keyboard_arrow_left Back to blogs

'ချိတ်ဆက်'ကို အသုံးပြုနေတဲ့ လုပ်ငန်းရှင်များအတွက် အသစ်မိတ်ဆက်လိုက်တဲ့ Referral Program

# entrepreneur # chatesat
visibility

239


ဒီ Referral Program ဆိုတာကတော့ မိမိရဲ့ မိတ်ဆွေ၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်များကို ‘ချိတ်ဆက်‘အား အသုံးပြုရန် ညွှန်းဆိုတဲ့ အခါမှာ ညွှန်းဆိုတဲ့သူနှင့် အညွှန်းဆိုခံရတဲ့သူပါ နှစ်ဦးနှစ်ဖက်လုံးအတွက် အထူးပင် အကျိုးကျေးဇူးရှိစေမဲ့ အစီအစဥ်ဖြစ်ပါတယ်။


Referral Program ကို အသုံးပြုဖို့အတွက် ညွှန်းဆိုသူ (Sender)သည် ‘ချိတ်ဆက်‘တွင် Client အကောင့် ရှိပြီးသား ဖြစ်ရပါမယ်။ ညွှန်းဆိုဖို့အတွက် (https://chatesat.com/referral/invite) ကို သွားရောက်၍ အညွှန်းဆိုခံရမည့်သူ (Receiver)၏ email ကို ရိုက်ထည့်ပြီး ညွှန်းဆိုပေးရမှာ ဖြစ်ပါတယ်။ သို့မဟုတ် လင့် (Link) ကို ကူးယူပြီး အညွှန်းဆိုခံရမည့်သူ (Receiver)ထံသို့ မိမိကြိုက်နှစ်သက်ရာ Facebook messenger, Viber, Whatsapp စသည်အားဖြင့် ပေးပို့ပေးလို့ ရပါတယ်။


ညွှန်းဆိုသူ (Sender)အနေဖြင့် အရေအတွက် အကန့်အသတ်မရှိ ညွှန်းဆိုနိုင်သော်လည်း အညွှန်းဆိုခံရမည့်သူ (Receiver)မှာ ယခုအကျိုးကျေးဇူးကို မည်မျှများပြားသည့် ညွှန်းဆိုသူ(Sender)များဆီမှ ရရှိထားသည် ဖြစ်စေ တစ်ကြိမ်သာ အသုံးပြုနိင်မှာ ဖြစ်ပါတယ်။ အညွန်းဆိုခံရမည့်သူ (Receiver)သည် ‘ချိတ်ဆက်‘တွင် Client (သို့မဟုတ်) Freelancer အကောင့် ဖွင့်ထားပြီးသူဖြစ်ပါက Program တွင် အကျုံးဝင်မည် မဟုတ်ပါ။


ညွန်းဆိုမှု တစ်ခုလျှင် ညွှန်းဆိုသူ (Sender)မှ ၃၀၀၀ ကျပ် တန်ဖိုးရှိ Referral Points များကို အကောင့်ထဲတွင် ရရှိမည် ဖြစ်ပြီး အညွှန်းဆိုခံရသူ (Receiver)မှ ၁၀၀၀၀ ကျပ် တန်ဖိုးရှိ Referral Points များကို ရရှိမည် ဖြစ်ပါသည်။

ထို Referral Points များကို အသုံးပြု၍ ‘ချိတ်ဆက်‘တွင် Freelancerများကို ကုန်ကျစားရိတ်သက်သာစွာ အသုံးပြုနိုင်မည် ဖြစ်သည်။


သတိပြုရန်စည်းကမ်းချက်များ −

၁။ ညွန်းဆိုမှုတစ်ခုတွင် အညွှန်းဆိုခံရသူ(Receiver)မှ project ပြီးမြောက်သွားမှသာလျှင် ညွှန်းဆိုသူ(Sender)မှ ၃၀၀၀ ကျပ်ကို Referral Points အဖြစ်ရရှိမည် ဖြစ်သည်။

၂။ ရရှိထားသော Referral Points များကို ငွေသားအဖြစ် လဲလှယ်ယူ၍ မရပါ။

၃။ ညွှန်းဆိုသူသည် ရရှိသော Referral Points များကို အသုံးပြု၍ project ဆောင်ရွက်ရာတွင် ကျသင့်ငွေ ၅၀၀၀၀ ကျပ်အောက် လျော့နည်းသော project များအတွက် စုစုပေါင်းကျသင့်ငွေ၏ ၈၀ရာခိုင်နှုန်းကိုသာလျှင် ရရှိထားသော Referral Points များဖြင့်အသုံးပြုနိုင်မှာဖြစ်ပြီး ကျသင့်ငွေ ၅၀၀၀၀ ကျပ်အထက် ဆိုလျှင် အများဆုံး ၅၀၀၀၀ကျပ်ကို လျှော့စျေးအနေဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။ ဥပမာ သင့်တွင် Referral Points ၁သိန်းရရှိပြီးဖြစ်သည်ဆိုပါစို့။ (၁) Project ကျသင့်ငွေ ၄သောင်းတန်ဖိုးအတွက် ငွေပေးချေရာတွင် 80% ဖြစ်သည့် ၃၂၀၀၀ ကို Referral Points ဖြင့်အသုံးပြု၍ရမည်ဖြစ်ပြီး ကျန်ငွေ ၈ထောင်သာ ပေးချေရပါမည်။ သင့်အကောင့်တွင် ၆၈၀၀၀ ဖိုး Referral Points ကျန်ရှိမည်ဖြစ်သည်။ (၂) Project ကျသင့်ငွေ ၇သောင်းအတွက် ထပ်မံသုံးစွဲမည်ဆိုလျှင် ၅သောင်းကျပ်ကို Referral Points မှဖြတ်သွားမည်ဖြစ်ပြီး ကျန်ငွေ ၂သောင်းသာ ပေးချေရန်လိုမည်ဖြစ်သည်။ သင့်အကောင့်တွင် Referral Points ၁၈၀၀၀ ကျန်ရှိမည်ဖြစ်သည်။

၄။ ညွှန်းဆိုခံရသူအတွက် လျှော့စျေး ၁၀၀၀၀ ကျပ် သည် ပထမဆုံးအကြိမ်အတွက်သာဖြစ်ပြီး နောက်အကြိမ်များတွင် လျော့စျေး အကျုံးမဝင်တော့ပါ။

အသေးစိတ် သိရှိလိုပါက ‘ချိတ်ဆက်’၏ Facebook Page Messenger သို့လည်းကောင်း၊ [email protected] သို့ လည်းကောင်း၊ ဖုန်းနံပါတ် 09780175330 သို့လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

© 2016-2020 Technoholic Pte.Ltd . All rights reserved.