Chate Sat New Pricing Announcement

281 times  

  Posted on
  Tags :

ချိတ်ဆက် အသုံးပြုသူများကို အကောင်းဆုံးဖြည့်စည်းပေးနိုင်ရန်  ကြိုးစားအားထုတ်မှုအနေနဲ့ လုပ်ငန်းရှင်များ၏ စီးပွာ‌းရေး လိုအပ်ချက်နှင့် ပိုမိုကိုက်ညီသော ဝန်‌ဆောင်မှု‌နှင့် ဈေးနှုန်းများကို ယခု အောက်တိုဘာလကုန်မှ စတင်၍ ပြောင်းလဲလိုက်ပြီဖြစ်ကြောင်း အသိပေးအကြောင်းကြားလိုပါတယ်။  

1) Standard Pricing

Standard Service Type ကို ယခင်က ဝန်‌ဆောင်ခ (1ဝ) ရာခိုင်နှုန်း ကောက်ခံခဲ့ရာ ယခုအခါ ဝန်‌ဆောင်မှု‌ ဈေးနှုန်းအား (အခမဲ့) အဖြစ်သတ်မှတ်လိုက်ပြီဖြစ်‌ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။ ကိုယ်ပိုင် စီးပွား‌ရေးပညာရှင်များ၊ ကုန်ကျစရိတ် လျှော့ချချင်သော စွန့်ဦးတီထွင် လုပ်ငန်းရှင်များအတွက် ရည်ရွယ်ထားသော ပြောင်းလဲမှုဖြစ်ပါတယ်။ (အခမဲ့) ဈေးနှုန်းသတ်မှတ်ခြင်းကြောင့် ဝန်ဆောင်မှု အဆင့်အတန်းလျှော့ချလိုက်မယ်လို့တော့ မထင်လိုက်ပါနဲ့နော်။ ယခင်အတိုင်း တူညီသော ဝန်ဆောင်မှုများ ပါဝင်စဲပါပဲ။

2) Premium Pricing

Premium အမျိုးအစားရဲ့  ဈေးနှုန်းကို ယခင်ကဲ့သို့ မပြောင်းလဲပဲ ပရောဂျက်၏ (15) ရာခိုင်နှုန်း ကုန်ကျမည် ဖြစ်ပြီး ဝန်‌ဆောင်မှုအသစ်ဖြစ်တဲ့ Multiple Talent Replacement ကို ထည့်သွင်း ပေးထားပါတယ်။ Multiple Talent Replacement ဆိုသည်မှာ ငှားရမ်းထားသော အလွတ်တန်းပညာရှင်များကို အလုပ်ရှင်များက စိတ်တိုင်းမကျခဲ့သည်ရှိသော် အခကြေးငွေ ထပ်မံမကောက်ခံဘဲ ပြောင်းလဲပေးသော ဝန်ဆောင်မှုဖြစ်ပါတယ်။ Premium မှာ ယခင်ကပါဝင်ခဲ့သော Interview Service ပါဝင်ခြင်းမရှိတော့ပဲ အလွတ်တန်းပညာရှင်များနှင့်အလုပ်ရှင်များ Online ပေါ်တွင်သာ ဆက်သွယ်မေးမြန်းနိုင်ရန် Chate Sat Workroom ကို ပိုမိုကောင်းမွန်သော Features များ ပြောင်းလဲပြင်ဆင်မှုများ ပြုလုပ်သွားမည်ဖြစ်ပါတယ်။

3) Enterprise Pricing

သင်က ကော်ပိုရိတ်အတွက် အလွတ်တန်းပညာရှင် ရှာဖွေနေသူ (သို့မဟုတ်) အချိန်ပေးရသော Website Development ကဲ့သို့သော ပရောဂျက်များဆိုရင်တော့ Enterprise Service Type နဲ့ ကိုက်ညီမှာဖြစ်ပါတယ်။ ဒီ ဝန်ဆောင်မှုနှင့် ပရောဂျက်လုပ်မည်ဆိုရင်တော့ www.chatesat.com/pricing ရှိ Enterprise Pricing အောက်မှ ‘Get Free Quote’ Button ကို နှိပ်ကာ လိုအပ်သော အလွတ်တန်းပညာရှင်အမျိုးအစားကို Form တွင် (သို့မဟုတ်) Post Project စာမျက်နှာတွင် လိုအပ်သော အကြောင်းအရာများဖြည့်ကာ Quote Requestလုပ်ရပါမယ်။ Submit လုပ်ပြီးတာနဲ့ ချိတ်ဆက်မှ တာဝန်ရှိသူက အလုပ်ရှင်များကို ဆက်သွယ်ပေးမည်ဖြစ်ပါတယ်။ ဝန်ဆောင်မှုရာခိုင်နှုန်းသည် ပရောဂျက်အမျိုးအစားပေါ်တွင်သာ မူတည်မည်ဖြစ်ကြောင်းကြားအပ်ပါတယ်။

ဤ Pricing Type သုံးခုတွင် ပါဝင်သော ဝန်ဆောင်မှု အသေးစိတ်ကိုတော့ www.chatesat.com/pricing စာမျက်နှာမှာ နှိုင်းယှဉ်ဖတ်ရှုနိုင်ပါတယ်။