တကယ်လို့ သင်ဟာ သင့်လုပ်ငန်းကို ပိုကြီးလာအောင်လုပ်ချင်တယ် ဒါပေမယ့် အချိန်မရှိဘူးဆိုသူတွေရယ်၊ လုပ်ငန်းတိုးချဲ့ချင်တယ် ဒါပေမယ့် လူအင်အားမရှိဘူး၊ အမြဲတမ်းလည်း မခန့်ထားနိုင်ဘူးဆိုသူတွေရယ်၊ လုပ်ငန်းနယ်ပယ်ကျယ်ပြန့်ချင်တယ် ဒါပေမယ့် မလုပ်တတ်ဘူး၊ မလုပ်နိုင်ဘူးဆိုသူတွေရယ်အတွက် ဒီစာက အတော်လေးအသုံးဝင်မယ်လို့ ထင်ပါတယ်။ ဒီအပေါ်ကအချက်တွေနဲ့ ကိုက်ညီနေပြီဆိုရင်တော့ သင်လုပ်နိုင်တာ တစ်ခုရှိပါတယ်။ အဲ့ဒါကတော့ အပြင်ကနေ သင့်လုပ်ငန်းအတွက် လိုအပ်မယ့် လူအရေအတွက်နဲ့ အရည်အချင်းအတိုင်း အလွတ်တန်းပညာရှင်တွေကို ငှားရမ်းခေါ်ယူတာပဲ ဖြစ်ပါတယ်။

သင့်အနေနဲ့ သင်ကိုယ်တိုင်လည်း မလုပ်နိုင်တဲ့၊ လုပ်ဖို့အချိန်လည်း မရှိတဲ့ တာဝန်တွေအတွက် အရည်အချင်းပြည့်ဝပြီးသား အလွတ်တန်းပညာရှင်တွေကိုသာ ငှားရမ်းလိုက်မယ်ဆိုရင် တစ်ဖက်မှာလည်း သင်ကောင်းမွန်စွာ လုပ်နိုင်တဲ့ တခြားအရာတွေကို အာရုံစိုက်နိုင်မှာ ဖြစ်ပါတယ်။

ဒီမှာတစ်ခုရှိတာက အဲ့လိုအပြင်က ငှားရမ်းခေါ်ယူဖို့ဆိုတာ ကုမ္ပဏီအကြီးကြီးတွေအတွက်ပဲလို့ ထင်လေ့ရှိကြပါတယ်။ တကယ်ကတော့ သင့်ကုမ္ပဏီအရွယ်အစား သေးသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ ဘယ်အရွယ်တွေအတွက်မဆို အလွတ်တန်းပညာရှင်တွေကို ခေါ်ယူအသုံးပြုနေနိုင်ပြီ  ဖြစ်ပါတယ်။ တချို့လုပ်ငန်းတွေကတော့ ယူရမယ့် တာဝန်တွေနဲ့ အလုပ်ပိုတယ်လို့ တွေးထင်မိတာကြောင့် ဒီတိုင်းနေလိုက်ရင်းကနေ မိမိရဲ့ လုပ်ငန်းတိုးတက်၊ ဖွံ့ဖြိုးဖို့အတွက် အဟန့်အတားတစ်ခုလိုလည်း ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာ ချိတ်ဆက်က ဝေငှပေးမယ့် အချက်လေးတွေကို ဖတ်ကြည့်ပြီး အလွတ်တန်းပညာရှင်တွေကို အပြင်ကနေ ငှားရမ်းခေါ်ယူပြီး (outsource)  အသုံးပြုကြည့်လိုက်ပါ။

 

၁။ ဘာကြောင့် Outsource သင့်ပါသလဲ။

Outsource လုပ်ခြင်းက အားကြီးပါတယ်။ မတူညီတဲ့လူတွေရဲ့ အရည်အသွေးကို ရယူနိုင်ရုံတင်မကဘဲ ပရောဂျက်တွေကိုလည်း မြန်ဆန်စွာ ပြီးစီးစေနိုင်တာကြောင့် operating ကုန်ကျစရိတ်တွေကိုလည်း ထိန်းချုပ်ပေးနိုင်ပါတယ်။ သင့်အနေနဲ့ သင့်ကုမ္ပဏီတွင်းမှာ ရုံးထိုင်ဝန်ထမ်းမထားပဲ၊ သင် ကြိုက်သလောက်တိုးချဲ့လို့ရတဲ့ အနေအထားအထိ ကြီးထွားလာနိုင်ပါတယ်။ ဒါကြောင့် သင့်တော်တဲ့အချိန်မှာ Outsource လုပ်တတ်ခြင်းက သင့်လုပ်ငန်းအတွက် အများကြီးအထောက်အကူ ဖြစ်စေမှာပါ။

 

၂။ Outsource လုပ်သင့်သည့် အချိန်အား စဉ်းစားဆုံးဖြတ်ခြင်း။

လူတိုင်းအတွက် outsource လုပ်ရမယ့်အချိန်က တစ်ယောက်နဲ့ တစ်ယောက်က အချိန်တွေ မတူညီကြပါဘူး။ သင့်အနေနဲ့ ပရောဂျက်သစ်တစ်ခုအတွက် အချိန်ပြည့်ဝန်ထမ်းကို ငှားရမ်းစရာမလိုပဲ အပြင်ကလူကို ငှားရမ်းရတာမျိုး (outsource) လည်းဖြစ်နိုင်ပါတယ်။ (ဒါမှမဟုတ်) သင့်အနေနဲ့ နေ့စဉ် သာမန်လုပ်နေရတဲ့ တာဝန်လေးတွေဟာလည်း သင့်ကို တီထွင်ကြံဆရမယ့် တာဝန်ကြီးတွေလုပ်ခြင်းကနေ ဟန့်တားနေလို့လဲ ဖြစ်နိုင်ပါတယ်။ ဘယ်လိုအချက်တွေကြောင့်ပဲ ဖြစ်နေပါစေ၊ သင့်အနေနဲ့ နေ့စဉ်လုပ်ဆောင်ရတဲ့ လုပ်ငန်းစဉ်တွေကို manage လုပ်တဲ့အခါမှာပဲဖြစ်ဖြစ်၊ လုပ်ငန်းကို တိုးချဲ့ဖို့လုပ်ဆောင်နေတဲ့အခါမှာပဲဖြစ်ဖြစ် ရုန်းကန်နေရတယ်ဆိုရင်တော့ သင့်အနေနဲ့ အပြင်ကလူအင်အားကို ငှားရမ်းဖို့ လိုနေပြီလားလို့ စဉ်းစားသင့်နေပါပြီ။

 

၃။ Outsource လုပ်သင့်သည့်အရာများကို ခွဲခြားသိရှိခြင်း။

ထပ်ခါထပ်ခါလုပ်ရတဲ့ အခြေခံ အလုပ်သေးသေးလေးတွေကနေ စတင်လိုက်ပါ။ (ဥပမာ - payroll စီမံခန့်ခွဲပေးရခြင်း၊ data သွင်းခြင်း)၊ အဲ့လို အလုပ်သေးသေးလေးတွေကို ဖယ်လိုက်ရင်က သင်တကယ်လုပ်ဆောင်ဖို့ လိုအပ်တဲ့ တာဝန်တွေကို အလေးပေး အာရုံစိုက်နိုင်မယ့်အချိန်တွေ ရလာမှာပါ။ အဲ့ဒါကြောင့် သင့်ရဲ့ အဓိက လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေထဲက မဟုတ်တဲ့ အခြားအလုပ်တွေအတွက်ကို အပြင်ကနေ outsource လုပ်ပြီး ငှားရမ်းလိုက်ပါ။ ဥပမာ -သင်က စာရေးဆရာတစ်ဦးဖြစ်ပြီး၊ သင့်စာအုပ်အဖုံးအတွက် ဆွဲဖို့လိုနေတာမျိုးလိုပေါ့။

 

ယခုအခါမှာတော့ သင့်အနေနဲ့ ယုံကြည်ရတဲ့ အလွတ်တန်းပညာရှင်တွေကို online မှာရှာဖွေဖို့က လွယ်ကူနေပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကိုယ့်အတွက်မှန်ကန်တဲ့ အလွတ်တန်းပညာရှင်တွေကို ရွေးချယ်ဖို့ကတော့ လိုအပ်မှာပါ။ အဲ့အတွက်လည်း မိတ်ဆွေအနေနဲ့ ဘယ်နေရာက ဘယ်လိုစရမှန်း မသိရင်တော့ ‘ချိတ်ဆက်’က အလွတ်တန်းပညာရှင်တွေကို ငှားရမ်းဖို့အတွက် အကောင်းဆုံးပလက်ဖောင်းပဲ ဖြစ်ပါတယ်။ မိတ်ဆွေတို့ရဲ့ ပရောဂျက်တွေအတွက် အလွတ်တန်းပညာရှင်တွေနဲ့ အတူ လက်တွဲလုပ်ဆောင်တဲ့အခါမှာ ကုန်ကျစရိတ်လည်း သက်သာပြီး သင့်တော်တဲ့ အရည်အချင်းရှိသူတွေနဲ့အတူ ပရောဂျက်ကို အောင်မြင်စွာပြီးမြောက်စေဖို့ ‘ချိတ်ဆက်’ ပလက်ဖောင်းက အလွတ်တန်းတန်းပညာရှင်ပေါင်း ၂၈၀၀၀ ကျော်နှင့်အတူ ရှိနေပြီဖြစ်ပါတယ်။