keyboard_arrow_left Back to blogs

Introducing the Update of Chate Sat Verification System

# freelancing # chatesat
visibility

1658


“ချိတ်ဆက်”နှင့်အတူ လက်တွဲလုပ်ကိုင်နေတဲ့ အလွတ်တန်းပညာရှင်များနဲ့ လုပ်ငန်းရှင်တွေအကြား ယုံကြည်မှုတိုးမြှင့်လာစေရန်နှင့် မှန်ကန်သော အချက်အလက်များ ဖြစ်ပေါ်လာစေရန်အတွက် Verification System အသစ်ကို အလွတ်တန်းပညာရှင်(Freelancer)များအတွက် မိတ်ဆက်ပေးလိုက်ပါတယ်။

ယခု စနစ်အသစ်ဟာ သြဂုတ်လ (၂၂)ရက်၊ ၂၀၁၉ ခုနှစ်မှ စတင်၍အသက်ဝင်မှာဖြစ်ပါတယ်။ Verified ဖြစ်ရန်အတွက် အောက်ပါအချက်အလက်များကို စုံလင်စွာ ဖြည့်သွင်းထားရမှာဖြစ်ပြီး ဖြည့်သွင်းထားခြင်းမရှိသော Freelancerများအနေဖြင့် projectများကို ‌လျှောက်ထားလို့ ရတော့မှာ မဟုတ်ပါဘူး။ ထို့ကြောင့် Project များကို လျှောက်ထားရန်အတွက် verified မဖြစ်သေးသော freelancerများအနေဖြင့် verified ဖြစ်ရန် ဦးစွာပထမ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်


မဖြည့်မနေရ အချက်အလက်များ

•    အကျဉ်းချုံး
•    အီးမေးလ်
•    ဖုန်းနံပါတ်
•     လိပ်စာ
•      ဘဏ်အကောင့် နံပါတ်
•     Categories
•      အရည်အသွေး


မဖြည့်မနေရ မဟုတ်သော အချက်များ

•    ဓာတ်ပုံ
•    ပညာအရည်အချင်း
•    PortfolioPersonal Informationများဖြစ်သည့် နေရပ်လိပ်စာ၊ ဖုန်းနံပါတ်၊ အီးမေးလ် အစရှိသည်တို့ကို Overviewနှင့် Portfolioတို့တွင် ပြသထားခြင်းရှိပါက “ချိတ်ဆက်”၏ စံနှုန်းများဖြင့် မကိုက်ညီသည့်အတွက် Verified ဖြစ်မည်မဟုတ်ပါ။


ဒီအချက်တွေ ပြည့်စုံသွားပြီဆိုရင်တော့ Dashboardအောက်က မိမိရဲ့ profileထဲမှာ Request Verification ခလုတ်ကို နှိပ်ပြီး requestလုပ်လို့ ရပါပြီ။ အချက်အလက်တွေ ပြည့်စုံကြောင်း စစ်ဆေးပြီးရင်တော့ Verification Process အောင်မြင်ပြီး အလုပ်စတင် လျှောက်ထားလို့ ရပါပြီ။
အဲ့တာကြောင့် အလွတ်တန်း ပညာရှင်တွေ အနေနဲ့ ကိုယ့်ရဲ့ အကောင့် readyဖြစ်နေစေဖို့အတွက် သြဂုတ်လ ၂၂ရက်နေ့ မတိုင်ခင် သတ်မှတ်ထားတဲ့ အချက်အလက်များကို ပြည့်စုံစွာ ထည့်သွင်းပေးဖို့ လိုအပ်ပါတယ်။


အသေးစိတ် သိရှိလိုပါက Customer Experience ဖုန်းနံပါတ်09 780 175330သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

© 2016-2020 Technoholic Pte.Ltd . All rights reserved.