လုပ်ငန်းမှာ အမှားတွေကြုံရင် ဘာတွေလုပ်ဆောင်သင့်ပါသလဲ။

242 times  

  Posted on

ဘဝဆိုတာ ဘယ်အရာမှ ကြိုခန့်မှန်းလို့ မရပါဘူး။ မိမိအနေနဲ့ ကိုယ့်ရဲ့ လုပ်ငန်းမှာ အရာအားလုံးကို အကောင်းဆုံးဖြစ်အောင်လုပ်နေပေမယ့်လည်း၊ တစ်ချိန်ချိန်မှာတော့ လုပ်ငန်းကို ထိခိုက်စေတဲ့အရာတွေ ဖြစ်လာနိုင်ပါတယ်။ လုပ်ငန်းငယ်လေးတွေမှာဆိုရင်တော့ အရာအားလုံးကို balance ဖြစ်အောင်ပြန်လုပ်ဖို့အတွက် အဆင်မပြေတော့တာမျိုး ဖြစ်သွားပြီး လုပ်ငန်းဆုံးရှုံးသည်အထိ ရှိနိုင်ပါတယ်။ အဲဒီလိုမျိုးသာကျုံတွေ့ရပြီဆိုရင် သင့်ရဲ့ customer တွေ စိတ်ပျက်လာနိုင်သလို၊ သင့်လုပ်ငန်းအပေါ်ကိုလည်း ယုံကြည်မှုပျောက်ဆုံးကာ ပိုက်ဆံတွေလည်း ဆုံးရှုံးလာနိုင်ပါတယ်။ အဲ့တာကြောင့် လုပ်ငန်းမှာ အမှားလေးတွေ ကြုံလာပြီဆိုရင်တော့ အောက်ပါအချက်လေးတွေကို မှတ်သားပြီး အမြန်ဆုံးဖြေရှင်းလိုက်ဖို့လိုပါတယ်။

၁။ အမှားကို ဝန်ခံသိရှိပါ။

ဘယ်သူကမှတော့ အကာအကွယ်ကောင်းလှတယ်လို့ မရှိပါဘူး။ ဥပမာတစ်ခုနှင့် ပြောပြရမည်ဆိုလျှင် ၂၀၀၉ ခုနှစ်ဝန်းကျင်က Toyota က သူတို့ရဲ့ ကားတွေကိုအသုံးပြုတဲ့ customer အချို့က ထိခိုက်ဒဏ်ရာရပြီး သေဆုံးရသူတွေအထိ ရှိခဲ့ပါတယ်။ အဲဒီကိစ္စကို ကုမ္ပဏီက ဝိုင်းမကူပေးခဲ့တဲ့အပြင်၊ သူတို့ရဲ့ ကားတွေကိုလည်း ပြန်လည်သိမ်းဆည်းခဲ့ခြင်းမရှိခဲ့ပါဘူး။ ဒါကြောင့်လဲ သူတို့အတွက် ယုံကြည်မှုအပြင် ဝင်ငွေတွေပါကျဆင်းခဲ့ရပါတယ်။ Toyota ကဲ့သို့ပဲ Pepsi ဟာလည်း သူတို့ရဲ့ customer တွေကို ထိခိုက်စေတဲ့ ကိစ္စရပ်တစ်ခု ဖြစ်ခဲ့ပါတယ်။ Pepsi ကတော့ အဲ့ကိစ္စကို သိတာနဲ့ ချက်ချင်းတာဝန်ယူဖြေရှင်းလိုက်ပြီး၊ ပြည်သူလူထုကို သူတို့မှားသွားကြောင်းကို ရှင်းပြတောင်းပန်ခဲ့ပါတယ်။ Pepsi က သူတို့အမှားကို သူတို့ဝန်ခံပြီး ဖြေရှင်းခဲ့တဲ့အတွက် Toyota လို အဖြစ်ဆိုးနဲ့လည်း မကြုံခဲ့ရပါဘူး။ ဒီဥပမာကို ကြည့်မယ်ဆိုရင်၊ မိမိရဲ့ လုပ်ငန်းမှာ မှားယွင်းတဲ့ ကိစ္စတွေရှိခဲ့ပါက တာဝန်ယူဖြေရှင်းပြီး၊ customer တွေဆီက ယုံကြည်မှုကို ထိန်းထားဖို့ အရမ်းလိုအပ်ပါတယ်။

၂။ ရည်ရွယ်ချက်ရှိရှိ ဖြေရှင်းပါ။ (Be Objective)

လုပ်ငန်းမှာ ကိစ္စတွေအကုန်လုံးက အကြပ်အတည်းဖြစ်နေတဲ့အချိန်ကျရင်၊ ရုံးခန်းထဲကို emotion တွေအများကြီး မသယ်လာဖို့ အရေးကြီးပါတယ်။ အဲ့ emotion တွေက သင့်ကို မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချခြင်းကနေ တားဆီးနိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။ တည်တည်ငြိမ်ငြိမ်နဲ့ စိတ်ကိုထိန်းပါ။ ဖြစ်သွားတဲ့အခြေအနေ (situation) ကို သုံးသပ်ပါ၊ ဒီလိုအခြေအနေကို ဘာကြောင့်ဖြစ်သွားလဲဆိုတာကို ပိုနက်နဲစွာ ရှာဖွေမေးမြန်းပါ။ ပြီးရင်တော့ ဒီအခြေအနေအတွက် ကိုယ်ဘာလုပ်တော့မယ်ဆိုတာကို ကျိုးကြောင်းဆီလျော်အောင် စဉ်းစားဆုံးဖြတ်ပါ။ ဒါဆိုရင်တော့ သင့်အနေနဲ့ ဒီကိစ္စမှာ တစ်ဝက်လောက်က ဖြေရှင်းပြီးမြောက်ပြီးသား ဖြစ်သွားမှာပါ။ ကိုယ့်အနေနဲ့ လုပ်ငန်းပိုင်ရှင်၊ တည်ထောင်သူသာဖြစ်မယ်ဆိုရင် တည်ငြိမ်နေဖို့က ပိုအရေးကြီးပါတယ်။ ကိုယ်ကတောင် မတည်ငြိမ်ပဲ စိတ်ပူ၊ စိတ်လှုပ်ရှားနေမယ်ဆိုရင်တော့ သင့်နောက်လိုက်နေတဲ့ သင့်လက်အောက်ငယ်သားတွေအတွက်လည်း ပိုအဆင်မပြေတဲ့ အခြေအနေကို ရောက်သွားနိုင်တာကြောင့် ဖြစ်ပါတယ်။

၃။ လိုအပ်လာသည့်အခါ plan ကို ပြောင်းလဲပါ။

ပြသာနာတွေဖြစ်လာလို့ ဖြေရှင်းချက်တွေ၊ plan ချတဲ့အခါမှာ ပြောင်းလဲလို့ရတဲ့ အချက်တွေ ရှိနိုင်လားဆိုတာကို ပြန်ကြည့်ပါ။ သင့်ရဲ့ တချို့သော အကောင်းဆုံးဖြေရှင်းချက်တွေကို လုပ်ဆောင်ဖို့အတွက် ကုန်ကျစရိတ်တွေများသွားတာမျိုးလည်း ရှိနိုင်ပါတယ်။ အဲဒါကြောင့် ဖြေရှင်းချက် Plan ကို တကယ်မပြုလုပ်ခင်မှာ သေချာပြန်စစ်ဆေးပြီး မိမိလုပ်ဆောင်မယ့် ဖြေရှင်းချက်က သတ်မှတ်ထားတဲ့အရာတွေထဲကို မဝင်ဆံ့ပဲ မဖြစ်နိုင်ဘူးဆိုရင်တော့၊ planကို ပြန်ညှိယူဖို့ စဉ်းစားရတော့မှာ ဖြစ်ပါတယ်။ သင့်အနေနဲ့ ကိုယ့်ရဲ့ ကုမ္ပဏီနဲ့ ပတ်သက်ပြီး ပြသာနာဖြစ်လာပြီဆိုပါက၊ အပေါ်ကအချက်လေးတွေကို စဉ်းစားလုပ်ဆောင်ဖို့လိုအပ်ပါတယ်။

ပြသာနာတွေဖြစ်နေတဲ့အချိန် မိမိအနေနဲ့ အလျင်စလိုလုပ်ဆောင်ရမယ့် အချက်တွေရှိနေပြီး လိုအပ်မှုတွေရှိနေပါကလည်း ချိတ်ဆက်ကို ဆက်သွယ်လိုက်လို့ရပါတယ် ရှင့်။ ချိတ်ဆက်မှာ မိတ်ဆွေ၏ လုပ်ငန်းခွင်အခက်အခဲတွေကို ကူညီဖြေရှင်းပေးမယ့် အရည်အချင်းပြည့်ဝ အလွတ်တန်းပညာရှင်တွေ ၂၅၀၀၀ကျော်ရှိနေပြီမို့လို့ သိလိုရာများရှိပါက အမြန်ဆုံးဆက်သွယ်လိုက်ဖို့ ပြောလိုပါတယ်ရှင့်။