keyboard_arrow_left Back to blogs

Why the businesses should hire freelancers from Chate Sat platform?

# freelancing # chatesat
visibility

1223


ယခုလို တိုးတက်လာတဲ့ ခေတ်နဲ့အတူ ချိတ်ဆက်ဟာ မြန်မာနိုင်ငံရဲ့ အလွတ်တန်းပညာရှင်တွေနဲ့ လုပ်ငန်းရှင်တွေကို စုစည်းပေးနိုင်တဲ့ ပထမဆုံး ပလက်ဖောင်းတစ်ခုအဖြစ် ပေါ်ထွက်ခဲ့ပြီ ဖြစ်ပါတယ်။ ယခုအခါမှာဆိုရင် ပြည်တွင်း ပြည်ပက လုပ်ငန်းရှင်တွေအတွက် အလုပ်တွေ အဆင်ပြေချောမွေ့စွာ ပြီးမြောက်အောင် ကျွမ်းကျင် အလွတ်တန်း ပညာရှင်တွေနဲ့ ချိတ်ဆက်ပေးနိုင်ခဲ့သလို အလွတ်တန်းပညာရှင်တွေ အတွက်လည်း အလုပ်အကိုင်ပေါင်းများစွာ ဖန်တီးပေးနိုင်ခဲ့တာ ဖြစ်ပြီး၊ “ချိတ်ဆက်”က လုပ်ငန်းရှင်များနဲ့ အလွတ်တန်း ပညာရှင်များအားလုံး ကောင်းမွန်အဆင်ပြေစေဖို့အတွက် လိုအပ်ချက်များစွာကိုလည်း အမြဲ မြှင့်တင်ပြောင်းလဲမှုတွေကို လုပ်နေတာဖြစ်ပါတယ်။

၁။ အာမခံ ငွေသဘောတူညီမှု (Escrow Service)

လုပ်ငန်းရှင်တွေအနေနဲ့ တစ်သီးတစ်ခြားအလွတ်တန်းပညာရှင်တွေနဲ့ ပရောဂျက် ပူးပေါင်းလုပ်ဆောင်တဲ့အခါ ငွေပေးချေမှုပိုင်းနှင့် ပတ်သက်ပြီး အခက်အခဲများရှိနိုင်ပါတယ်။ အလွတ်တန်းပညာရှင်များ၏ လုပ်ဆောင်ချက် ရလဒ်နှင့် ပတ်သက်၍ မကျေနပ်မှုရှိရတာ ဖြစ်စေ၊ ပရောဂျက်မပြီးဆုံးသေးခင် ဆက်လက်မလုပ်တော့ဘဲ ထွက်သွားတာမျိုးရှိရတာ ဖြစ်စေ၊ အခက်အခဲများရှိခဲ့ပါက အလွတ်တန်းပညာရှင်ကို ငွေကြိုတင်ပေးချေထားရတာ ခက်ခဲပါသည်။ ကြိုမပေးထားလျှင်လည်း အလွတ်တန်းပညာရှင်ဘက်က မယုံကြည်ပဲ ပရောဂျက်မလုပ်ဖြစ်မည်ကို စိုးရိမ်ရပါတယ်။

ထိုကဲ့သို့သော အခြေအနေများမဖြစ်ရစေရန် ချိတ်ဆက်က ပရောဂျက် တစ်ခုတိုင်းစီအတွက် အာမခံငွေသဘောတူညီမှု (Escrow Agreement Service) ကို ဆောင်ရွက်ပေးတာဖြစ်ပါတယ်။ ဒီသဘောတူညီချက်မှာ ဆိုရင်တော့ ပရောဂျက်အတည်ဖြစ်ပြီဆိုတာနဲ့ ငွေပေးချေမှုကို “ချိတ်ဆက်” က ကြားခံအဖြစ်နဲ့ ကိုင်တွယ်ထိန်းသိမ်းပေးထားမှာပါ။ ထိုကြောင့် အကြောင်းတစ်ခုခုကြောင့် ပရောဂျက် ပျက်သွား၍ ဖြစ်စေ၊ ရလဒ်ကို စိတ်ကျေနပ်မှုမရှိ၍ ဖြစ်စေ၊ ငွေပေးချေမှုကို “ချိတ်ဆက်”အနေနဲ့ အလွတ်တန်းပညာရှင်ကို မပေးဘဲ လုပ်ငန်းရှင်ကို ပြန်လည်ပေးအပ်မှာ ဖြစ်ပြီး၊ ရလဒ်ကို စိတ်ကျေနပ်မှုအတိုင်းအတာ အထိသာ အလွတ်တန်းပညာရှင်ကို ငွေပေးချေမှာ ဖြစ်ပါတယ်။

ဒီ Escrow Serviceက လုပ်ငန်းရှင်တို့ရဲ့ ငွေကြေးကိစ္စပိုင်းကို ကောင်းမွန်အဆင်ပြေအောင် ဆောင်ရွက်ပေးမှာ ဖြစ်တဲ့အတွက် အလုပ်ရှင်တွေအနေနဲ့ စိတ်ချလက်ချအလုပ်အပ်နိုင်တာဖြစ်ပါတယ်။

၂။ အရည်အချင်းပြည့်မှီသော (qualified) အလွတ်တန်း ပညာရှင်များ

ကျွန်တော်တို့တွေက လုပ်ငန်းရှင်တို့ ရေတို၊ရေရှည် ပရောဂျက်တွေ ကောင်းမွန်ကျေနပ်စွာ ပြီးမြောက်ဖို့အတွက် အရည်အချင်းပြည့်မှီတဲ့ (qualified) အလွတ်တန်း ပညာရှင်တွေကို အမြဲ စစ်ဆေး၊ ရွေးချယ်နေတာဖြစ်ပါတယ်။

ယခုအခါမှာလည်း ဇူလိုင်လ ၀၀ရက်ကစပြီး “ချိတ်ဆက်”ကို လာရောက်လျှောက်ထားတဲ့ အလွတ်တန်း ပညာရှင်တွေကို အချက်အလက်မှန်ကန်ကြောင်း အတည်ပြုတဲ့ လုပ်ဆောင်ချက် (Verification Process)ကို “ချိတ်ဆက်”က တစ်ဆင့် ပိုကောင်းမွန်အောင်လုပ်ပြီး  ပြင်ဆင်ထားပြီဖြစ်ပါတယ်။ “ချိတ်ဆက်”အနေန့ဲ ဒီprocessကို အပြောင်းအလဲလေးတွေ ပြုလုပ်ရတဲ့ အကြောင်းအရင်းက “ချိတ်ဆက်”ပတ်ဝန်းကျင်မှာ ပိုမိုကောင်းမွန်တဲ့ အသိုင်းအဝိုင်းဖြစ်စေရန်၊ “ချိတ်ဆက်”ကို အသုံးပြုနေတဲ့သူတိုင်းအတွက် ကြာရှည်တည်မြဲမယ့် platformလေးဖြစ်စေရန် နှင့် အလွတ်တန်းပညာရှင်တွေအနေနဲ့ မှန်ကန်ပြီး ယုံကြည်ရတဲ့ အချက်အလက်တွေ ထည့်သွင်းထားစေဖို့ဖြစ်ပါတယ်။

ထိုအခါ လုပ်ငန်းရှင်တွေအနေနဲ့လည်း အချက်အလက်အပြည့်အစုံမြင်ရလို့ သင့်တော်တဲ့သူကို မှန်မှန်ကန်ကန်ရွေးချယ် အလုပ်အပ်နိုင်မှာ ဖြစ်သလို၊ အလွတ်တန်းပညာရှင်တွေအနေနဲ့လည်း ကိုယ့်က အရည်အချင်းပြည့်ဝပေမယ့် profileမှာ မထည့်ထားရလို့ ပရောဂျက်မရတာမျိုး မဖြစ်အောင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ Skills, portfolio, bank account စတာတွေကို သိထားရရင် ရုတ်တရက်ဖြစ်တဲ့ ပရောဂျက်တွေမှာ “ချိတ်ဆက်”ကလည်း သင့်တော်တဲ့သူကို ချက်ချင်းရှာပြီး အလုပ်အပ်နိုင်မှာ ဖြစ်ပါတယ်။

၃။ ပြိုင်ပွဲ၊ အရည်အချင်းစစ် စာမေးပွဲများ(Skills Test) ပြုလုပ်ပေးခြင်း

ကိုယ့်အရည်အသွေးကို သေချာစွာ ဆန်းစစ်သိရှိလိုသော အလွတ်တန်းပညာရှင်တွေနှင့် ကိုယ့်အရည်အချင်းကို ယုံကြည်စွာ ထုတ်ဖော်လိုသော အလွတ်တန်းပညာရှင်တွေအတွက်ကို ချိတ်ဆက်က partnersတွေနဲ့ ပူးပေါင်းလက်တွဲပြီး Skill Testsတွေ ပြုလုပ်ပေးတာ ဖြစ်ပါတယ်။ Test မှာ ပါဝင်သူများအနေနဲ့ ရလာတဲ့ ရလဒ်ပေါ်မူတည်ပြီး profileပေါ်မှာ အောင်မြင်ကြောင်းထောက်ခံချက်ရရှိတာ ဖြစ်ပါတယ်။

Skill Test ပရိုဂရမ်တွေအပြင် ချိတ်ဆက်က သက်ဆိုင်ရာ အလွတ်တန်းပညာရှင်တွေအတွက် ဒီနှစ် သင်္ကြန်မှာ ပြိုင်ပွဲလေးတွေ ပြုလုပ်ပေးပြီး ဆုများချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ အရည်အချင်းတူရာ အလွတ်တန်းပညာရှင်တွေအတွက်လည်း ပညာဖလှယ်မြှင့်တင်နိုင်ဖို့အတွက် သက်ဆိုင်ရာ တွေ့ဆုံပွဲလေးတွေကိုလည်း ပြုလုပ်ပေးကာ၊ ကျွန်မတို့ ပလက်ဖောင်းမှာရှိနေတဲ့ အလွတ်တန်းပညာရှင်တွေရဲ့ အရည်အချင်းကို တိုးတက်အောင် ကြိုးပမ်းကူညီပေးနေတာ ဖြစ်ပါတယ်။ ဒါကြောင့် အလုပ်ရှင်များဘက်မှလည်း အမြဲပင် ကောင်းမွန်သော အလွတ်တန်းပညာရှင်များကို သင်ကြားပေးစရာ မလိုတော့ဘဲ အချိန်အနည်းငယ်ဖြင့် လုပ်ငန်းတွေ ပြီးမြောက်ဖို့ ငှားရမ်းနိုင်မှာ ဖြစ်ပါတယ်။

၄။ ယုံကြည်စိတ်ချရမှု (Endorsement ပရိုဂရမ်)

Endorsement ဆိုတာကတော့ ချိတ်ဆက်နဲ့ နယ်ပယ်တစ်ခုချင်းစီမှာ ကျော်ကြားတဲ့ သင်တန်းကျောင်းတွေနဲ့ ပူးပေါင်းပြီး အလွတ်တန်းပညာရှင်တွေရဲ့ အရည်အချင်းကို ပြသနိုင်ရန် အထောက်အကူပြုဖို့ ဖြစ်ပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ ချိတ်ဆက်မှာ အလုပ်အပ်ကြတဲ့အခါမှာ များသောအားဖြင့် အလွတ်တန်းပညာရှင်များကို အရင်ရခဲ့ဖူးတဲ့ Review နဲ့ Ratingတွေကနေ တစ်ဆင့်သာ ဆုံးဖြတ်ရွေးချယ်သောကြောင့် ရွေးချယ်မှုက နည်းရပါတယ်။ ထိုအခက်အခဲကို ဖြေရှင်းဖို့အတွက် ချိတ်ဆက်က သင်တန်းကျောင်းတွေကနေ ထောက်ခံပေးတဲ့အနေနဲ့ သင်တန်းဆင်း အလွတ်တန်းပညာရှင်တွေကို ချိတ်ဆက်က သူတို့ရဲ့ Profileမှာ သင်တန်းကျောင်းတံဆိပ် Endorsement Badgeတွေ ထည့်သွင်းပေးထားမှာ ဖြစ်ပါတယ်။ ဒီEndorsement Badgeတွေက အရည်အချင်းပြည့်မှီကြောင်း ထောက်ခံပေးထားတာ ဖြစ်တဲ့အတွက် အလုပ်ရှင်တွေအနေနဲ့ စိတ်ချလက်ချ အလုပ်အပ်နိုင်မှာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ Endorsement ပရိုဂရမ်အတွက် Web/Mobile Development, Translation နဲ့ Design နယ်ပယ်က နာမည်ကြီး သင်တန်းကျောင်းတွေနဲ့ ပူးပေါင်းထားတာဖြစ်ပြီး၊ နောက်ပိုင်းမှာလည်း အခြားနယ်ပယ်တွေက သင်တန်းကျောင်းတွေနဲ့ ပူးပေါင်းပြီး တိုးမြှင့်ဖို့ လုပ်ဆောင်သွားဦးမှာပါ။

ယခုလို နည်းပညာအသစ်အဆန်းတွေ ဖွံ့ဖြိုးတိုးတက်လာတဲ့ ခေတ်ကြီးထဲမှာ အလွတ်တန်း အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ အလွတ်တန်းပညာရှင်တွေလည်း အရှိန်အဟုန်နဲ့ တိုးတက်လာနေကြပါတယ်။ ဒါ့အပြင် ခေတ်မှီ နည်းပညာသစ်များတွေကလဲ လုပ်ငန်းများဆောင်ရွက်ရာမှာ လျင်မြန်လွယ်ကူစွာ ပြီးမြောက်ဖို့အတွက်လည်း များစွာ အထောက်အကူ ဖြစ်စေပါတယ်။

ထိုကဲ့သို့ အချိန်နဲ့ အမျှတိုးတက်မှုတွေလုပ်ဆောင်ပေးနေသောကြောင့် လုပ်ငန်ရှင်များအနေဖြင့် မိမိတို့လုပ်ငန်းနှင့် ကိုက်ညီသော အလွတ်တန်း ပညာရှင်များကို ချိတ်ဆက်ပလက်ဖောင်းမှာ လာရောက် ရှာဖွေငှားရမ်းခြင်းဖြင့် လုပ်ငန်းများကို တိုးပွားစေဖို့ ပြောကြားလိုက်ပါတယ်။

© 2016-2020 Technoholic Pte.Ltd . All rights reserved.