စီးပွားရေးနယ်ပယ်မှာ သင့် Networkကို ဘယ်လိုတည်ဆောက်ကြမလဲ။

239 times  

  Posted on

ကိုယ်က လုပ်ငန်းခွင်မှာ အလုပ်လုပ်နေသူတစ်ဦးဖြစ်ပါစေ၊ တစ်ဦးတည်းလုပ်ငန်းရှင်ဖြစ်ပါစေ၊ စွန့်ဦးတီထွင်သူ လုပ်ငန်းငယ် အလုပ်ရှင်ဖြစ်နေပါစေ၊ ကိုယ်ကျင်လည်နေတဲ့ လုပ်ငန်းခွင်၊ နယ်ပယ်ထဲမှာ ကွန်ယက်(network) ရှာနိုင်၊ လုပ်နိုင်ဖို့က အရေးကြီးပါတယ်။ အထူးသဖြင့် စွန့်ဦးတီထွင်သူတွေ၊ လုပ်ငန်းငယ် အလုပ်ရှင်တွေက ကိုယ့် လုပ်ငန်းရဲ့ ဝင်ငွေ ၈၀-၉၀ ရာခိုင်နှုန်းက referral တွေကနေရတာပဲဖြစ်ပါတယ်။

ကိုယ့်ရဲ့ လုပ်ငန်းကို တိုးချဲ့ဖို့၊ အောင်မြင်စေဖို့ဆိုရင်တော့ လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ စီးပွားရေးလောကထဲက ကွန်ယက်(network)များစွာကို လိုက်လံရှာဖွေပြီး ကုမ္ပဏီကို လူသိများလာအောင် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ဒီ articleလေးထဲမှာတော့ ကိုယ့်အတွက် Network ရှာရာမှာ လွယ်ကူစေဖို့ မြန်မာအတွင်းမှာရှိတဲ့ သွားရောက်ချိတ်ဆက်သင့်တဲ့ စီးပွားရေးနဲ့ ဆိုင်တဲ့ အသင်းအဖွဲ့တွေအကြောင်းကို ရှာဖွေပြောကြားပေးလိုက်ပါတယ်။

MMEN

MMEN ကတော့ entrepreneur နဲ့ investor တွေ တွေ့ဆုံကြပြီး၊ အကြံဉာဏ်တွေဝေငှကာ လက်ဆုံစကား ပြောနိုင်ဖို့ တည်ရှိနေတဲ့ ပလက်ဖောင်းဖြစ်ပါတယ်။  သူက တွေ့ဆုံပွဲ နှင့် စကားဝိုင်းများကို လစဉ်လတိုင်း ပြုလုပ်ကျင်းပပေးတယ်။

MMEN တွေ့ဆုံပွဲတွေက မည်သူမဆို၊ ဘာအခကြေးငွေမှ ပေးစရာမလိုပဲ တတ်ရောက်နိုင်တာဖြစ်ပြီး ပွဲကိုလာရောက်တဲ့ လုပ်ငန်းရှင်တွေ၊ စွန့်ဦးတီထွင်သူတွေတိုင်းနဲ့ မိတ်ဖွဲ့ဆွေးနွေးပြောဆိုနိုင်တာမို့လို့ ကိုယ့် networkကို ချဲ့ထွင်နိုင်တာဖြစ်ပါတယ်။ MMEN စကားဝိုင်းကတော့ မြန်မာနိုင်ငံက စွန့်ဦးတီထွင်သူတွေအတွက် အကြံအစည်တွေ ဝေငှပေးတဲ့ sharing session ပဲဖြစ်ပါတယ်။ စွန့်ဦးတီထွင်သူအများစု အခက်အခဲကြုံရတဲ့အပိုင်းတွေဖြစ်တဲ့ HR, Finance, Marketing စတဲ့ အပိုင်းတွေမှာ ကျွမ်းကျင်တဲ့ Professional experts တွေက စကားပြောသွားပေးတာဖြစ်ပြီး ဝင်ကြေးအနေနဲ့တော့ ၄၀၀၀ကျပ် ပေးရတာ ဖြစ်ပါတယ်။

MYEA

MYEA က မြန်မာပြည်မှာရှိတဲ့ စွန့်ဦးတီထွင်သူတို့ရဲ့ ecosystem ကို တည်ဆောက်ပေးနေတဲ့ အဖွဲ့အစည်းတစ်ခုပဲဖြစ်ပါတယ်။ ထိုအပြင် MYEA က မြန်မာတွင်းကတင်မက အိမ်နီးချင်းနိုင်ငံတွေက stakeholder တွေနဲ့ ကမ္ဘာက entrepreneurship network နဲ့ပါ ချိတ်ထားတာဖြစ်ပြီး လူငယ် Professional တွေကို ထောက်ပံ့ပေးနေတာပဲဖြစ်ပါတယ်။

MYEA က ပြည်တွင်းပြည်ပမှာ လုပ်ငန်းများစွာနဲ့ ပူးပေါင်းပြီး များစွာသော ပွဲတွေ activities တွေကို၊ ကျင်းပပေးသလို ပါဝင်ဆောင်ရွက်နေတာလည်းဖြစ်ပါတယ်။ ဒီ MYEA အဖွဲ့အစည်းလေးမှာ နယ်ပယ်ပေါင်းစုံ ကဏ္ဍပေါင်းစုံမှာ တတ်မြောက်ကျွမ်းကျင်တဲ့ လူငယ်စွန့်ဦးတီထွင်သူတွေ စုံစည်းနေကြတာဖြစ်ပြီး ကိုယ်လည်း စွန့်ဦးတီထွင်သူတစ်ယောက်၊ လုပ်ငန်းရှင်တစ်ယောက် အနေနဲ့ဆိုလျှင် network ကောင်းများ ချိတ်ဆက်ရနိုင်မှာဖြစ်ပါတယ်။ ထိုအပြင် ဒီ အသင်းအဖွဲ့ က ပြုလုပ်သောပွဲများကို တက်ရောက်ခြင်းဖြင့်လည်း မိမိရဲ့ network ကို ပြည်တွင်းပြည်ပအထိပါ ချဲ့ထွင်နိုင်တာမို့လို မိမိအတွက် အကျိုးတွေအများကြီးရမှာပဲ ဖြစ်ပါတယ်။

အသင်းဝင်ကြေးအနေနဲ့ဆိုရင်တော့ ၆ မျိုးခွဲထားတာဖြစ်ပြီး၊ ဒီမှာတော့ အများစုဝင်လေ့ရှိတဲ့ ၂မျိုးကို ပြောပြပေးထားပါတယ်။

Executive အသင်းဝင်အတွက် လိုအပ်သောအချက်အလက်များ

  • အသက် ၄၅နှစ်အောက် လုပ်ငန်းရှင်
  • လုပ်ငန်းလိုင်စင် (မိတ္တူ)
  • Form 6/ Form 26 (မိတ္တူ)
  • နိုင်ငံသားမှတ်ပုံတင် (မိတ္တူ)
  • Passport ဓါတ်ပုံ ၃ပုံ
  • ဘွဲ့လက်မှတ် နှင့် အခြား ပညာရေး certificate (မိတ္တူ)
  • အသင်းဝင်ကြေး ၁ သိန်း
  • နှစ်စဉ်ကြေး ၁ သိန်း

Associate အသင်းဝင်အတွက် လိုအပ်သောအချက်အလက်များ

  • အသက် ၄၅နှစ်အောက် ကျောင်းသား၊ ကုမ္ပဏီဝန်ထမ်း
  • နိုင်ငံသားမှတ်ပုံတင် (မိတ္တူ)
  • Passport ဓါတ်ပုံ ၃ပုံ
  • အသင်းဝင်ကြေး ၅ သောင်း
  • နှစ်စဉ်ကြေး ၂ သောင်း

UMFCCI

UMFCCI က မြန်မာရဲ့ ပုဂ္ဂလိက စီးပွားရေအသင်းအဖွဲ့ ကဏ္ဍ ကို represent လုပ်တဲ့ အဖွဲ့အစည်းပဲဖြစ်ပါတယ်။ သူက အစိုးရ နဲ့ ပုဂ္ဂလိက အဖွဲ့အစည်းတွေအကြား ကူးပေါင်းတံတားတစ်ခု အနေနဲ့ တည်ရှိပေးနေတာဖြစ်လို့ စွန့်ဦးတီထွင်သူတွေ လုပ်ငန်းငယ် အလုပ်ရှင်တွေအနေနဲ့ ဒီမှာ အသင်းဝင်ထားလျှင် မိမိလိုအပ်ရာ network များကို အလွယ်တကူ ချိတ်ဆက်နိုင်တာဖြစ်ပြီး ခံစားခွင့်တွေအနေနဲ့ အခြားအဖွဲ့အစည်းများနဲ့ မတူသော ကောင်းကျိုးများကို ရရှိမှာဖြစ်ပါတယ်။ အဓိကအနေနဲ့တော့ ဒီအဖွဲ့အစည်းက အစိုးရ နှင့် ချိတ်ဆက်ပေးတာဖြစ်သောကြောင့် မိမိအနေနဲ့ လုပ်ငန်းဆောင်ရွက်(တည်ထောင်)ရာမှာ လိုအပ်သော လုပ်ဆောင်ချက်၊ အချက်အလက်များကို အလွယ်တကူ  ပြုလုပ်ရယူနိုင်မှာပဲ ဖြစ်ပါတယ်။ အသင်းဝင်ကြေးအနေနဲ့ဆိုရင်တော့ ၅ မျိုးခွဲထားတာဖြစ်ပြီး၊ ဒီမှာတော့ အများစုဝင်လေ့ရှိတဲ့ ၂မျိုးကို ပြောပြပေးထားပါတယ်။

မြန်မာကုမ္ပဏီ အတွက် လိုအပ်သောအချက်အလက်များ

  • ကုမ္ပဏီမှတ်ပုံတင်မိတ္တူ (၁) စောင်
  • ပုံစံ (၆/၂၆) မိတ္တူ (၁) စောင်
  • ကိုယ်စားလှယ်လွှဲအပ်ခြင်း၊ ဒါရိုက်တာအဖွဲ့အစည်းအဝေးမှတ်တမ်းမူရင်း
  • ကိုယ်စားလှယ်၏ ဓါတ်ပုံ(၃)ပုံ (၁”)ပတ်လည်
  • နိုင်ငံသားစိစစ်ရေးကဒ်ပြားမိတ္တူ (၁)စောင်
  • အသင်းဝင်ပြီးနှစ်စဉ်ကြေးပေးဆောင်ပြီးသက်တမ်းရှိအသင်းသား(၂)ဦးထောက်ခံချက်
  • အသင်းဝင်ကြေး - ၁၀၀,၀၀၀/- (ကျပ် တစ်သိန်းတိတိ)
  • နှစ်စဉ်ကြေး - ၃၆,၀၀၀/- (၃ နှစ်စာ ၁၀၈,၀၀၀/-) ၊ စုစုပေါင်း - ၂၀၈,၀၀ဝိ/

တသီးပုဂ္ဂလ အတွက် လိုအပ်သောအချက်အလက်များ

  • အသင်းဝင်ခွင့်လျှောက်လွှာ
  • ဓါတ်ပုံ (၃) ပုံ(၁”)ပတ်လည်
  • မှတ်ပုံတင်မိတ္တူနှင့်အိမ်ထောင်စုစာရင်းမိတ္ထူ (၁) စောင်
  • ပညာအရည်အချင်းအထောက်အထားမိတ္ထူ
  • လုပ်ငန်း/အသင်းအဖွဲ့/ ကုမ္ပဏီတစ်ခုခုတွင် တာဝန်ထမ်းဆောင်နေသည့် အထောက်အထား
  • အသင်းဝင်ပြီးအသင်းသား(၂)ဦးထောက်ခံချက်
  • အသင်းဝင်ခွင့်လျှောက်ထားရခြင်း ရည်ရွယ်ချက်လျှောက်လွှာ
  • အသင်းဝင်ကြေး - ၁၅,၀၀ဝိ/
  • နှစ်စဉ်ကြေး (၂) နှစ်စာ - ၂၀,၀၀ဝိ/ (နှစ်စဉ်ကြေး (၁) နှစ်စာ = ၁၀,၀၀၀/) ၊ စုစုပေါင်း - ၃၅,၀၀ဝိ/

YRYEA

ဒီအဖွဲ့အစည်းလေးကတော့ တည်ထောက်ထားတာ သိပ်မကြာသေးပါဘူး။ ၂၀၁၉ အစပိုင်းလောက်က စတင်ထားတာဖြစ်ပြီး UMFCCI က ထောက်ခံအသိအမှတ်ပြုပေးထားတာဖြစ်ပြီး MYEAကနေ ရန်ကုန်တိုင်းအတွက် ခွဲထွက်တည်ထောင်ထားပေးတာ ဖြစ်ပါတယ်။ လူငယ်အများစု စုပေါင်းတည်ထောင်ထားတာဖြစ်ပြီး၊ ရန်ကုန်က လူငယ်စွန့်ဦးတီထွင်သူတွေ၊ လုပ်ငန်းရှင်တွေ ပါဝင်တာမို့လို့၊ မိမိအနေနဲ့ လူငယ်တစ်ယောက်ဆိုလျှင်လည်း အကြံအစည် အတွေးအခေါ်တွေကို သက်တူရွယ်တူ များနှင့် ဝေငှပြောဆိုနိုင်မှာဖြစ်လို့ အသင်းဝင်ဖို့ သင့်တော်တဲ့အဖွဲ့အစည်းပဲဖြစ်ပါတယ်။

YRYEA မှာ အသင်းဝင်ဖြစ်ချင်တယ်ဆိုရင်တော့ အောက်ပါ အချက်တွေ လိုအပ်ပါတယ်။

  • မှတ်ပုံတင် မိတ္တူ
  • အိမ်ထောင်စုစာရင်း မိတ္တူ
  • ပညာရေးအောင်လက်မှတ် မိတ္တူ နှင့်
  • လတ်တလောရိုက်ထားသော ဓာတ်ပုံ ၂ ပုံပဲဖြစ်ပါတယ်။

အသင်းဝင်ကြေးအနေနဲ့ ဆိုရင်တော့ ၂ မျိုးခွဲထားပါတယ်။

အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်း၊ ပြည်တွင်းမှာ လုပ်ငန်းလုပ်ဆောင်နေသူဆိုရင်တော့ executive member လို့ သတ်မှတ်ထားပြီး အသင်းဝင်ကြေး ၁သိန်း နှင့် နှစ်စဉ်ကြေး ၁ သိန်း၊ စုစုပေါင်း ၂ သိန်း ပေးအပ်ရမှာ ဖြစ်ပါတယ်။

အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်း၊ ကျောင်းသူ၊ကျောင်းသား (သို့မဟုတ်) အလုပ်လုပ်နေသူဆိုရင်တော့ associate member လို့ သတ်မှတ်ထားပြီး အသင်းဝင်ကြေး ၅သောင်း နှင့် နှစ်စဉ်ကြေး ၂သောင်း၊ စုစုပေါင်း ၇သောင်း ပေးအပ်ရမှာ ဖြစ်ပါတယ်။

လုပ်ငန်းခွင်မှာ အလုပ်လုပ်နေသူ၊ တစ်ဦးတည်းလုပ်ငန်းရှင်၊ စွန့်ဦးတီထွင်သူ၊ လုပ်ငန်းငယ် အလုပ်ရှင်တစ်ယောက်အနေနဲ့ အထက်မှာဖော်ပြခဲ့တဲ့ အဖွဲ့အစည်းတွေက အကျိုးရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်ရှင့်။ လုပ်ငန်းရှင်အားလုံး အနေနဲ့လည်း မိမိလုပ်ငန်းငယ်ကို ရင်းနီးမြှုပ်နှံမှုရှာတော့မယ်၊ တိုးချဲ့တော့မယ်ဆိုရင် လိုအပ်လာမယ့် လုပ်ငန်းဆောင်တာ၊ ပရောဂျက်တွေအတွက် ချိတ်ဆက်ကို အချိန်မရွေး ဆက်သွယ်စုံစမ်းလိုက်လို့ရတာဖြစ်ပါတယ် ရှင့်။ ချိတ်ဆက်မှာ လုပ်ငန်းရှင်တို့ရဲ့ ပရောဂျက်တွေကို ကူညီဆောင်ရွက်ပေးမယ့် အလွတ်တန်းပညာရှင်ပေါင်း ၂၅၀၀၀ကျော်ရှိနေပြီ ဖြစ်ပါတယ်။