3660
၁) သင့်ကိုယ်ပိုင် Profile တစ်ခု ရှိပါစေ
Freelancer အနေနဲ့ အလုပ်လုပ်တော့မယ်ဆိုရင် သင့်အကြောင်းနဲ့ ကျွမ်းကျင်ရာ အလုပ်တွေအကြောင်း သေချာရှင်းပြထားတဲ့ Profile သို့မဟုတ် Blog တစ်ခုတော့ ရှိသင့်ပါတယ်.. သင်ဘာတွေလုပ်တတ်တယ်.. ဘာတွေလုပ်ခဲ့ဖူးတယ်.. ဘယ်အလုပ်မျိုးတွေ စိတ်ဝင်စားတယ်ဆိုတာကို အလုပ်ရှင်က သေချာသိရတော့ ရွေးချယ်ရာမှာ ပိုအဆင်ပြေတာပေါ့..
၂) Sample ပေးပါ
တချို့လုပ်ငန်းရှင်တွေက လေ ျှာက်ထားသူအများကြီးထဲက ရွေးချယ်ဖို့အတွက် sample တောင်းလေ့ရှိပါတယ်.. ဥပမာ စာပုဒ်တပုဒ် ဘာသာပြန်ခိုင်းတာမျိုး.. နာရီအနည်းငယ်အစမ်းခန့်အနေနဲ့ဆင်းရတာမျိုးပေါ့..
ခုမှအလုပ်စလုပ်မယ် အရင်လုပ်ဖူးတဲ့ အတွေ့အကြုံမရှိသေးဘူးဆိုရင် sample အနေနဲ့ လုပ်သင့်ပါတယ်..
၃) ငြင်းပယ်ခံရမှုကို အာရုံမစိုက်ပါနဲ့
Freelancer တယောက်အနေနဲ့ အမြဲတမ်းတော့ ပရောဂျက်ရမနေနိုင်ဘူးပေါ့.. ငြင်းပယ်ခံရတဲ့အခါ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိရှိနဲ့ ရှေ့ဆက်သွားဖို့က အရေးကြီးပါတယ်.. အလုပ်တွေဆက်တိုက်လေ ျှာက်ထားပေးမဲ့ အကြောင်းမပြန်တော့တာမျိုး "ကျေးဇူးပါ ဒါပေမဲ့...." ဆိုတဲ့ email တွေဖတ်ရတဲ့အခါမျိုးမှာ စိတ်ထဲမထားပဲ ဆက်ကြိုးစားပြီး သင့်ရည်မှန်းချက်ဆီရောက်အောင် လေ ျှာက်လှမ်းပါ..
၄) Freelance အလုပ်တွေကို ထိရောက်တဲ့နေရာမှာရှာပါ
မြန်မာနိုင်ငံက freelancer တချို့က Upwork, Freelancer, Guru လိုမျိုး global freelance platform တွေမှာ အလုပ်တွေရှာကျပါတယ်.. ChateSat မှာဆိုရင် မြန်မာလုပ်ငန်းရှင်အများစုက အလုပ်တွေတင်တာမို့ ဘာသာစကား အခက်အခဲမရှိပဲ အလုပ်ရှာလို့ရပါတယ်.. အခြားနည်းလမ်းတွေလည်း ရှိပေမဲ့ facebook ပေါ်မှာ အချိန်ပိုင်းအလုပ်လိုချင်ရင် ဆက်သွယ်ပါဆိုတာမျိုးကို အားကိုးဖို့တော့ အားမပေးပါဘူး..
၅) လူတွေနဲ့ပေါင်းသင်းဆက်သွယ်ပါ
ဘာသိလည်းဆိုတာထက် ဘယ်သူနဲ့သိလဲဆိုတာက ပိုသာတယ်လို့ပြောကျတာ ကြားဖူးမှာပါ.. Freelancing မှာလည်း ဒါကမှန်ပါတယ်.. အလွတ်တမ်းပညာရှင်အချင်းချင်း ယှဉ်ပြိုင်သူလို သဘောမထားပဲ အဖွဲ့အစည်းစိတ်ဓါတ်နဲ့ အတူတူရိုင်းပင်းကူညီပြီး အသိပညာတွေ ဝေမ ျှကျမယ်ဆိုရင် အားလုံးအတွက် အပေါင်းရလဒ်တွေဖြစ်မှာပါ.. လူတွေနဲ့တွေ့ဆုံပါ စကားလက်ဆုံပြောပါ.. အွန်လိုင်းမှာဖြစ်ဖြစ် အပြင်မှာဖြစ်ဖြစ် ကိုယ်နဲ့ဝါသနာတူ စရိုက်တူ အလွတ်တမ်းပညာရှင်အချင်းချင်း မိတ်ဖွဲ့ပါ.. တချိန်မှာ ကိုယ်နဲ့အတူတူ အလုပ်လုပ်နေမလား အလုပ်ရှင်ဖြစ်မလား စီးပွားရေးပါတနာဖြစ်မလားဆိုတာ မသိနိုင်ဘူးလေနော်..
© 2016-2022 Technoholic Pte.Ltd . All rights reserved.