keyboard_arrow_left Back to blogs

How to find a rockstar video editor?

# freelancing # startup # entrepreneur # chatesat
visibility

321


မိတ်ဆွေက သင့်ကုမ္ပဏီရဲ့ video clip တွေကို အဆင့်မြှင့်တင်ဖို့ ကြိုးစားနေပေမယ့် ဘယ်ကနေ ဘယ်လိုစရမယ်ဆိုတာကို မသိဘူးဆိုပါစို့။ မိတ်ဆွေရဲ့ ကုမ္ပဏီတွင်းက video လုပ်တဲ့ အဖွဲ့သားတွေက ပရောဂျက်တွေပုံနေလို့ မအားတာကြောင့်ပဲဖြစ်ဖြစ်၊ (သို့မဟုတ်) မိတ်ဆွေအနေနဲ့ video clipကို အခုမှ စတင်ပြုလုပ်ဖို့ကြိုးစားတာပဲဖြစ်ဖြစ် ဘယ်အတွက်ကြောင့်ပဲ video clip ပြုလုပ်ပါစေ မိတ်ဆွေအနေနဲ့ အရည်အချင်းပြည့်မှီသူတစ်ယောက်ကို လိုအပ်မှာဖြစ်ပါတယ်။

အဲဒီ့လိုအချိန်မျိုးမှာဆိုရင်တော့ မိတ်ဆွေအနေနဲ့ ပထမဦးဆုံးပြုလုပ်ရမှာက creative brief ကိုရေးဖို့ပါပဲ။ အဲ့လိုမှလဲ ပရောဂျက်လေးက လမ်းတည့်မှာပဲ ဖြစ်ပါတယ်။ မိတ်ဆွေအနေနဲ့ video editor ကို ငှားရမ်းလိုက်ပြီးပြီဆိုရင်တော့၊ မိတ်ဆွေငှားလိုက်တဲ့သူက အခြားလိုအပ်နိုင်မယ့် voice-over artist တွေ script ရေးပေးသူတွေကိုလဲ ရှာပေးနိုင်မှာဖြစ်ပါတယ်။ အောက်မှာဖော်ပြပေးထားတာကတော့ video editor ငှားရာမှာ အသုံးလိုမယ့် အဆင့် ၃ ခုပဲဖြစ်ပါတယ်။

၁။ သင့် video ပရောဂျက်မှာ ဘာတွေပါဝင်လဲဆိုတာကို စဉ်းစားဆုံးဖြတ်ပါ။

Video ပုံစံအမျိုးမျိုးအတွက် မတူညီတဲ့ လိုအပ်ချက်မျိုးစုံရှိကြပါတယ်။ Live action video တွေက လူသားဆန်ဆန်ပုံစံမျိုးတွေ ဖြစ်သင့်ပြီးတော့၊ animated video တွေဆိုရင်တော့ ရှုပ်ထွေးတဲ့ ထုတ်ကုန်တွေကို ရှင်းပြတဲ့ နေရာမှာ ပိုကောင်းမှာဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ့နှစ်ခုစလုံးကို ခေါင်းထဲမပေါ်လာဘူးဆိုရင်တော့ နှစ်ခုစလုံးကို ပေါင်းလုပ်တဲ့ အခြေအနေက ပိုကောင်းပါလိမ့်မယ်။ သင့်အနေနဲ့ ဘယ်လို video မျိုးလိုချင်တယ်ဆိုတာကို ရှာဖွေဖို့ကတော့ သင်က ဘယ်လို အကြောင်းအရာမျိုးတွေ ပါဝင်စေချင်ပြီး ဘယ်လိုပုံစံမျိုးနဲ့ ဖော်ပြချင်တယ်ဆိုတာကို စဉ်းစားရမှာဖြစ်ပါတယ်။

၂။ သင့်ရဲ့ ပရောဂျက်မှာလိုအပ်တဲ့ အရည်အသွေးတွေကို ခွဲခြားသတ်မှတ်ပါ။

သင့်ရဲ့ ပရောဂျက်အမျိုးအစားကို သိရှိပြီးပြီဆိုရင်တော့၊ သင့်အနေနဲ့ video editor တစ်ယောက်အတွက် ဘယ်လိုကျွမ်းကျင်မှုမျိုးကို သင်ရှာဖွေနေကြောင်း outline ချရမှာဖြစ်ပါတယ်။ video editior က storyboard ရေးဆွဲတာအစ အသံ editing နဲ့ transitions တွေအထိ အကုန်လုံးကို ကူညီရှာပေးနိုင်တာဖြစ်ပါတယ်။ 

၃။ သင့်ရဲ့ ပရောဂျက်မှာ အစက အဆုံး ကောင်းမွန်စွာ ပြီးမြောက်ဖို့အတွက် video editior ရှာရန် brief ရေးပါ။ 

Creative brief တစ်ခုက သင့်ရဲ့ ပရောဂျက်မှာ ဘာတွေပါဝင်မယ်ဆိုတာကို ဖော်ပြပေးတဲ့ တစ်ခုတည်းသော source ဖြစ်ပါတယ်။ အဲဒီ့ brief သာဆိုရင် အောက်ပါမေးခွန်းတွေကို ဖြေဆိုပြီးသား ဖြစ်ရမှာပါ။

  • သင်ရဲ့ကုမ္ပဏီက ဘာလုပ်သလဲ၊ ဘာထုတ်ကုန် (သို့မဟုတ်) ဘယ်လို ဝန်ဆောင်မှုမျိုးကို ပေးပါသလဲ။

  • ဒီ video ရဲ့ရည်ရွယ်ချက်က ဘာလဲ၊ video ကြည့်ရှုသူတွေကို ဘာပေးနိုင်မလဲ။

  • Video အပိုင်းအစလေးတွေနဲ့ footageကို ဘယ်ကနေ ရယူနိုင်မှာလဲ။

  • Video ကို ဘယ်နေရာမှာအသုံးပြုမှာလဲ။ ဘယ် channel တွေမှာ ပြသမလဲ။

  • သင့်ရဲ့ အချိန်သတ်မှတ်ချက်နဲ့ ငွေကြေးသတ်မှတ်ချက်က ဘယ်လောက်လဲ။ Video ဘယ်နှစ်ခုပြုလုပ်ဖို့အထိ စဉ်းစားထားပါသလဲ။

အဲဒီ့လို အချက်အလက်တွေကို စဉ်းစားပြင်ဆင်ပြီးတော့မှ video တစ်ခုလုပ်မယ်ဆိုရင် ၎င်း video ရဲ့အစကနေအဆုံးထိမှာ အမှားပါဝင်မှုနှုန်း နည်းသွားမှာလည်း ဖြစ်ပါတယ်။ Video ပြုလုပ်သူအနေနဲ့လည်း အဆင်ပြေပြေနဲ့ အမှားအနည်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။ 

မိတ်ဆွေအနေနဲ့ မိမိကုမ္ပဏီအတွက် video များပြုလုပ်ရန်လိုအပ်ပြီး team မရှိပါကလည်း မိတ်ဆွေတို့အတွက် ဝန်ဆောင်မှုပေးနိုင်တဲ့ ‘ချိတ်ဆက်’ ပလက်ဖောင်းမှာ အလွတ်တန်းပညာရှင်တွေကို လာရောက်ရှာဖွေ၍ ငှားရမ်းနိုင်ပြီဖြစ်ပါတယ်။ ယခုလက်ရှိမှာလည်း ‘ချိတ်ဆက်’ က  အရည်အချင်းပြည့်ဝတဲ့ video ပြုလုပ်သူတွေ ရှိတာကြောင့် မိတ်ဆွေတို့ရဲ့ လုပ်ငန်းတွေအောင်မြင်စေဖို့ ကူညီဆောင်ရွက်ပေးမယ့် အလွတ်တန်းပညာရှင်ပေါင်း ၂၈၀၀၀  ကျော် ရှိနေပြီဖြစ်ပါတယ်။

 

© 2016-2020 Technoholic Pte.Ltd . All rights reserved.