keyboard_arrow_left Back to blogs

Tips for Enriching Your Social Media Content

# freelancing # startup # entrepreneur # chatesat
visibility

478


လတ်တလောမှာတော့ အွန်လိုင်းမှာ အလုပ်စလုပ်မယ့် လုပ်ငန်းရှင်တွေအတွက် ဖြစ်လေ့ရှိတဲ့ အမှားလေးတွေကို ပြောပြပေးပြီးပြီဆိုတော့ ဒီတစ်ခါ ဒီဂျစ်တယ် မာကတ်တင်းအပိုင်းမှာ အဓိကလက်နက်တစ်ခုလို ဖြစ်နေတဲ့ social media content နဲ့ ပတ်သက်ပြီး idea လေးတွေဝေမျှပေးမှာ ဖြစ်ပါတယ်ရှင်။

 နေ့စဉ်နဲ့အမျှ လူပေါင်းများစွာနဲ့ ကုမ္ပဏီပေါင်းများစွာတို့ဟာ social ပလက်ဖောင်းတွေမှာ social media content တွေကို အမျာအပြားတင်နေကြတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေရာမှာ တကယ့် မေးခွန်းက အခုတင်နေကြတဲ့ contentတွေကို မှန်ကန်တဲ့ audience ဆီကို ရောက်အောင်ဘယ်လိုလုပ်ရမလဲဆိုတာပါပဲ။ တစ်ဆက်တည်းမှာပဲ လူတိုင်းနီးပါး အသုံံးပြုပြီး audience တွေလည်း အများဆုံးရှိနေတဲ့ ဒီ social media ကြီးမှာ ကိုယ့်ရဲ့ brandကို ထင်သာမြင်သာရှိစေဖို့ ဘယ်လိုလုပ်သင့်သလဲဆိုတာပါ။

အဓိကသော့ချက်ကတော့ content marketing ကို တိုးတက် ခိုင်မာစေတဲ့ social media content တွေကို ပြုလုပ်ဖို့ပဲ ဖြစ်ပါတယ်။

Content Idea ၁။ ကြည့်ရှုသူ/ အသုံးပြုသူ များစေသော content ကောင်းများကို ပြုလုပ်ပါ။

၂၁ ရာစု လူကြီး၊ လူငယ်တွေရဲ့ ၈၄ရာခိုင်နှုန်းလောက်က ကြည့်ရှုသူ များစေတဲ့ content ကောင်းတွေကြောင့်သာ သူတို့ရဲ့ ဝယ်ယူမှုပုံစံက ပြောင်းလဲလာတာဖြစ်ပြီး အဲဒီကနေမှတစ်ဆင့် လွှမ်းမိုးတဲ့အထိ ဖြစ်လာပါတယ်။ ဒါဆိုရင် ဒီမှာတစ်ခုထပ်မေးစရာ ရှိလာတာကကြည့်ရှုသူ များစေတဲ့ content ဆိုတာ ဘာပါလဲ။ နားထောင်ကြည့်လိုက်မယ်ဆိုရင်တော့ ဒါဟာ အတော်လေး လွယ်ကူရိုးရှင်းပါတယ်။ အဲ့ဒါကတော့ ကြည့်ရှုသူတွေနဲ့ သက်ဆိုင်/ ပတ်သက်နေတဲ့ ဘယ် content မျိုးကိုမဆို ပြောချင်တာဖြစ်ပါတယ်။

ဥပမာအနေနဲ့ ထုတ်ကုန်ရဲ့ ပြန်လည်သုံးသပ်ချက်တွေ၊ အသုံးပြုသူတွေက ရေးထားတဲ့ မူရင်းအကြောင်းအရာတွေအကုန်လုံးဟာ ကြည့်ရှုသူများစေတဲ့ content တွေပဲဖြစ်ပါတယ်။ အဲဒါကိုမှ နောက်တစ်နည်းနဲ့ပြောရမယ်ဆိုရင် audience တွေက လက်ခံပြီးသား၊ သဘောကျပြီးသား ပုံစံမျိုးကိုလည်း ခေါ်ပါတယ်။ Customer အတွေ့အကြုံတွေကို အဓိကထားတဲ့ Brand တွေအနေနဲ့ ဒီလို content မျိုးက ကောင်းမွန်တဲ့ ပုံစံတစ်ခုပဲဖြစ်ပါတယ်။ နောက်ဆုံးအချက်အနေနဲ့ ဒီ content မျိုးက brand ကို တကယ် အသုံးပြုသူတွေအတွက် brand နဲ့ သက်ဆိုင်တဲ့ တကယ့်အကြောင်းအရာတွေကို ပြောပြပေးနိုင်တာဖြစ်ပြီး၊ brand အပေါ်ကိုလည်း ယုံကြည်မှု ပိုမို ရရှိစေနိုင်တာ ဖြစ်ပါတယ်။

Content Idea ၂။ Balance ဖြစ်ဖို့က အရေးကြီးပါတယ်။

သင့်အနေနဲ့ တစ်ရက်ကို Google မှာဘယ်နှစ်ခါလောက် အကြံဉာဏ်တောင်းဖူးပါသလဲ။ ဖြစ်နိုင်ချေကတော့ သင့်အနေနဲ့ ကိစ္စတစ်ခုဖြစ်တိုင်းလိုလိုပဲဖြစ်မှာပါ၊ ဒီဘက်ခေတ်မှာက သင်တစ်ခုခုကို သိချင်တယ်ဆိုရင် Google တို့ YouTube တို့ဆီကို သွားမေးတော့တာပါပဲ။ Google မှာ “How To” နဲ့စတဲ့ မေးခွန်းတွေကို ရိုက်လိုက်ရင် ကျွန်မတို့ သိချင်တာတွေ အကုန်သိရနေပါပြီ။ “မိတ်ကပ် ဘယ်လိုခြယ်သရမလဲ။” ကအစ “Japan ကို ဘယ်လို ခရီးသွားရမလဲ။” အဆုံး သင်တွေ့ရမှာပါ။ သင့်အနေနဲ့လည်း အကောင်းဆုံး tip တစ်ခုကတော့ မိမိမှာရှိပြီးသား ဗဟုသုတတွေကို ကိုယ့်ရဲ့ audienceတွေကို ဝေမျှပေးဖို့ပဲ ဖြစ်ပါတယ်။ အဲဒီလိုမှသာ သင့်ရဲ့ content marketing တန်ဖိုးကလည်း အလိုလိုမြင့်တက်လာမှာပဲ ဖြစ်ပါတယ်။ ဒါတင်မကပဲ မိမိရဲ့ social media post တွေမှာ မိမိရဲ့ brand အကြောင်းကိုလည်း ထည့်သွင်း ပြောကြားရမှာဖြစ်ပါတယ်။ အဲ့ဒါကိုတော့ Brand positioning (brand နေရာချခြင်း) လို့ခေါ်ပြီး၊ သင့် Brand ရဲ့ ရပ်တည်မှုကို ဖော်ပြရာမှာ အရေးကြီးတဲ့ အချက်ပဲဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ လူအများစုက သင်လုပ်နေ/ပြနေတဲ့ အရာတွေအပေါ် မူတည်ပြီး သင့် brand ဟာ ဘယ်လိုမျိုးလဲဆိုတာကိုလည်း သတ်မှတ်ကြလို့ ဖြစ်ပါတယ်။ Content တွေ ကောင်းမွန်ခိုင်မာစေဖို့က အချက်များစွာ ထက်ရှိသေးပေမယ့်လည်း အထက်ဖော်ပြပါ အချက်လေး ၂ချက်ကတော့ တန်ဖိုးရှိတဲ့ content ကောင်းလေးတွေရနိုင်ဖို့၊ content တစ်ခုဖန်တီးရာမှာ အမြဲရှိထားသင့်တာပဲ ဖြစ်ပါတယ်။

ထိုကဲ့သို့ Content များဖန်တီးရာမှာ idea တွေရှိနေပေမယ့်၊ ဘယ်လိုသေချာစွာ ပြုလုပ်ရမယ်ဆိုတာကို မသိရင်တော့ ချိတ်ဆက်ကို ဆက်သွယ်ပြီး အရည်အချင်းပြည့်ဝတဲ့ အလွတ်တန်းပညာရှင်တွေကို ငှားရမ်းပြီး လုပ်ဆောင်နေနိုင်ပြီ ဖြစ်ပါတယ်။ ကြည့်ရှုသူများစေမယ့် content မျိုးရေးသားဖို့ပဲ ဖြစ်စေ၊ ထို content နဲ့အတူ တွဲဖက်တင်ဖို့အတွက် ပုံများလိုအပ်လို့ပဲဖြစ်စေ၊ ချိတ်ဆက်မှာ အရည်အချင်းပြည့်ဝတဲ့ content writer နဲ့ graphic designer တွေရှိတာမလို့ လိုအပ်ပါက ဆက်သွယ်လိုက်ဖို့ ဖိတ်ခေါ်ပါတယ် ရှင်။

© 2016-2020 Technoholic Pte.Ltd . All rights reserved.