နေသာတဲ့ သောကြာနေ့မနက်ခင်း AYA ဘဏ်မှာ လူတွေအရမ်းများနေတဲ့အချိန်ပေါ့..

CS: ဟာ..... အကို၊ မတွေ့တာကြာပြီနော်။ ပိုက်ဆံတွေ ထားစရာမရှိလို့ ဘဏ်ထဲ လာထည့်တာလား။

A: အယ်... မမြင်ဘူးညီမရေ ကိုယ့်အလုပ်နဲ့ကို ရှုပ်နေတာနဲ့တင်။ မဟုတ်ပါဘူး ညီမလေးရယ်။ ငွေလွှဲဖို့ လာတာပါ။ ဝန်ထမ်းတွေလည်း မအားတော့ ကိုယ်တိုင်ရောက်ချလာတာပဲကွာ။

CS: ဟုတ်လား အကို့ဝန်ထမ်းတွေက ဘယ်ရောက်နေလို့လဲ။

A: ဒီလိုညီမရေ...၊ အခုအကိုတို့ App ကိုမိတ်ဆက်ဖို့ မန္တလေးမှာ ပွဲတစ်ပွဲရှိတာ။ ဒါပေမယ့် ပရိသတ်ကများတော့ အကိုတို့နဲ့တင်မလောက်ဘူး တရုံးလုံးခေါ်သွားရမလိုတွေ ဖြစ်နေတာ။ ရန်ကုန်မှာကျန်တဲ့ကလေးတွေလည်း ပွဲစီစဥ်တာနဲ့ တော်တော်ပန်းနေပြီ မအားကျဘူး။ ပွဲက မနက်ဖြန်ဆိုတော့ ခုဒီညကားနဲ့ တန်းလွှတ်ရင်တောင် မနက်အစောကြီး ရောက်တာနဲ့ ဖွင့်ပွဲတမ်းသွားရမှာကွာ။ စနေ၊ တနင်္ဂနွေတောက်လျှောက်ဆိုတော့ အားလည်းတော်တော်နာတယ်။ ဘာလုပ်ရမှန်းမသိလို့ ခုထိ ကားလည်းမစီစဥ်ရသေးပါဘူးကွာ။

CS: ဟာ အကိုကလည်း၊ အဲ့ဒါညီမကို ပြောတာမဟုတ်ဘူး။ ချိတ်ဆက်မှာ promoter တွေ event assistant တွေ ရှိတယ်လေ။ မန္တလေးမှာဆို လူသုံးရာလောက်တောင်ရှိမယ်။

A: ဟုတ်လား။ အကိုက ချိတ်ဆက်ကိုတော့ သိတယ်လေ။ ဒါပေမဲ့ နည်းပညာပလက်ဖောင်းဆိုတော့ developer တို့၊ designer တို့လိုမျိုး online ပေါ်ကနေအလုပ်လုပ်လို့ရတဲ့ နည်းပညာပိုင်းနဲ့ ပတ်သက်တဲ့သူတွေပဲရှိတယ်လို့ ထင်ခဲ့တာ။ ဒီလိုမှန်းသိ လှမ်းပြောလိုက်တာပေါ့ကွာ။

CS: ဟုတ် ညီမတို့ ချိတ်ဆက်မှာက အလုပ်အမျိုးအစားအစုံရှိတာဆိုတော့ Online ကနေလုပ်တဲ့လူတွေရှိသလို offline အလုပ်တွေလည်းမျိုးစုံရှိတယ်ရော။ အကိုလိုချင်တဲ့ promoter တွေလည်း ရှိတာမှ အများကြီး။ ဒီကဝန်ထမ်းတွေကို‌ ခေါ်သွားစရာမလိုတော့ ပိုက်ဆံအကုန်အကျတွေလည်း အများကြီးလျော့သွားသလို အလုပ်ရှုပ်ခံပြီး စီစဥ်စရာလည်းမလိုတော့ဘူးပေါ့။


မနက်စောစော နာရီဝက်လောက် အချိန်ပေးပြီး app အကြောင်း၊ ဘယ်လို register လုပ်ဖို့၊ ဘယ်လို download ဖို့အကြောင်းလေးတွေကို training နည်းနည်းပါးပါးပေးလိုက်ရင် အဆင်ပြေပြီ။ ညီမအခုရုံးပြန်တာနဲ့ အကို့ပွဲအတွက် freelancer ရှာထားလိုက်မယ်။ စိတ်မပူနဲ့တော့ okay?

**ပွဲအပြီးတနင်္ဂနွေ ညနေမှာတော့ Client A ချိတ်ဆက်ကို ဖုန်းဆက်လာပါတယ်။**


A: ညီမရေ၊ ပွဲလေးအောင်အောင်မြင်မြင်ပြီးသွားတယ်။ Freelancer တွေလည်း တော်တော်အဆင်ပြေတယ်။ download လည်း တော်တော်ရလိုက်တယ်ကွ။ ရန်ကုန်ကဝန်ထမ်းလှမ်းခေါ်တာထက်စာရင် အကုန်အကျလည်း တော်တော်သက်သာသွားတယ်ပြောရမယ်ဗျာ။ ချိတ်ဆက်က ဒီလို urgentတွေလိုရင်လည်း သုံးလို့ရတယ်ဆိုတာ ကျွန်တော် အစထဲက သိခဲ့ရမှာ။ ကျေးဇူးပဲ ညီမရေ။

CS: ရပါတယ် အကို။ ပွဲလေးအဆင်ပြေသွားတယ်ဆိုတာ ကြားရတော့ ညီမတို့လည်း ဝမ်းသာပါတယ်ရှင့်။

 

***************

ချိတ်ဆက်က လုပ်ငန်းရှင်တွေရဲ့ လိုအပ်ချက်တာဝန်များကို မြန်ဆန်လွယ်ကူစွာ လုပ်ဆောင်နိုင်စေဖို့အတွက် အသင့်ရှိကာ ကူညီပေးနေတာပဲ ဖြစ်ပါတယ်။ လုပ်ငန်းရှင်တွေ၊ မန်နေဂျာတွေ အတွက် ပိတ်ရက်တွေ ဘယ်လောက်များများ၊ အလုပ်တွေ ဘယ်လောက်ပဲပုံပုံ အလုပ်တွေ မပြီးမှာ စိတ်ပူစရာမလိုတော့ပါဘူး။

အခုဆိုရင် ချိတ်ဆက်က လုပ်ငန်းရှင်တွေ အဆင်ပြေစေဖို့ Productive Thadingyut ဆိုတဲ့ အစီအစဥ်လေးလည်းရှိတယ်လေ။

အောက်တိုဘာလ ၉ရက်နေ့မှ စပြီး နိုဝင်ဘာ ၃၀ ရက်နေ့အထိ လုပ်ငန်းများအတွက် ချိတ်ဆက်၏ ကျွမ်းကျင်အလွတ်တန်းပညာရှင်များဖြင့် ဆောင်ရွက်သော ၅၀၀၀၀ကျပ်အထက် တန်ဖိုးရှိ Premium Project များကို ၂၀၀၀၀ ကျပ် Cash Back ပြန်လည် ပေးအပ်မှာဖြစ်ပါတယ်။

လူကြီးမင်းတို့ လုပ်ငန်းမှာ လိုအပ်တဲ့ Programmer, Graphic Designer, Content Writer, Translator, Interpreter, Accountant, Digital Marketer နှင့် အခြားသော Professionalမျိုးစုံကို လွယ်လွယ်ကူကူ ချိတ်ဆက်နိုင်မည့် အပြင် Cash Back လည်း ပြန်ရမှာဆိုတော့ အလုပ်လည်းပြီး ကုန်ကျစရိတ်လဲ သက်သာမှာ မလို့ လက်မလွတ်သင့်တဲ့ အခွင့်အရေးတစ်ခုပါ။

Promo Code ကတော့ (TDG19) ဖြစ်ပြီး ဒီလင့်ကနေ (http://bit.ly/2LUG40x) အခုပဲ project တွေ စတင်လို့ ရပြီနော်။
ချိတ်ဆက်ဝန်ဆောင်မှုနှင့် ပတ်သက်ပြီး သိလိုရာများရှိပါက customer service ဖုန်း ၀၉ ၇၈၀ ၁၇၅ ၃၃၀ ကို ဆက်သွယ်မေးမြန်းလို့ရပါတယ်ရှင့်။