန်သွားကြပါစို့...


အသုံးပြုစဉ်အတွင်းအသေးစိတ်သိရှိလိုမှုများနှင့် အဆင်မပြေမှုများရှိပါက Chate Sat Freelancing Platform ရဲ့ Facebook မှသော်လည်းကောင်း၊ ဖုန်းနံပါတ် 09780175330 ကိုဆက်သွယ်၍သော်လည်း မေးမြန်းစုံစမ်းနိုင်ပါသည်။

© 2016-2020 Technoholic Pte.Ltd . All rights reserved.