5457
အလွတ်တန်းပညာရှင်တစ်ယောက် မငှားရမ်းခင်မှာ ကိုယ်ရဲ့projectအတွက် လိုအပ်တဲ့အရည်အချင်းနဲ့
ကိုက်ညီမှုရှိမရှိ ဆိုတာကို ကြိုတင်မေးမြန်းထားသင့်ပါတယ်။ ဒါမှသာ ငှားရမ်းပြီးတဲ့အခါ
လုပ်ငန်းသဘာဝကိုနားလည်ပြီး မြန်မြန်ဆန်ဆန် အလုပ်ပြီးမြောက်မှာပါ။
အရင် စကားပြောမကြည့်ပဲ Profile မှာပြထားတဲ့ အတွေ့အကြုံနဲ့ လျှောက်ထားတဲ့ စျေးနှုန်းတွေကိုပဲကြည့်ပြီး ငှားရမ်းလိုက်မယ်ဆိုရင် တကယ်တန်း အလုပ်နဲ့ ကိုက်ညီတဲ့သူမဟုတ်တဲ့အခါမျိုးမှာ
နှစ်ဦးနှစ်ဖက်လုံးအတွက် အခက်အခဲဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် လုပ်ငန်းရှင်တွေအနေနဲ့ အလုပ်မအပ်ခင်မှာ အောက်က မေးခွန်း(၇)ခု
မေးကြည့်ဖို့ အကြံပြုချင်ပါတယ်။
၁. အလွတ်တန်းပညာရှင်အနေနဲ့ လုပ်နေတာ ဘယ်လောက်ကြာပြီလဲ။
၂. Project အတွက်လုပ်ပေးဖို့လိုအပ်တဲ့အပိုင်းတွေကို သေချာနားလည်မှု ရှိပါသလား။
၃. အရင်လုပ်ခဲ့ဖူးတဲ့နမူနာပုံစံတွေကို ပို့ပေးလို့ရမလား။
၄. Proposal တင်ထားတဲ့စျေးနှုန်းက ဘယ်လိုမျိုးယူထားတာလဲ၊ ဘာတွေလုပ်ပေးမလဲ။
၅. Deadline မမှီတာမျိုးရှိလာခဲ့ရင် ဘယ်လိုလုပ်ပေးမလဲ။
၆. ဘယ်လိုအချိန်တွေမှာ ဆက်သွယ်လို့ရမလဲ။
၇. လိုချင်တဲ့ရလဒ်အတိုင်းမဟုတ်ရင် ပြန်ပြင်ပေးနိုင်မလား။ ပြန်ပြင်ပေးတာ ဘယ်နှစ်ခါ ပါမလဲ။
ဒီမေးခွန်းတွေကနေတစ်ဆင့် ကိုယ်ရွေးချယ်လိုက်တဲ့ အလွတ်တန်းပညာရှင်ရဲ့ လုပ်ဆောင်နိုင်စွမ်း၊
လုပ်ငန်းအတွေ့အကြုံနဲ့ အလုပ်အပေါ်တာဝန်ယူမှုကို လေ့လာကြည့်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင်
လုပ်ငန်းရှင် နဲ့ အလွတ်တန်းပညာရှင် ကြားမှာ အပြန်အလှန်နားလည်မှု ပိုရရှိနိုင်ပြီးတော့ Project
လုပ်နေစဉ်ကာလ အတွင်းမှာလည်း အငြင်းပွားစရာတွေ၊ အသေးစိတ် ညှိနှိုင်းရတာတွေကိုလည်း နည်းပါးစေမှာ ဖြစ်ပါတယ်။
ဒီမေးခွန်းေလးေတွကို သိရှိပြီးပြီဆိုတော့ အခုပဲ chatesat.com မှာ project တင်ပြီးတော့ သင့်လုပ်ငန်းေအာင်မြင်ေအာင်ေဆာင်ရွက်လိုက်ပါ။
© 2016-2023 Technoholic Pte.Ltd . All rights reserved.