Visa နဲ့ MasterCard payment တွေကို Chatesat.com မှာ ယနေ့ စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးချင်ပါတယ်။

Chatesat.com မှာ Coin Payment System ကို ibanking, MPU payment စနစ်တွေနဲ့ ဇူလိုင် ၁ရက်နေ့မှာ စတင်အသုံးပြုခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ပြည်တွင်းသုံး iBanking နဲ့ MPU payment တွေအပြင် နိုင်ငံတကာသုံး Visa, MasterCard payment တို့နဲ့ပါ အသုံးပြုနိုင်အောင် ယခုလို အဆင့်မြှင့်တင်လိုက်တာပါ။

Visa နဲ့ MasterCard အသုံးပြုလို့ရပြီဖြစ်တဲ့အတွက် ပြည်ပမှငွေပေးချေရာမှာ ရှိခဲ့တဲ့ အခက်အခဲတွေကို ဖြေရှင်းလိုက်နိုင်ပြီဖြစ်ပါတယ်။ နိုင်ငံတကာက လုပ်ငန်းရှင်တွေအနေနဲ့လဲ Chatesat.com ကို အရင်ကထက် ပိုပြီး လွယ်လွယ်ကူကူ အသုံးပြုနိုင်တော့မှာ ဖြစ်လို့ ချိတ်ဆက်ရဲ့ Freelancer တွေအတွက် ပြည်ပမှ Project များ ပိုမိုလက်ခံနိုင်တော့မှာပါ။
 


Visa နဲ့ MasterCard payment တွေကို ယခင်အသုံးပြုနေတဲ့ iBanking, MPU တို့မှာလိုပဲ မိမိရဲ့ Project အတွက် Visa, MasterCard မှ တိုက်ရိုက်ငွေချေဖို့အတွက် အသုံးပြုနိုင်သလို Coin မှတစ်ဆင့် ငွေပေးချေဖို့ Coin Balance ကို Top up လုပ်တဲ့နေရာမှာလဲ အသုံးပြုနိုင်ပါတယ်။



(ပုံထဲကလို project ပေါ်က Pay Now ခလုတ်ကိုနှိပ်ပြီး Visa, MasterCard မှ တိုက်ရိုက်ငွေချေနိုင်ပါတယ်။)




(Coin မှတစ်ဆင့် ငွေပေးချေဖို့ Coin Balance ကို Top up လုပ်တဲ့နေရာမှာလဲ အသုံးပြုနိုင်ပါတယ်။)

Chatesat.com မှာ အသုံးပြုနေတဲ့ Coin Payment System အကြောင်းနဲ့ အသုံးပြုပုံ အသေးစိတ်ကိုတော့ ဒီ Coin Payment System Blog Post မှာ ဖတ်နိုင်ပါတယ်။