keyboard_arrow_left Back to blogs

အလွတ်တန်းပညာရှင် ငှားရမ်းအသုံးပြုခြင်းရဲ့ အကျိုးကျေးဇူးများ

# freelancing
visibility

527


အသေးစား စီးပွားရေးလုပ်ငန်းရှင် တစ်ဦးအနေဖြင့် အလုပ်တွေအများကြီးကို တစ်ယောက်တည်း လုပ်နိုင်ပါတယ်။ အစပိုင်းမှာတော့ ဒါဟာ မှန်ပါတယ်! မားကတ်တင်းနဲ့ ပတ်သတ်တာတွေ၊ အကောင့်တင်းနဲ့ ပတ်သတ်တာတွေ၊ အရောင်းပိုင်း၊ Customer Service ပိုင်းနဲ့ ပတ်သတ်တာတွေကို သင်တစ်ယောက်တည်း ကိုင်တွယ် ဖြေရှင်းနိုင်သော်လည်း သင့်လုပ်ငန်းအနေဖြင့် ပိုမိုကြီးထွားလာတဲ့အခါ ထိုအစိတ်အပိုင်းတွေကို ကူညီလုပ်ကိုင်ပေးမည့်သူတွေ လိုအပ်လာပါလိမ့်မယ်။

“မထူးပါဘူး၊ ဒီအလုပ်တွေ အကုန်လုံးကို ကိုယ်တိုင်ပဲ လုပ်လိုက်တော့မယ်” ဒါမှမဟုတ် “အချိန်ပြည့်၀န်ထမ်းပဲ ခန့်လိုက်တော့မယ်” စသည့်ဖြင့်လည်​း ဆုံးဖြတ်ကောင်း ဆုံးဖြတ်ပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနေရာမှာ သင့်အတွက် အလွန်အင်မတန် အကျိုးရှိစေမယ့် တစ်ခြား ရွေးချယ်စရာတစ်ခု ရှိလာပါပြီ။ အဲ့ဒါကတော့ သင့်လုပ်ငန်းနှင့် ကိုက်ညီမယ့် အလွတ်တန်းပညာရှင်တွေ ငှားရမ်း အသုံးပြုခြင်းပဲဖြစ်ပါတယ်။

အခုဆိုပြည်တွင်း၌ အလွတ်တန်း ပညာရှင်ထောင်ပေါင်းများစွာ ရှိနေပြီပဲဖြစ်ပါတယ်။ ထိုထဲမှ သင့်လုပ်ငန်းနှင့် ကိုက်ညီမယ့် ပညာရှင်တွေကို ရွေးချယ် ငှားရမ်းအသုံးပြုနိုင်ပါတယ်။ သူတို့ကို သင့်အဆက်သွယ်တွေကတဆင့် ငှားရမ်းနိုင်သလို၊ လူမှုကွက်ရက်တွေကနေလည်း တိုက်ရိုက်ဆက်သွယ် ငှားရမ်းနိုင်ပါတယ်။ များသောအားဖြင့် အလွတ်တန်းပညာရှင်တွေဟာ သူတို့ရဲ့ အရည်အချင်းနှင့် ကျွမ်းကျင်မှုတွေကို ကြော်ငြာထားတတ်ကြပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ အလွတ်တန်းပညာရှင်တွေကို လွယ်ကူစွာပဲ ငှားရမ်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါ့မှမဟုတ် Freelancing Platform တွေကိုလည်း အသုံးပြုနိုင်ပါသေးတယ်။

Freelancing Platform များဟာ အလွတ်တန်း ပညာရှင်များအတွက်ရော၊ စီပွားရေးလုပ်ငန်းရှင်တွေပါ များစွာ အထောက်အကူဖြစ်စေပါတယ်။ ဘာကြောင့်လဲဆိုတော့ လုပ်ငန်းရှင်များအနေဖြင့် ပရောဂျက်တွေတင်ပြီး အလွတ်တန်း ပညာရှင်တွေကို လွယ်ကူစွာ ရှာဖွေနိုင်သလို အလွတ်တန်း ပညာရှင်တွေအနေဖြင့်လည်း တင်ထားတဲ့ ပရောဂျက်တွေကို အလွယ်တကူပဲ ၀င်ရောက်လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။ သင့်အနေဖြင့် အလွတ်တန်းပညာရှင်တွေ ငှားရမ်းဖို့ လိုအပ်လာလျှင် ပြည်တွင်း ကုမ္ပဏီတစ်ခုဖြစ်တဲ့ “ချိတ်ဆက်” Freelancing Platform မှာသင့်ရဲ့ ပရောဂျက် ကို တာဝန်ယူပေးမဲ့ ထောင်ပေါင်းများစွာသော အလွတ်တမ်း ပညာရှင် တွေနဲ့အတူ ချိတ်ဆက်အဖွဲ့သားများက သင်နှင့် သင့်လုပ်ငန်းကို ကူညီရန် အသင့်ရှိနေပါတယ်။။

သင့်လုပ်ငန်းအတွက် အလွတ်တန်းပညာရှင်များကို ငှားရမ်းအသုံးပြုသည့်အခါ သင်သုံးစွဲမယ့် ဘတ်ဂျက် နှင့်Timeframe ကို စိတ်ကြိုက်သတ်မှတ်နိုင်ခြင်း၊ Overhead ကုန်ကျစရိတ်တွေ လျော့ချနိုင်ခြင်းနှင့် အလုပ်တွေ မြန်မြန် ဆန်ဆန်ပြီးမြောက်ခြင်း စတဲ့ အကျိုးကျေးဇူးတွေလည်း ရရှိစေမှာပဲဖြစ်ပါတယ်။

Budget and timeframe ကို စိတ်ကြိုက်သတ်မှတ်နိုင်ခြင်း

သင်ဟာလုပ်ငန်းရှင် တစ်ဦးဆိုပါစို့ - သင့်အနေဖြင့် လုပ်ငန်းအတွက် လိုအပ်တဲ့ အရည်အချင်းတွေနဲ့ ကိုက်ညီတဲ့ အလွတ်တမ်းပညာရှင်ကို သင်တက်နိုင်သော ဘတ်ဂျက်နှင့် သင်လိုချင်သော အချိန်အတွင်း ပြီးမြောက်စေရန် ငှားရမ်း အသုံးပြုနိုင်နေပြီဖြစ်ပါတယ်။အကယ်၍သင်ဟာ ဘတ်ဂျက် ကိုတော်တော်လေး ကန့်သတ်ထားတယ်ဆိုရင်တော့ အလွတ်တန်းပညာရှင် အသစ်တွေဟာ သင့်လုပ်ငန်းအတွက် ပိုပြီးသင့်လျော်ပါတယ်။ သူတို့ကို မငှားရမ်းခင် သင့်လုပ်ငန်းအတွက် ဘာတွေလုပ်ပေးရမယ်၊ ဘယ်လိုလေးလုပ်ပေးရမယ်၊ ဘယ်အချိန်အတွင်း ပြီးအောင် လုပ်ပေးစေချင်တယ် စတဲ့ အချက်တွေကို အလွတ်တန်းပညာရှင်နဲ့ ကြိုတင်ဆွေးနွေးထားသင့်ပါတယ်။ လိုအပ်လာလျှင် မိမိ ငှားရမ်းမယ့် အလွတ်တန်းပညာရှင်ရဲ့ အရင်ပြီးခဲ့တဲ့ ပရောဂျက်တွေကို တောင်းရမ်းကြည့်ရှုခြင်းဖြင့်လည်း သင့်လုပ်ငန်း အတွက် ကိုက်ညီမှု ရှိမရှိကို ကြိုတင်ဆုံးဖြတ်လို့ရမှာပဲဖြစ်ပါတယ်။ Weekend တွေနှင့် ညပိုင်းတွေပါ အလုပ်လုပ်ဖို့လိုအပ်လာတဲ့အခါ အလွတ်တန်း ပညာရှင်တွေဟာ အသင့်တော်ဆုံးပါပဲ။ အကယ်၍ သင်ခရီးလွန်နေရင်တောင်မှ သူတို့ဟာ သင့်လုပ်ငန်းအတွက် ကူညီပြီး အလုပ်လုပ်ပေးဖို့ အဆင်သင့်ရှိနေကြပါတယ်။

Overhead ကုန်ကျစရိတ်တွေ လျော့ချနိုင်ခြင်း

အလွတ်တန်းပညာရှင်များကို ငှားရမ်းအသုံးပြုသည့်အခါ ပရောဂျက်အတွက် ကုန်ကျမည့်စရိတ်အတိအကျ ကို သဘောတူ ညှိနှိုင်းပြီးပါက နောက်ထပ်ဘာမှအပိုထပ်ကုန်စရာ မလိုတော့ပါဘူး။ အကယ်၍ အချိန်ပြည့် ၀န်ထမ်းအနေဖြင့်ဆိုလျှင် ရုံးခန်းတွေ၊ အသုံးအဆောင်တွေနှင့် နေရာငှားရမ်းခတွေအတွက် စရိတ်တွေ ထပ်မံကုန်ကျ နေအုံးမှာဖြစ်ပါတယ်။ အလွတ်တန်းပညာရှင်တွေ အနေဖြင့် ၎င်းတို့ အဆင်ပြေတဲ့နေရာမှာ သူတို့ရဲ့ ကိုယ်ပိုင် အသုံးအဆောင်တွေနဲ့အတူ သင့်ရဲ့လုပ်ငန်းကို ကူညီပေးမှာဖြစ်တဲ့အတွက် တစ်ခြား ဘာမှထပ်ပြီး ခေါင်းစားနေစရာမလိုတော့ပါဘူး။ သို့သော်လည်း သင့်လုပ်ငန်းအတွက် သင့်တော်မယ့် ပညာရှင်ကိုတော့ သေချာငှားရမ်းဖို့လိုအပ်ပါတယ်နော်။ ထို့အတွက်လည်း အခုဆို စိတ်ပူစရာမလိုတော့ပါဘူး။ ကျွန်တော်တို့ “ချိတ်ဆက်” Freelancing Platform မှာ သင့်အတွက် ကိုက်ညီမယ့် အလွတ်တန်း ပညာတွေကို ကူညီရှာဖွေပေးနေတဲ့ ၀န်ဆောင်မှုလေးလည်း ရှိနေပြီဖြစ်ပါတယ်။

အလုပ်တွေ မြန်မြန် ဆန်ဆန်ပြီးမြောက်ခြင်း

အလုပ်တွေအများကြီးကို သင်တစ်ယောက်တည်းလုပ်တဲ့အခါ အနည်းငယ် အခက်တွေ့နိုင်ပါတယ်။ အကယ်၍ အလွတ်တန်းပညာရှင်တွေကိုသာ ငှားရမ်းအသုံးပြုမယ်ဆိုရင် သင်ကိုယ်တိုင်လုပ်ကိုင်ခြင်းထက် အချိန်တစ်၀က် လောက်သက်သာသွားနိုင်သလို လုပ်ငန်းအတွက် တခြားလိုအပ်နေတဲ့နေရာတွေမှာ အချိန်ပိုပေးနိုင်တဲ့ အတွက်လုပ်ငန်းကို ပိုမိုတိုးတက်စေနိုင်ပါတယ်။ အကယ်၍ အချိန်ပြည့်၀န်ထမ်းခန့်မည်ဆိုပါက အလုပ်ခေါ်စာ တွေကြော်ငြာရမယ်၊ CV ဖောင်တွေကို Review လုပ်ရမယ်၊ အလုပ်မခန့်သေးခင်မှာ အင်တာဗျူးတွေလည်း ခေါ်ပြီးမှ တကယ်အလုပ်ခန့်တဲ့အဆင့်ကို ရောက်မှာဖြစ်ပါတယ်။ အလွတ်တန်းပညာရှင်တွေနဲ့ အလုပ်လုပ် ခြင်းဖြင့် ထိုအဆင့် ၃ဆင့်လောက်ကို ကျော်ပစ်လိုက်နိုင်သလို အလုပ်လည်း ပိုမိုတွင်ကျယ်စေမှာဖြစ်ပါတယ်။

ဒါ့ကြောင့် သင့်အနေဖြင့် အလွတ်တန်းပညာရှင်တွေ ငှားရမ်းအသုံးပြုဖို့လိုအပ်လာရင် “ချိတ်ဆက်” ကိုသာ သတိရလိုက်ပါနော်!

Contributed by Myat Min [email protected] Thit, ChateSat's Freelancer
Ref: SpeedLancer

© 2016-2020 Technoholic Pte.Ltd . All rights reserved.