၂၀၀၀ခုနှစ်ဝန်းကျင်လောက်က internet ကွန်ယက်တွေ စတင်တိုးချဲ့ အသုံးပြုလာတာနဲ့အမျှ online ဈေးကွက်တွေဟာလည်း တဖြည်းဖြည်းနဲ့ များပြားလာတာပဲဖြစ်ပါတယ်။ Online ဈေးကွက်တွေမှာ လုပ်ငန်းစတင်ခြင်းဟာ အကုန်အကျများစွာ သက်သာစေပြီး၊ အခွင့်အလမ်းတွေ အများကြီးရှိသလို၊ အမှတ်မထင် မှားယွင်းနိုင်တာလေးတွေလည်း အများကြီးရှိပါတယ်။ Online Start-up တွေအနေနဲ့ တချို့အချက်လေးတွေနဲ့ လုပ်လေ့ရှိတဲ့ အမှားတွေကြောင့် လုပ်ငန်းမအောင်မြင်မှုတွေကို ကြုံနေကြရတာပဲ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် ဒီအပတ်မှာတော့ Start-up အများစု လုပ်လေ့ရှိတဲ့ အမှားလေးတွေကို ရှောင်နိုင်ဖို့အတွက် Blogလေး ဝေမျှပေးလိုက်ပါတယ်။

 

၁။ Plan ကြိုချထားမှုမရှိခြင်း။

Start-up တွေဟာ မိမိလုပ်ဆောင်ရမယ့်အချက်တွေကို ချမှတ်၊ ရေးဆွဲထားခြင်းမျိုးကို ပြုလုပ်လေ့မရှိတာက Start-up အများစုရဲ့ အမှားတစ်ခုဖြစ်ပါတယ်။ လုပ်ငန်းတစ်ခုစတင်တဲ့အခါမှာ အလျှင်စလိုနဲ့ စတင်လုပ်ကိုင်ခြင်းက အဲ့ဒီလုပ်ငန်း မအောင်မြင်ဖို့အတွက် ရာခိုင်နှုန်းပိုများပါတယ်။ Plan သာမချထားဘူးဆိုရင် မိတ်ဆွေအနေနဲ့ အလုပ်လုပ်နေပေမယ့်လည်း စက်ဝိုင်းတစ်ခုမှာ ပတ်ချာလည်ပြေးနေသလိုသာ ဖြစ်နေမှာပါ။ အဲ့ဒီလိုနဲ့ အချိန်ကြာလာတဲ့အခါမှာ မိမိရဲ့ resources တွေဟာလည်း တဖြည်းဖြည်းနဲ့ ဆုံးရှုံးသွားနိုင်ပါတယ်။

 

၂။ Social Media ပလက်ဖောင်းများတွင် ကြော်ငြာများကို တစ်ပြိုင်တည်း ပြုလုပ်တတ်ခြင်း။

ဒီနေ့ခေတ်အခါမှာ Social Media တွေရဲ့လွှမ်းမိုးမှုပမဏက အတော်လေးများလာတာကို တွေ့ရပါတယ်။ ဒါပေမယ့်လည်း Social Media ပလက်ဖောင်းတိုင်းက တူညီတဲ့ Marketing အခွင့်အရေးတွေကို ပေးနေတာ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ်ရဲ့လုပ်ငန်းကို Social media မှာလူအများသိအောင် spread လုပ်ခြင်းက ကောင်းတဲ့အချက်တွေ ရှိတယ်ဆိုပေမယ့်လည်း၊ ဒီနည်းလမ်းက ငွေအကုန်အကျလည်းအတော်များသလို၊ ရလဒ်အနေနဲ့ဆိုရင်လည်း တိကျသချာမှုမရှိတာကြောင့် ငွေသာကုန်သွားတယ် ထိရောက်မှုလည်းမရှိဘူးဆိုတဲ့ marketing မျိုးလည်း ဖြစ်သွားစေနိုင်ပါတယ်။ ဒါက ဒီဂျစ်တယ်ခေတ်မှာ Start-up တွေလုပ်လေ့ရှိတဲ့ အမှားတစ်ခုပဲ ဖြစ်ပါတယ်။

 

မိတ်ဆွေရဲ့ marketing plan အတွက် မတူညီတဲ့ social media တွေက မတူညီတဲ့ အချက်အလက် တွေကို ပေးပါတယ်။ အဲ့ဒါကြောင့်မလို့ မိတ်ဆွေအနေနဲ့ Facebook, Instagram နဲ့ Twitter တို့မှာ တစ်ပြိုင်တည်း မစတင်ခင်ကတည်းက မိတ်ဆွေရဲ့ target audience ကို စစ်ဆေးတွက်ချက်ပြီး၊ social ပလက်ဖောင်း အချင်းချင်းကိုလည်း နှိုင်းယှဉ်ကြည့်ရမှာ ဖြစ်ပါတယ်။ အဲ့ဒီလိုလုပ်ခြင်းက  Social Media ပလက်ဖောင်းတစ်ခုစီအတွက် content ခွဲခြားရေးသားရာမှာ အထောက်အကူပြုသလို၊ target audience ဘယ်မှာရှိတယ်ဆိုတာကိုလည်း ခွဲခြားသိရှိနိုင်ပါတယ်။

 

၃။ Brand Image ကိုမြှင့်တင်နိုင်မယ့် Content ကောင်းများမရှိခြင်း။

Digital Marketing ကိုကျွမ်းကျင်တဲ့ ဘယ်သူ့ကိုမဆို မေးကြည့်လိုက်ပါ။ အကုန်လုံးက content ဟာ Marketing လုပ်ရာမှာ ဘယ်လောက် အရေးကြီးကြောင်းကို ပြောပြမှာဖြစ်ပါတယ်။ Audience ကိုဆွဲဆောင်နိုင်အောင် ရေးသားထားတဲ့ content က မိတ်ဆွေရဲ့ Brand ကို audience တွေနဲ့ ရင်းနှီးကျွမ်းဝင်လာစေမယ့် အရာပဲဖြစ်ပါတယ်။ Marketing content တွေက သင့်ရဲ့ audience/followers တွေကို များစေရုံတင်မကပါဘူး အဲ့ဒီ followers တွေကနေတဆင့် စားသုံးသူ (customers)တွေအနေနဲ့ပါ ထပ်တိုးလာစေမှာ ဖြစ်ပါတယ်။

၄။ မိမိနဲ့လုပ်ငန်းတူသူတွေကြားမှာ တမူထူးခြားအောင် မလုပ်ဆောင်တတ်ခြင်း။

Online ဈေးကွက်ကြီးက ကျယ်ပြန့်သလို၊အောင်မြင်ပြီးသားဖြစ်တဲ့ လုပ်ငန်းကြီး၊ လုပ်ငန်းငယ်များစွာလည်း ရှိနှင့်ပြီးသားပါ။ အောင်မြင်ပြီးသားဖြစ်တဲ့ လုပ်ငန်း (brand) ကနေ inspiration လုပ်ခြင်းက ကောင်းမွန်တဲ့ strategy ဖြစ်ပါတယ်။ သို့ပင်မယ့်လည်း လုပ်ငန်းရှင်အများစုက အောင်မြင်ပြီးသား တခြား brand တွေကို ကူးယူပြီး၊ တစ်ပုံစံတည်း လိုက်လုပ်ကြတတ်တာလည်း ဖြစ်ပါတယ်။

စားသုံးသူ (customer) တွေက မိတ်ဆွေရဲ့ လုပ်ငန်းကနေ ဆန်းသစ်မှုတွေကို လိုချင်ကြပါတယ်။ စားသုံးသူတွေက မိတ်ဆွေရဲ့ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေကို ဈေးကွက်ထဲက တခြားရှိပြီးသား brand တွေထက်စာရင် ပိုသာတာကိုပဲ မျှော်လင့်ထားကြပါတယ်။ မိတ်ဆွေအနေနဲ့ တခြားတစ်ယောက်က ပြုလုပ်ပြီးသား နည်းလမ်းကိုသာ လိုက်လုပ်မယ်ဆိုရင်တော့၊ မိတ်ဆွေရဲ့လုပ်ငန်းကနေ အမြတ်ရဖို့အတွက် ခဲယဉ်းမှာဖြစ်ပါတယ်။

လုပ်ငန်းတစ်ခု စတင်တယ်ဆိုတာက အကြံအစည်များချမှတ်ခြင်း၊ လိုအပ်ရာများကို စုစည်းခြင်း၊ စားသုံးသူများနှင့် ချိတ်ဆက်ခြင်း စတဲ့အချက်တွေကို အများကြီး လိုအပ်ပါတယ်။ တခြားသူတစ်ယောက်အဖြစ် ရပ်တည်တာမျိုးမဟုတ်ပဲ၊ ကိုယ်ရဲ့ပြိုင်ဘက်တွေကနေ ကိုယ်က ဘယ်လိုကွာခြားတယ်ဆိုတဲ့ အကြောင်းကိုပြပါ၊ ဖြစ်အောင်လုပ်ပါ။ လူတွေက အသစ်အဆန်းတွေကိုသာ စိတ်ဝင်စားကြတာပါ။ အဲ့ဒါကြောင့်လည်း မိတ်ဆွေလုပ်ငန်းက ဆင်တူရှိပြီးသားဖြစ်ရင်တောင်မှ ဆန်းသစ်မှုတစ်ခုခုနဲ့ စားသုံးသူတွေကို ဆွဲဆောင်ရမှာ ဖြစ်ပါတယ်။ ကိုယ်အသုံးပြုလိုက်တဲ့ ငွေတွေကို အလကား သက်သက်ကုန်ကျတာမျိုး မဖြစ်ပါစေနဲ့။

လုပ်ငန်းစတင်မယ့် Start-up လုပ်ငန်းရှင်တွေအတွက်လည်း ချိတ်ဆက်က အများကြီး ကူညီပေးဖို့ အသင့်ရှိပါတယ်။ မိတ်ဆွေလိုအပ်ရာ နယ်ပယ် (content ရေးခြင်း၊ ဒီဇိုင်းပုံများဆွဲခြင်း၊ နှင့် အခြားလိုအပ်ချက်များ) အတွက် အရည်အချင်းပြည့် အလွတ်တန်းပညာရှင်ပေါင်း ၂၈၀၀၀ ကျော်ရှိတာမို့၊ ပရောဂျက်တွေ အခုပဲတင်လိုက်ဖို့ ဖိတ်ခေါ်ပါတယ် ရှင့်။