3532
ချိတ်ဆက်ရဲ့ Program အသစ်တစ်ခုဖြစ်တဲ့ Endorsement Program အကြောင်း ချိတ်ဆက်ရဲ့ အလွတ်တမ်းပညာရှင်တွေနဲ့ လုပ်ငန်းရှင်တွေကို မိတ်ဆက်ပေးချင်ပါတယ်။
Endorsement ဆိုတာကတော့ ချိတ်ဆက်နဲ့ နယ်ပယ်တစ်ခုချင်းစီမှာ ကျော်ကြားတဲ့ သင်တန်းကျောင်းတွေ ပူးပေါင်းပြီး ပြုလုပ်တဲ့ အစီအစဉ်တစ်ခု ဖြစ်ပါတယ်။ ဒီ Program ရဲ့ အဓိက ရည်ရွယ်ချက်က ချိတ်ဆက်ပေါ်ကို အခုမှ စဝင်လာတဲ့ အလွတ်တမ်းပညာရှင် တွေအတွက် Project တွေပိုမို ရရှိအောင် အထောက်အကူပြုနိုင်ဖို့ဖြစ်ပါတယ်။
လုပ်ငန်းရှင်တွေအနေနဲ့ ချိတ်ဆက်မှာ အလုပ်အပ်ကြတဲ့အခါ များသောအားဖြင့် Freelancer တွေရဲ့ အရည်အချင်းကို အရင်ရခဲ့ဖူးတဲ့ Review & Rating တွေကနေ တစ်ဆင့် ဆုံးဖြတ်ရွေးချယ်လေ့ရှိပါတယ်။ ဒါက Project လုပ်ပြီးထားတဲ့ Freelancer တွေအတွက် အဆင်ပြေပေမယ့် ချိတ်ဆက်ကို အခုမှစဝင်လာတဲ့ Freelancers တွေမှာ Review နဲ့ Rating မရှိသေးတဲ့အတွက် မိမိရဲ့အရည်အချင်းကိုပြဖို့က အခက်အခဲတစ်ခု ဖြစ်နေတာကို တွေ့ရပါတယ်။
ဒီအခက်အခဲကို ဖြေရှင်းဖို့အတွက် ချိတ်ဆက်ကနေ Program အသစ်တွေကို မိတ်ဆက်တာဖြစ်ပြီး Endorsement Program က တစ်ခုအပါအဝင်ဖြစ်ပါတယ်။ လက်ရှိမှာတော့ Endorsement Program အတွက် Web/Mobile Development, Translation နဲ့ Design နယ်ပယ်က နာမည်ကြီး သင်တန်းကျောင်းတွေနဲ့ ပူးပေါင်းထားပါတယ်။
သင်တန်းကျောင်းတွေကနေ ထောက်ခံပေးတဲ့အနေနဲ့ သင်တန်းဆင်း Freelancer တွေကို ချိတ်ဆက်က သူတို့ရဲ့ Profile မှာ သင်တန်းကျောင်းတံဆိပ် Endorsement Badge တွေ ထည့်သွင်းပေးထားမှာ ဖြစ်ပါတယ်။
ဒီ Endorsement Badge တွေက အရည်အချင်းပြည့်မီကြောင်း ထောက်ခံပေးထားတာ ဖြစ်တဲ့အတွက် အလုပ်ရှင်တွေအနေနဲ့ စိတ်ချလက်ချ အလုပ်အပ်နိုင်မှာ ဖြစ်သလို Freelancer အသစ်တွေအတွက်လဲ ပရောဂျက် တွေရရှိဖို့အခွင့်အလမ်း ပိုများလာမှာ ဖြစ်ပါတယ်။
သင်တန်းဆင်း Freelancer တွေအနေနဲ့ ကိုယ့် profile မှာ Endorsement Badge ထည့်ချင်တယ်ဆိုရင်တော့ goo.gl/6hoUm6 မှာ form ဖြည့်ပြီးပို့ပေးလို့ရပါတယ်။
ချိတ်ဆက်ရဲ့ ရည်ရွယ်ချက်က မြန်မာနိုင်ငံမှာ Freelancing Community ကြီးတစ်ခု ဖွံ့ဖြိုးလာစေဖို့ဖြစ်တာမို့ Freelancers တွေ အားလုံးအတွက် စီစဉ်ထားတဲ့ Program တွေဖြစ်တဲ့အတွက် ဝင်ရောက်ဆွေးနွေး အကြံပြုပေးကြဖို့ ဖိတ်ခေါ်ပါတယ်။
Program အကြောင်း အသေးစိတ်သိချင်ရင်တော့ [email protected] (သို့) 09 780175330 ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။
© 2016-2022 Technoholic Pte.Ltd . All rights reserved.