2587
1) Normal Freelancers
အလွတ်တန်းပညာရှင်တစ်ယောက်က ချိတ်ဆက် Website ပေါ်မှာ Register လုပ်ပြီးတာနဲ့ Normal Freelancers လို့ သတ်မှတ်လိုက်ပါတယ်။ Normal အလွတ်တန်းပညာရှင်တစ်ယောက်အနေနဲ့ ချိတ်ဆက် Websites ရှိ Standard ပရောဂျက်များကိုသာ လျှောက်ခွင့်ရှိမှာဖြစ်ပါတယ်။ Standard ပရောဂျက်ဆိုတာကတော့ ချိတ်ဆက်ရဲ့ (အခမဲ့) ၀န်ဆောင်မှုကိုရွေးချယ်ထားတဲ့ Projects များကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။
2) Verified Freelancers
မိမိရဲ့ profile မှာ လိုအပ်တဲ့အချက်အလက် အပြည့်အစုံ ထည့်သွင်းထားတဲ့သူတွေကို စစ်ဆေးပြီးတော့ အလုပ်လက်ခံဖို့ ready ဖြစ်နေတဲ့ freelancer အစစ်အမှန်လို့ ထောက်ခံပေးထားတဲ့ သဘောပါ။ Freelancer profile မှာ ပြည့်ပြည့်စုံစုံ ဖြည့်သွင်းထားမယ်ဆိုရင် 1) Employer တွေအနေနဲ့ အချက်အလက်အပြည့်အစုံမြင်ရလို့ သင့်တော်တဲ့သူကို မှန်မှန်ကန်ကန် ရွေးချယ် အလုပ်အပ်နိုင်ပါမယ်။ 2) Freelancer တွေဘက်မှာလဲ ကိုယ့်က skillful ဖြစ်ပေမယ့် profile မှာ မထည့်ထားရလို့ project မရတာမျိုး မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ 3) Skills, portfolio, bank account စတာတွေကို သိရတဲ့အတွက် urgent project တွေမှာ ချိတ်ဆက်ဘက်ကလဲ သင့်တော်တဲ့သူကို ချက်ချင်းရှာပြီး အလုပ်အပ်နိုင်ပါတယ်။ 4) ဒီအချက်တွေကြောင့် ချိတ်ဆက်ရဲ့ freelancer တွေကို မိမိရဲ့ profile မှာ အချက်အလက်အပြည့်အစုံ ဖြည့်ထားကြဖို့ တိုက်တွန်းတာဖြစ်ပါတယ်။
Verified freelancer ဖြစ်ဖို့ဆိုရင် ဘာတွေလိုအပ်လဲ??
1) Profile မှာ မိမိရဲ့ဓာတ်ပုံ တင်ထားရပါမယ်။
2) မိမိရဲ့ skills နဲ့ categories တွေ အပြည့်အစုံဖြည့်ထားရပါမယ်။
3) မိမိအကြောင်းကို overview မှာ ရေးသား ဖော်ပြထားရပါမယ်။
4) Bank account နံပါတ်နဲ့ ဘဏ်အမည်ကို ထည့်သွင်းထားရပါမယ်။ payment လုပ်ရမှာဖြစ်လို့ တိတိကျကျ ဖော်ပြထားဖို့လိုပါတယ်။
5) Portfolio တွေထည့်ပြီး ပြထားရပါမယ်။ Portfolio တွေကို freelancer အချင်းချင်းကြည့်လို့မရတဲ့အတွက် လွတ်လွတ်လပ်လပ် ဖော်ပြထားလို့ရပါတယ်။
ဒီအချက်တွေ ပြည့်စုံသွားပြီဆိုရင်တော့ Dashboard အောက်က မိမိရဲ့ profile ထဲမှာ Request verification ခလုတ်ကိုနှိပ်ပြီး request လုပ်လို့ရပါပြီ။ အချက်အလက်တွေ ပြည့်စုံကြောင်း စစ်ဆေးပြီးရင်တော့ Verified Freelancer အဖြစ် သတ်မှတ်ပေးမှာဖြစ်ပါတယ်။
© 2016-2022 Technoholic Pte.Ltd . All rights reserved.