keyboard_arrow_left Back to blogs

**OFFICIAL PARTNERSHIP ANNOUNCEMENT!**

# chatesat
visibility

626



Chate Sat Freelancing Platform is proud to announce its official partnership with Fairway Technology. Our officially signed MOU outlines that by combining our two technology and freelance communities, we will motivate, empower and inspire young freelance developers across Myanmar to then bring positive future ahead.

မင်္ဂလာပါရှင်

ချိတ်ဆက်နဲ့ Fairway Technology တို့ တရားဝင်ပူးပေါင်းခြင်းကို ဂုဏ်ယူစွာ ကြေညာဖော်ပြချင်ပါတယ်။ ဒီလိုပူးပေါင်းလိုက်ခြင်းဟာ အဖွဲ့အစည်းနှစ်ရပ်လုံးမှာရှိတဲ့ နည်းပညာဆိုင်ရာ အလွတ်တန်းပညာရှင် Freelance Developer အသိုင်းအဝိုင်းကို ပေါင်းစည်းပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ယုံကြည်စွာနဲ့ အလုပ်အခွင့်အလမ်းများ ပေးအပ်သွားမှာဖြစ်လို့ ဒီပူးပေါင်းမှုကနေ မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာရှိတဲ့ ပညာရှင်လူငယ်များနဲ့ Freelancer များအတွက် တောက်ပတဲ့ အနာဂတ်သစ်များကို သယ်ဆောင်လာပေးနိုင်ဖို့ မျှော်လင့်ပါတယ်။

Fairway Technology ကတော့ ထူးချွန်တဲ့ Web Developer, Designer နဲ့ Mobile App Developer များကို မွေးထုတ်ပေးရာ သင်တန်းကျောင်းတစ်ခု ဖြစ်ပါတယ်။ ဒီပူးပေါင်းမှုရဲ့ ပထမဆုံးခြေလှမ်းအနေနဲ့ Endorsement Program: Web/Mobile Development ဆိုတဲ့ အစီအစဉ်တစ်ရပ်ကို စီစဉ်ထားပါတယ်။ Fairway Technology မှ အရည်အချင်းပြည့်မီတဲ့ သင်တန်းဆင်းများကို ချိတ်ဆက်မှာ အသိအမှတ်ပြုတံဆိပ် Endorsement Badge ထုတ်ပေးမှာဖြစ်လို့ သင်တန်းဆင်းများအတွက် အလုပ်အခွင့်အလမ်းတွေ ပိုမိုကောင်းမွန်လာစေမှာ ဖြစ်သလို၊ အလုပ်အခွင့်အလမ်း ပေးအပ်လိုသူတွေအတွက်လည်း အရည်အချင်းမီ အလွတ်တန်း ပညာရှင်များနဲ့ ပိုပြီးထိထိရောက်ရောက် ချိတ်ဆက်နိုင်စေမှာပါ။

Endorsement Program အသေးစိတ်ကို သိရှိချင်တယ်ဆိုရင်တော့ http://chatesat.com/blogs/endorsement-program-for-newcomers မှာ လေ့လာနိုင်ပါတယ်။

#Fairway #ChateSat #1FreelancingPlatform#Partnership

© 2016-2020 Technoholic Pte.Ltd . All rights reserved.