keyboard_arrow_left Back to blogs

How to grow your business with freelancer

# freelancing
visibility

2616


အရှိန်ရကာစ စီးပွားရေးလုပ်ငန်းတွေကို ပိုပြီးတိုးတက်အောင်မြင်အောင် လုပ်ဖို့ဆိုရင် ငွေအင်အား၊ လူအင်အားစိုက်ထုတ်ဖို့ လိုမယ့်အပြင် အချိန်ကုန် ခေါင်းစားခံပြီး လုပ်ရမယ့်အရာတွေလည်း အများကြီးရှိနေမှာပါ။


ဒါကြောင့် (၂၀၀၀)ပြည့်နှစ် နောက်ပိုင်းကာလတွေမှာ ကမ္ဘာတစ်ဝှမ်းရှိ အသေးစားလုပ်ငန်းတွေကစလို့ စီးပွားရေးလုပ်ငန်းကြီးတွေမှာပါ အလွတ်တန်းပညာရှင်တွေကို ငှားရမ်းပြီး စီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်ဆောင်ရွက်တာက ပုံမှန်ကိစ္စရပ်တစ်ခုလို ဖြစ်လာပါပြီ။


မြန်မာနိုင်ငံမှာလဲ အခုဆိုရင် အလွတ်တန်းပညာရှင်များကို ငှားရမ်းအသုံးပြုမှု များပြားလာပြီ ဖြစ်တဲ့အတွက် သတ်မှတ်ထားတဲ့ ဘတ်ဂျက်အတွင်းမှာပဲ ရလဒ်ကောင်းတွေ မြန်မြန်ဆန်ဆန်ရလာဖို့ အလွတ်တန်းပညာရှင်များနဲ့ အတူတူ ဘယ်လိုလက်တွဲ အလုပ်လုပ်ရမလဲဆိုတာ ဆက်ပြီး ဖတ်ကြည့်ပေးပါဦး။


၁။ စနစ်တကျစီမံခန့်ခွဲဖို့ ပြင်ဆင်ပါ

အလွတ်တန်းပညာရှင်များကို အလုပ်အတွက် ကာလအပိုင်းအခြား သတ်မှတ်ပေးဖို့နဲ့ ပူးပေါင်းလုပ်ဆောင်ရမယ့် အလုပ်တွေကို ဘယ်အခြေအနေထိ ပြီးမြောက်နေပြီလဲဆိုတာကို အချိန်နဲ့တပြေးညီ သိနေဖို့ အရေးကြီးပါတယ်။ အလုပ်တွေကို စနစ်တကျနဲ့အချိန်မီပြီးအောင် ဆက်သွယ်တာတွေအတွက် ပုံမှန်အချိန်တစ်ခုသတ်မှတ်ထားလိုက်ပါ။ ‘ချိတ်ဆက်’မှာဆိုရင်တော့ လုပ်ငန်းရှင်နဲ့ အလွတ်တန်းပညာရှင်တွေ Chatroomကနေ လွယ်လွယ်ကူကူ ဆက်သွယ်လို့ရပါတယ်။


၂။ အလွတ်တန်းပညာရှင်တွေကို ငှားရမ်းလုပ်သင့်တဲ့ အရာတွေ ရွေးချယ်ပါ

လုပ်ငန်းထဲမှာ အဓိကမပါတဲ့ အလုပ်တွေ(ဥပမာ- data သွင်းခြင်း၊ feedback လိုက်ကောက်ခြင်း၊ market survey ဆင်းခြင်း) အတွက် အလွတ်တန်းပညာရှင်တွေကို လွှဲပြောင်းတာဝန်ပေးထားလိုက်ရင် သင်ကိုယ်တိုင်နဲ့ တခြားအချိန်ပြည့်ဝန်ထမ်းတွေက တကယ့်အရေးကြီးတဲ့အလုပ်တွေကိုပဲ သေချာအာရုံစိုက်လုပ်နိုင်မှာပါ။ ဒါ့အပြင် အချိန်ပြည့်ဝန်ထမ်းခန့်ထားဖို့ မလိုအပ်သေးတဲ့ အလုပ်တွေမှာလဲ အစပိုင်းမှာ အလွတ်တန်းပညာရှင်တွေ ငှားရမ်းခြင်းဖြင့် ကုန်ကျစရိတ်ကို အတိုင်းအတာတခုထိ လျော့ချနိုင်ပါတယ်။



၃။ တိကျရှင်းလင်းတဲ့ သတ်မှတ်ချက်တွေထားပါ

အလွတ်တန်းပညာရှင်တွေနဲ့ နေ့စဥ်နေ့တိုင်း ဆက်သွယ်ပြောဆိုနေနိုင်မှာ မဟုတ်တဲ့အတွက် ကိုယ်လိုချင်တဲ့အရာကို စလုပ်ကတည်းက သေချာညှိနှိုင်းထားဖို့လိုပါတယ်။ Project တစ်ခုလုံးကို တစ်လအကြာမှာ အပြီးဖြစ်ဖို့ သတ်မှတ်ပေးလိုက်တာထက် တစ်ပတ်တစ်ခါ တစ်ပိုင်းစီခွဲပေးဖို့ သတ်မှတ်ချက်တွေ တောင်းဆိုတာမျိုးက အလုပ်ရဲ့ တိုးတက်မှုကို မြင်သာစေပါတယ်။


၄။ အပြန်အလှန် ယုံကြည်မှုထားပါ

အလွတ်တန်းပညာရှင်တွေကိုရွေးချယ်ငှားရမ်းထားမယ်ဆိုရင် အသေးစိတ်စီမံခန့်ခွဲပြီး လိုက်ပြောနေစရာမလိုတာကတော့ အားသာချက်ပါပဲ။ ကိုယ်လိုချင်တဲ့ရလဒ်တစ်ခုကို ပြောထားပြီးရင် သူတို့အနေနဲ့ အချိန်မှီ လုပ်ပေးမယ်ဆိုတာ စိတ်ချရပါတယ်။ အဲ့ဒီအတွက် ယုံကြည်မှုနဲ့ အပြန်အလှန်လေးစားမှု တည်ဆောက်လိုက်ရင် အကောင်းဆုံးရလဒ်ကိုရလာမှာပါ။ ဒီအတွက် ‘ချိတ်ဆက်’လို ကြားခံ ဝန်ဆောင်မှုမျိုးက ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေ နှစ်ဖက်စလုံးမှာ ရရှိနိုင်ဖို့အတွက် ဆောင်ရွက်ပေးပါတယ်။


လုပ်ငန်းအတွက်လိုအပ်တဲ့ အလုပ်နေရာတွေကို ပြီးစီးအောင် ဆောင်ရွက်ဖို့ လိုအပ်နေရင် အလွတ်တန်းပညာရှင်တွေရဲ့အကူအညီနဲ့ ကုန်ကျစရိတ်သက်သာပြီး အချိန်တိုအတွင်းမှာ တိုးတက်အောင်မြင်အောင်လုပ်လို့ရတယ်ဆိုတာကို ထည့်သွင်းစဉ်းစားကြည့်ဖို့ အကြံပြုလိုက်ပါတယ်။


© 2016-2023 Technoholic Pte.Ltd . All rights reserved.