keyboard_arrow_left Back to blogs

🌟🌟🌟🌟🌟 How to be a five star freelancer 🌟🌟🌟🌟🌟

# freelancing
visibility

417


'ချိတ်ဆက်'မှာ လုပ်ငန်းရှင်တွေက အလုပ်အပ်ဖို့အတွက် Freelancer တွေကို ရွေးချယ်ပြီဆိုရင် အခြားသော အချက်အလက်တွေအပြင် အရေးတကြီး ကြည့်ရှုတာကတော့ Rating ပါ။ Freelancer တစ်ယောက်ရဲ့ Profileကို ဝင်ကြည့်လိုက်တာနဲ့ 5 Starဖြစ်နေပြီဆိုရင် ဒါဟာ အပ်လိုက်တဲ့ အလုပ်တိုင်းကို သေသေသပ်သပ်နဲ့ အကောင်းဆုံး လုပ်နိုင်ခဲ့တယ်ဆိုတဲ့ မှတ်ကျောက်ဖြစ်ပြီး အလုပ်တွေအပ်ဖို့အတွက်လဲ စဥ်းစားနေတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ မိမိကို ရွေးချယ်ဖို့ ဆုံးဖြတ်ချက်ကို ပိုမိုခိုင်မာစေပါတယ်။ ဆိုတော့... 5 Star ရအောင် ဘယ်တွေ လုပ်ဖို့လိုမလဲ...


၁။ လုပ်ငန်းရှင်ကို ၁၀၀ရာခိုင်နှုန်း စိတ်ကျေနပ်မှုပေးဖို့ အမြဲကြိုးစားပါ

Project တခုကို အပ်လိုက်ပြီး ကိုယ်က လုပ်ရပြီဆိုတာနဲ့ အလုပ်အပေါ်မှာ အချိန်မှန်၊ အရည်အသွေးမှန် ဖြစ်ဖို့ အမြဲကြိုးစားပါ။ ပြဿနာ တခုခုရှိခဲ့ရင်လည်း ညှိနှိုင်းဆောင်ရွက်ပါ။ 'ချိတ်ဆက်'ကိုလည်း အကူအညီတောင်းနိုင်ပါတယ်။ နောက်အလုပ်အပ်မယ့် လုပ်ငန်းရှင်တွေကလည်း ရှေ့လုပ်ငန်းရှင်တွေက Freelancer ကို ဘယ်လို Review & Rating တွေ ပေးသွားလည်းဆိုတာကို ဂရုတစိုက်ကြည့်ကြတဲ့အတွက် အဲ့ဒီအပိုင်းကိုတော့ အထူးအလေးထားဖို့ တိုက်တွန်းပါတယ်။


၂။ မငြင်းခုံပါနဲ့

အလုပ်လုပ်ပြီဆိုတာနဲ့ တဖက်နဲ့ တဖက်အကြားမှာ အမြင်မတူတာတွေ ရှိမှာပါပဲ။ ကိုယ်က ကောင်းတယ်ထင်လို့ လုပ်ထားပေမယ့် လုပ်ငန်းရှင်က တခြားတခုခုကို ပြန်ပြင်စေချင်တာမျိုးတွေ ရှိလာရင် အကောင်းဆုံး ပြင်ဆင်ပေးနိုင်ဖို့အတွက်ပဲ ကြိုးစားပါ။ ငြင်းခုံနေတာနဲ့ ကောင်းတဲ့ အကျိုးရလဒ်တွေ ရလာမှာ မဟုတ်ပါဘူး။


၃။ တာဝန်ယူစိတ် အပြည့်အဝရှိပါ

အကြောင်းအမျိုးမျိုးကြောင့် သတ်မှတ်ထားတဲ့ ရက်အတွင်း အလုပ်မအပ်နိုင်တာ၊ အရည်အသွေးထိခိုက်သွားတာတွေက ဖြစ်လေ့ဖြစ်ထ ရှိတတ်ပါတယ်။ အဲ့ဒီလိုဆိုရင် စောစောစီးစီး၊ ပွင့်ပွင့်လင်းလင်းနဲ့ လုပ်ငန်းရှင်နဲ့ အကျိုးသင့်အကြောင်းသင့် ပြောဖို့လိုအပ်ပါတယ်။ ဒါမှ နှစ်ဦးနှစ်ဖက် အဆင်ပြေတဲ့ အဖြေကို ရှာနိုင်မှာပါ။ ကိုယ့်ဖက်က မှားနေရင် ဝန်ခံဖို့ဝန်မလေးသလို၊ ပြန်လည် ပြင်ဆင်ပေးဖို့လဲ အဆင်သင့် ဖြစ်နေသင့်ပါတယ်။ အကောင်းဆုံးကတော့ အချိန်ကို လေးစားပြီး ကတိပေးထားတဲ့အတိုင်း project တွေကို အပ်နိုင်ဖို့ပါ။ ဒါဆိုရင်တော့ 5 Star က ပြေးမလွတ်ပါဘူး။


၄။ အသေးစိတ်ကအစ ဂရုစိုက်ပါ

လုပ်ငန်းရှင်ရဲ့ ယုံကြည်အားကိုးမှုကို ရချင်တယ်ဆိုရင် အပ်နှံထားတဲ့အလုပ်ကို အသေးစိတ်က အစ ကိုယ့်လုပ်ငန်းလို သဘောထားပြီး အကောင်းဆုံး လုပ်ပေးဖို့ပါပဲ။ အပ်လိုက်တဲ့ project တွေကို နှစ်ခါ၊ သုံးခါ ပြန်ပြင်နေရတာမျိုးမဖြစ်ပဲ အပ်လိုက်တာနဲ့ လုပ်ငန်းရှင် စိတ်ကျေနပ်မှု ရဖို့က အသေးစိတ်ကအစ ဂရုစိုက်ပြီး ဆောင်ရွက်ထားဖို့ပါ။ ဒါဆိုရင် လုပ်ငန်းရှင်ဘက်ကလည်း Review & Rating ကောင်းကောင်းတွေ ပေးဖို့ ဝန်လေးနေမှာမဟုတ်ပါဘူး။


ဒီနေ့က စပြီး အပေါ်က ပြောခဲ့တဲ့ အချက်လေးတွေကို ဂရုပြုပြီး www.chatesat.com á€™á€¾á€¬ project တွေ ရယူရင်း Review & Rating အမြင့်ဆုံးတွေ ရကြပါစေလို့ ဆုတောင်းပေးလိုက်တယ်နော်...


© 2016-2020 Technoholic Pte.Ltd . All rights reserved.