6137
‘ချိတ်ဆက်’ တွင် လုပ်ငန်းရှင်များနှင့် Freelancer များကို project အလိုက် တိကျစွာ ချိတ်ဆက် လုပ်ကိုင်နိုင်ရန်အတွက် Freelancerများပေးနိုင်သော ဝန်ဆောင်မှုများကို လည်းကောင်း၊ လုပ်ငန်းရှင်များ project တင်ရာတွင် လည်းကောင်း Category, Sub-Category နှင့် Skillများကို ဖြည့်စွက်ရွေးချယ်ရန် ထည့်သွင်းပေးထားပါသည်။
(၄)နှစ်နီးပါး လုပ်ငန်းရှင်များနှင့် Freelancerများအကြားတွေ ဝန်ဆောင်မှုများ ပေးခဲ့သည့်အချက်အလက်များပေါ်မူတည်၍ ပိုမိုကောင်းမွန်သော ချိတ်ဆက်မှုများ ဖြစ်ပေါ်လာစေရန်အတွက် Category, Sub-Categoryနှင့် Skillတို့တွင် ပြောင်းလဲမှု တချို့ကို ‘ချိတ်ဆက်’မှ မွမ်းမံ ပြင်ဆင်လိုက်ပါသည်။
ယခုလို ပြုပြင်မွမ်းမံလိုက်သည့်အတွက် လုပ်ငန်းရှင်များသည် projectအတွက် လိုအပ်သည့် Serviceနဲ့ Skill များကို တိတိကျကျ ရွေးချယ်လာနိုင်မည် ဖြစ်ပြီး Freelancer များအနေဖြင့်လည်း မိမိတို့ ပိုင်နိုင်သည့် Serviceနှင့် Skillများကို ပိုမိုတိကျစွာ ဖော်ပြနိုင်တော့မည် ဖြစ်သည်။ဥပမာအားဖြင့် ယခင်က Category ကို “Design & Creative” ကို ရွေးချယ်လိုက်ပါက Sub-Categoryတွင် “Animation”, “Architect”, “Layout Design” စသဖြင့် ထပ်မံ ရွေးချယ်နိုင်ပြီး သက်ဆိုင်ရာ လိုအပ်သည့် Skillများကို ရွေးချယ်ပေးရပါသည်။
ယခုအခါတွင် “Graphic Design, Motion Pictures & Creative” ဟု Category ကို ပြောင်းလဲလိုက်ပြီး ၎င်းအောက်တွင် Sub-Category အနေဖြင့် “Graphic Design”, “Art & Drawing”, “Architecture & Interior”နှင့် “Motion Picture”ဟူ၍ ထပ်မံခွဲခြားဖော်ပြထားပါသည်။ Sub-Category တစ်ခုခြင်းအောက်တွင်လဲ Serviceများကို ထပ်မံထည့်သွင်းထားပါသည်။ (ဥပမာ − “Motion Picture” Sub-Categoryအောက်တွင် Serviceအားဖြင့် “2D Animation”, “3D Animation”နှင့် “GIF”တို့ ပါဝင်ပါသည်။ ထို့ကြောင့် ပိုမိုတိကျသော projectများကို လုပ်ငန်းရှင်များမှ တင်လာနိုင်သလို Freelancerများအနေဖြင့်လည်း မိမိတို့ စွမ်းဆောင်နိုင်သော Serviceများကို တိကျသေချာစွာ ဖော်ပြနိုင်မည် ဖြစ်ပါသည်။ယခုပြောင်းလဲမှုများနှင့် ပက်သတ်၍ စုံစမ်းသိရှိလိုပါက ဖုန်းနံပါတ် (09-780 175 330) သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
© 2016-2022 Technoholic Pte.Ltd . All rights reserved.