keyboard_arrow_left Back to blogs

Tech Update (July 2018)

# technology # chatesat
visibility

866


ချိတ်​ဆက်​ website မှာ Coin Payment System ထည့်သွင်​းခြင်​းနဲ့ အတူ ​အောက်​ပါ နည်​းပညာအ​ပြောင်​းအလဲ​ အချို့ကိုလဲ ပြုလုပ်​​ပေးထားပါတယ်​။

 

၁။ Myanmar Language as Default

Chatesat.com ကို စပြီးဝင်​လိုက်​တဲ့ အချိန်​မှာ သတိထားမိကြမှာပါ။ အရင်​က English Language နဲ့ပဲ မြင်​​နေရတာက​နေ အခု​တော့ Myanmar Language ကို Default အ​နေနဲ့ မြင်​ရ​အောင်​ လုပ်​​ပေးထားပါတယ်​။ English လို အသုံးပြုချင်​တယ်​ဆိုရင်​လဲ ညာဘက်​အ​ပေါ်​ထောင့်က Language option မှာ အလွယ်​တကူ ပြောင်​းလဲနိုင်​ပါတယ်​။

 


၂။ Employer Project Agreement

Employer ​တွေအ​နေနဲ့ မိမိရဲ့ project အတွက် Freelancer တစ်​​ယောက်​ကို ​ရွေးချယ်​ Hire လုပ်​လိုက်​တဲ့အခါမှာ Employer Project Agreement page ကို ပြသမှာဖြစ်​ပါတယ်​။ Project အတွက်​ Freelancer ကို ငှါးရမ်​းအသုံးမပြုခင်​မှာ စည်​းမျဉ်​းစည်​းကမ်​း Terms ​and Conditions ​တွေကို သိရှိ​စေရန်​အတွက်​ ဒီအဆင့်ကို ထပ်​မံထပ်​သွင်​းထားတာ ဖြစ်​ပါတယ်​။


 


၃။ Endorsement Request (Freelancer)

Endorsement request ဆိုတဲ့ ခလုတ်​​လေးကို​တော့ Dashboard ထဲက Freelancer ​တွေရဲ့ Profile ​အောက်​မှာ ​တွေ့မြင်​ရမှာပါ။ အကယ်၍ ​Freelancer တစ်​​ယောက်​ဟာ ​ချိတ်​ဆက်​နဲ့ လက်​တွဲထားတဲ့ သင်​တန်​း​ကျောင်​း​တစ်​ခုခုဆီက ​ထောက်​ခံချက်​ရရှိထားတဲ့ သင်​တန်​းဆင်​းတစ်​​ယောက်​ဆိုရင်​ Endorsement ရရှိဖို့ ဒီခလုတ်​ကိုနှိပ်​ပြီး request လုပ်နိုင်​မှာဖြစ်​ပါတယ်​။ Emdorsement Program အ​ကြောင်​းကို​တော့ ဒီမှာ ဖတ်​ရှုနိုင်​ပါတယ်​။


 


၄။ Request Completion (Freelancer)

Freelancer ​တွေအ​နေနဲ့ မိမိလုပ်​​ဆောင်​​နေတဲ့ Project ​တွေ ပြီး​မြောက်​သွားတဲ့အခါမှာ အရင်​လို ချိတ်​ဆက်​ကို ဖုန်​းဆက်​ပြီး ဆက်​သွယ်​​နေစရာမလို​တော့ပဲနဲ့ မိမိပြီး​မြောက်​သွားတဲ့ project ရဲ့​ဘေးက Request Completion ဆိုတဲ့ ခလုတ်​​ကို နှိပ်​ပြီး အလုပ်​ရှင်​(employer) ဆီကို တိုက်​ရိုက်​ request လုပ်​နိုင်​​တော့မှာ ဖြစ်​ပါတယ်​။


 


၅။ Cancellation Reason (Employer, Freelancer)

Employer ​တေ​ွ အ​နေနဲ့ ချိတ်​ဆက်​ website မှာ project တင်​ထားပြီးတဲ့​နောက်​ အ​ကြောင်​းအမျိုးမျိုး​ကြောင့် project ကို cancel လုပ်​ရတဲ့အခါ အ​ကြောင်​းပြချက်​​ (cancellation reason) ​​ပေးရပါတယ်​။ ဒီ​နေရာမှာ အရင်​က reason ​ရေးထည့်ဖို့ ​​နေရာတစ်​ခုပဲ ​ပေးထား​ပေမယ့် အခုအချိန်​မှာ​တော့ လွယ်​ကူစွာ​ရွေးချယ်​နိုင်​​စေဖို့ common reason တစ်​ချို့ကို ထည့်သွင်​း​ပေးထားပါတယ်​။
Freelancer ​တွေအ​နေနဲ့ မိမိ apply ထားတဲ့ project ကို အ​ကြောင်​းအ​မျိုးမျိုး​ကြောင့် cancel လုပ်​ရတဲ့ အချိန်​မှာလဲ လွယ်​ကူစွာ​ရွေးချယ်​နိုင်​​စေဖို့ အလားတူ common reason တစ်​ချို့ကို ထည့်သွင်​း​ပေးထားပါတယ်​။


 

© 2016-2020 Technoholic Pte.Ltd . All rights reserved.