keyboard_arrow_left Back to blogs

Coin Payment System is launched!

# freelancing # technology # chatesat
visibility

2482


ချိတ်​ဆက်​ website ကို အဆင့်မြှင့်တင်​မှုအ​နေနဲ့ ထည့်သွင်​းလိုက်​တဲ့ Coin Payment System ကို စတင်​အသုံးပြုလို့ရပါပြီဆိုတဲ့အ​ကြောင်​း သတင်​း​ကောင်​း ပါးချင်ပါတယ်။ Coin System ​ထည့်သွင်​းလိုက်​ခြင်​း​ကြောင့် chatesat.com ကို အသုံးပြု​နေကြတဲ့ လုပ်​ငန်​းရှင်​​(employer) ​တွေနဲ့ အလွတ်တမ်းပညာရှင်(freelancer) ​တွေအတွက်​ ​ငွေ​ပေး​ချေတဲ့အပိုင်​းမှာ အရင်​ကထက်​ အချိန်​ကုန်​သက်​သာပြီး အသုံးပြုရလွယ်​ကူသွား​မှာ ဖြစ်​ပါတယ်​။

Coin Payment System အ​ကြောင်​း အ​သေးစိတ်​မ​ပြောခင်​မှာ အရင်​က chatesat.com မှာ အသုံးပြုခဲ့တဲ့ ​ငွေ​ပေး​ချေမှုပုံစံကို အရင်​​ပြောပြချင်​ပါတယ်​။ အားလုံးသိကြတဲ့အတိုင်​း လုပ်​ငန်​းရှင်​​(employer​) က freelancer တစ်​​ယောက်​ကို ​ရွေးချယ်​ Hire လုပ်​ပြီးတဲ့​နောက်​မှာ project အတွက်​ ​ငွေ​ပေး​ချေမှု (payment) လုပ်​ရပါတယ်​။ အဲဒီအခါမှာ chatesat ဘက်​က invoice ပြင်​ပြီးပို့​​​ပေးတာ၊ ​ငွေလွှဲ​နိုင်​ပြီဆိုတာကို ဖုန်းဆက်​အ​ကြောင်​းကြားရတာ၊ bank အ​ကောင့်ထဲ​မှာ transaction ကိုစစ်​ရတာ စတာ​တွေအားလုံးကို manually လုပ်​ခဲ့ရတာဖြစ်​ပါတယ်​။ Employer​ ​တွေနဲ့ Freelancer ​တွေဘက်​မှာလဲ ​ဘဏ်​မ​ှာ​ငွေလွှဲရတဲ့အပိုင်​းနဲ့ မိမိရဲ့ chatesat အ​ကောင့်မှာ transaction ကို မမြင်​ရတဲ့အတွက် ဖုန်​းဆက်ပြီး confirm ထပ်လုပ်​ရတာ စတဲ့ အဆင်​မ​ပြေမှု​တွေ အချိန်​ကြန်​့ကြာမှု​တွေ ရှိခဲ့ပါတယ်​။

အခုစတင်​အသုံးပြုမယ့် coin system မှာ​တော့ ဒီအဆင်​့​တွေ အားလုံးကို ဖြုတ်​ချပြီး​တော့ payment လုပ်​တဲ့အပိုင်​းကို မိမိရဲ့ chatesat အ​ကောင့်ထဲမှာပဲ တစ်​ထိုင်​တည်​းလုပ်​လို့ရ​မယ့် automated စနစ်​ဖြစ်အောင်လုပ်ပေးထားပါတယ်။ Employer နဲ့ Freelancer နှစ်​ဘက်​လုံးက project အတွက်​ သ​ဘောတူပြီးတဲ့နောက် Agree ခလုတ်​ကို နှိပ်​လိုက်​တာနဲ့ payment အတွက်​ invoice ကို system က ချက်​ချင်​းထုတ်​​ပေးမှာဖြစ်​ပါတယ်​။ ​ငွေ​ပေး​ချေဖို့အတွက်​ကိုလဲ ဘဏ်​ကိုသွားစရာမလိုပဲ iBanking, MPU စတဲ့ payment အမျိုးအစား​တွေကိုသုံးပြီး website ​ပေါ်မှာတင်​ ​ငွေ​ပေး​ချေနိုင်တော့​မှာ​ပါ။ ဒါ့အပြင်​ မိမိ​ငွေအသွင်​းအထုတ်​ပြုလုပ်​ထားတဲ့ transaction ​တွေကို မိမိအ​ကောင့်ရဲ့ dashboard ထဲမှာ real time မြင်​​တွေ့​နေရမှာဖြစ်​ပါတယ်​။


How to use (for Employers)

လုပ်ငန်း​ရှင်​​​(employer​) ​တွေက project အတွက်​ freelancer ကို hire လုပ်​ထားပြီးတဲ့အခါ ပုံမှာ မြင်​ရတဲ့အတိုင်​း project ​တွေရဲ့​ဘေးမှာ payment information အပြည့်အစုံနဲ့ download ထားလို့ရမယ့် invoice ကို မြင်​​တွေ့ရမှာပါ။ Project တစ်​ခုချင်​းစီကို click နှိပ်​ပြီး ကြည့်နိုင်​ပါတယ်​။


 


Project အတွက်​ ​ငွေ​ပေး​ချေမှုလုပ်​​​တော့မယ်​ဆိုရင်​ Pay now ကို နှိပ်​ပြီး​တော့ payment option ၃ခု (iBanking, MPU, Coin) ထဲက တစ်​ခုခုကို ​ရွေးချယ်​အသုံးပြုရမှာပါ။
iBanking ကိုအသုံးပြုမယ်​ဆိုရင်​​တော့ ပုံထဲကအတိုင်​း AYA, KBZ, CB bank ​တွေထဲက မိမိအသုံးပြုတဲ့ bank ကို​​ရွေးချယ်​လိုက်​ပြီဆိုရင်​ သက်​ဆိုင်​ရာ Bank ရဲ့ iBanking website က​နေတစ်​ဆင့် ငွေပေးချေနိုင်ပါတယ်။
 


 


MPU နဲ့ ​ငွေ​ပေး​ချေမယ်​ဆိုရင်​​တော့ ပုံထဲကအတိုင်​း MPU Gateway webpage ကို​ရောက်​သွားမှာဖြစ်​ပြီး အဲဒီက​နေတစ်​ဆင့် ​ငွေ​ပေးချေ​ရမှာပါ။
 


 


Coin ဆိုတာက​တော့ iBanking, MPU တို့နဲ့ ​ငွေကြိုထည့်ထားလို့ရမယ့် အ​ကောင့်တစ်​ခုဖြစ်​ပါတယ်​။  project တစ်​ခါတင်​မှ တစ်​ခါ iBanking, MPU နဲ့ ​ငွေလွှဲလို့ရသလို project ​တွေများတဲ့အခါမျိုးမှာ credit အ​နေနဲ့ ​ငွေကြိုထည့်ထားပြီးမှ အဲဒီထဲက​နေတစ်​ဆင်​့ ​ငွေ​ချေလို့လဲရ​ပါတယ်​။ Project အတွက်​​ iBanking, MPU က​နေ​တစ်​ဆင့် ​ငွေ​ချေတဲ့အခါ အစွန်းထွက်​ပို​နေ​တဲ့ ​ငွေ​တွေက Coin အ​ကောင်​့ထဲမှာ ​ရောက်​​နေမှာပါ။
Coin အ​ကောင်​့ထဲကို ​ငွေဖြည်​့ထားလို့ရသလို အဲဒီအထဲမှာရှိ​နေတဲ့ ​ငွေကိုလဲ အလွယ်​တကူပြန်​ထုတ်​လို့ရပါတယ်​။ Coin အ​ကောင်​့ကို​တော့ ပုံထဲမှာမြင်​ရတဲ့အတိုင်​း မိမိရဲ့ dashboard ထဲမှာ မြင်​ရမှာပါ။
 


 


Coin Balance မှာ view details ကို နှိပ်​လိုက်​မယ်ဆိုရင်​ Coin information page ကို​ရောက်​သွားမှာဖြစ်​ပြီးတော့ ​​Coin အ​ကောင်​့ထဲကို ​ငွေဖြည်​့တာ ​ငွေထုတ်​တာ​တွေကို လုပ်​လို့ရမှာပါ။ အဲဒီ​အောက်​မှာ​တော့ မိမိအ​ကောင်​့အတွင်​းမှာ လုပ်​ထားသမျှ transaction record ​တွေကို စစ်​​ဆေးနိုင်​ပါတယ်​။
 


 


How to use (for Freelancers)

Freelancer ​တွေအ​နေနဲ့က​တော့ ​project ပြီးသွားတဲ့အချိန်​ confirm ဖြစ်​သွားပြီဆိုတာနဲ့ မိမိရဲ့ Coin အ​ကောင်​့ထဲကို ငွေဝင်​လာမှာပါ။ Coin Balance ထဲကနေ ​ငွေထုတ်​ယူဖို့ကို​တော့ withdraw ခလုတ်​ကိုနှိပ်​ပြီး မိမိရဲ့ Bank အ​ကောင်​့က​နေတစ်​ဆင်​့ထုတ်​ယူနိုင်​ပါတယ်​။ မိမိရဲ့ coin အ​ကောင်​့ထဲမှာ​တော့ Coin System ကို activate ဖြစ်နေရန်အတွက် လက်​ကျန်​​ငွေ အနည်​းဆုံး ၁၀၀၀ ကျပ်​ချန်​ထား​ပေးရမှာ ဖြစ်​ပါတယ်​။



Coin Payment System ကို လက်​ရှိမှာ iBanking, MPU တို့နဲ့ပဲ အသုံးပြုနိုင်သေး​​ပေမယ့် Master, Visa တို့နဲ့လဲ မကြာမီ အသုံးပြုလို့ရ​တော့မှာဖြစ်​ပါတယ်။

© 2016-2020 Technoholic Pte.Ltd . All rights reserved.