သင့်အနေနဲ့ ဝက်ဆိုဒ်၊ ပရိုဂရမ်များ နှင့် ပတ်သက်ပြီး Development ပရောဂျက်လုပ်ဖို့ စိတ်ထဲမှာ ရှိနေပင်မယ့်လည်း၊ ပြုလုပ်ရန် ထိုအပိုင်း နဲ့ ပတ်သက်တဲ့ ပညာကျွမ်းကျင်စွာ မရှိတဲ့အခါ၊ အလွတ်တန်း developerကို ငှားရမ်းခြင်းက ကောင်းမွန်တဲ့ ဆုံးဖြတ်ချက် တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်လို developerမျိုးကို မိမိ ပရောဂျက်အတွက် ငှားရမ်းသင့်သလဲ။

ဒီ ဆောင်းပါးလေးမှာတော့၊ အခုအခါမှာ ဝယ်လိုအားများလာတဲ့ အလွတ်တန်းပညာရှင် Developer လေးမျိုးကို ပြောပြမှာ ဖြစ်ပါတယ်။ Developer တစ်ယောက်ငှားရမ်းရာမှာ ဘယ်လိုကောင်းတဲ့ အချက်တွေကို ရှာဖွေရမလဲဆိုတဲ့ အခြေခံအချက်လေးတွေကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

၁၊ The WordPress Developer

အကြောင်းအရာကို စီမံခန့်ခွဲရတဲ့စနစ် (Content Management Systems) ဖြစ်တဲ့ WordPress ကတော့ မည်သူအတွက်ကိုမဆို ဝက်ဆိုဒ်ဆောက်တဲ့အခါမှာ အလွယ်ကူဆုံး ပြုလုပ်လို့ရတာပဲ ဖြစ်ပါတယ်။ ထို systemက အခမဲ့ (free) အသုံးပြုခြင်း နှင့် အခွင့်ထူးခံ(premium) ဝယ်ယူသုံးစွဲခြင်းများရှိပြီး ကိုယ်တိုင် အသုံးပြုနိုင်သော်လည်း၊ သင့်အနေနဲ့ WordPressက သတ်မှတ်ပေးထားသော themeများအထိကိုသာ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ ဝက်ဆိုဒ်အတွက် သင်လိုချင်တဲ့ performance၊ သင်လိုချင်တဲ့ ပုံစံ၊ သင်လိုချင်တဲ့ ခံစားချက်မျိုးကို စိတ်ကြိုက်ပြုလုပ် ရယူလိုချင်မှာ ဖြစ်ပါတယ်။

ထို အခြေအနေများအတွက် WordPress Developerများက ရှိနေတာဖြစ်ပါတယ်။ သူတို့တွေက ဝက်ဆိုဒ်ရဲ့ အရှေ့ခြမ်းအခြေခံများ (front-end fundamentals) ဖြစ်တဲ့ HTML, CSS နှင့် Java Script တို့ကို အသေးစိတ်သေချာစွာ ရေးဆွဲနိုင်တာဖြစ်ပါတယ်။ ထို့အပြင် သူတို့တွေက WordPressကို ရေးရာမှာ အသုံးပြုထားတဲ့ ဘာသာစကားတစ်မျိုးဖြစ်တဲ့ PHPကိုလည်း နားလည် သိကျွမ်းတာ ဖြစ်ပါတယ်။ သင့်ရဲ့ ဝက်ဆိုဒ်မှာ သင်လိုချင်တဲ့ စိတ်ကြိုက် features များကိုလည်း ပြုလုပ်ထည့်သွင်းပေးနိုင်တာ ဖြစ်ပါတယ်။ ထို့အပြင် မိမိရဲ့ ဝက်ဆိုဒ်ကိုလည်း ပြုပြင်ထိန်းသိမ်းမှု ပြုလုပ်ရန်နှင့် အချက်အလက်များ လုံခြုံစိတ်ချရစေရန် ကူညီပေးနိုင်တာ ဖြစ်ပါတယ်။

၂၊ The Web Developer

အကြောင်းအရာကို စီမံခန့်ခွဲရတဲ့စနစ် (Content Management Systems) တွေက ကောင်းပါတယ်၊ ဒါပေမယ့် တစ်ခါတစ်လေကျရင်တော့ မိမိရဲ့အမြင်၊ အကြံအစည်တွေကို လက်တွေ့အကောင်အထည်ဖော်ဖို့ဆိုရင်တော့ မိမိရဲ့ ဝက်ဆိုဒ် appကို သေချာထိန်းချုပ်နိုင်ပြီး အကုန်လုံးစိတ်ကြိုက် ပြုပြင်ဆောက်လုပ်နိုင်ဖို့ လိုအပ်ပါတယ်။

တစ်ချို့အချိန်တွေမှာ မိမိရဲ့ အကြောင်းအရာပိုင်းကို ကိုင်တွယ်ပြင်ဆင်နိုင်ဖို့အတွက် CMSကို အသုံးပြုရသောလည်း၊ သင့် ဝက်ဆိုဒ်ရဲ့ အခြားအပိုင်းတွေအကုန်လုံးအတွက်ကိုတော့ စေ့စပ်သေချာတဲ့ အခြေခံကျ အချက်အလက်များနဲ့ တည်ဆောက်ထားဖို့လိုအပ်ပါတယ်။ အဲ့တာကို WordPress Developer တစ်ယောက်ရဲ့ အခန်းကဏ္ဍအနေနဲ့  ဆိုရင်တော့ နှစ်ပိုင်းခွဲခြားထားလို့ရပါတယ်။

Front-end: သင့်ရဲ့ browser ထဲမှာ သင်မြင်တွေ့နေသော၊ သင် ပြုမှုတုန့်ပြန်နေသော အရာအားလုံးကို ခေါ်တာဖြစ်ပြီး

Back-end: သင့်ရဲ့ ဝက်ဆိုဒ် app နောက်ကွယ်ကန့်လန့်ကာမှာရှိပြီး၊ ထောက်ပံ့ကူညီပေးနေသော dataများ၊ codeများ ပြုလုပ် စီမံခြင်း ဖြစ်ပါတယ်။

Web ပရောဂျက်တွေက များသောအားဖြင့် အရှေ့ဘက်(front-end) မှ အနောက်ဘက်(back-end) ကို ချိတ်ဆက်ပြုလုပ်ထားသောနည်းပညာ အစုအပုံကြီး(technology stack) ဖြစ်ပါတယ်။ သင့်ရဲ့ ပရောဂျက်အပေါ်မူတည်ပြီး သင့်အနေနဲ့ Front-end Developer, Back-end Developer သို့မဟုတ် နှစ်မျိုးလုံးကျွမ်းကျင်တဲ့ Full-stack Developer ကို လိုအပ်နိုင်ပါတယ်။

၃၊ The Moblie Developer

ကျွန်တော်တို့တွေက mobile(ဖုန်း)ကို ပထမထား ဦးစားပေးနေတဲ့ခေတ်ကမ္ဘာထဲမှာ နေကျတာဖြစ်ပါတယ်။ လက်ကိုင်ဖုန်း (smartphone)ကစလို့ tabletsအဆုံး စက်ပစ္စည်းအမျိုးစုံမှာ Mobile Developerတွေက appတွေကို ဆောက်လုပ်ဖို့ ကူညီနိုင်တာ ဖြစ်ပါတယ်။ Mobile App Development တွေမှာ အဓိကအနေနဲ့ ရှိနေတဲ့ ပလက်ဖောင်းနှစ်ခုကတော့ Android နဲ့ Apple ပဲ ဖြစ်ပါတယ်။

Andriod အပိုင်းမှာဆိုရင်တော့ Developer တွေက Java skills ကို ကျွမ်းကျင်ပိုင်နိုင်ကျတာဖြစ်ပါတယ်။ Andriod Development အတွက် နာမည်ကြီးကျော်ကြားလာတဲ့ programming ဘာသာစကားတစ်ခုကတော့ Kotlin ဖြစ်ပါတယ်။

iOS အပိုင်းမှာတော့ Swift ဘာသာစကားကို ခိုင်မာတဲ့ အခြေခံရှိတဲ့ Developerကို ငှားသင့်ပါတယ်။ ပိုပြီးတော့ အကြီးပိုင်းကျတဲ့ iOS Developer တွေဆိုရင်တော့ Objective-C အပိုင်းကိုပါ အခြေခံရှိတာဖြစ်ပါတယ်။ (Objective-C ကတော့ iOS Development မှာ Swiftထက် ပိုရှေးဦးကျတဲ့အရာ ဖြစ်ပါတယ်)

၄၊ The Software Developer

ကျွန်တော်တို့ အပေါ်မှာ ဝက်ဆိုဒ် (WordPress အပါအဝင်) Mobile Development တွေ အကြောင်း ပြောပြခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် သင်က အပေါ်မှာ ပြောခဲ့တာတွေမဟုတ်ပဲ အခြားအရာ (ဥပမာ-ကွန်ပျူတာ app တစ်ခု)ကို ဆောက်လုပ်ဖို့ ကြိုးစားနေတာဆိုရင်ကော။ သင့်အနေနဲ့ video game တစ်ခုကို ပြုလုပ်ချင်တာ (သို့မဟုတ်) IoT စက်ပစ္စည်းများရဲ့ ပရိုဂရမ်ကို ပြုလုပ်ချင်တာလည်း ဖြစ်နိုင်ပါတယ်။ သင်ရှာနေတဲ့ Developer က သင်ဘာကို ဆောက်လုပ်ဖို့ ကြိုးစားနေတယ်ဆိုတာပေါ်မှာလည်း အများကြီး မူတည်ပါတယ်။

အလွတ်တန်းပညာရှင်တွေကတော့ သူတို့ကို သူတို့ Software Developer (သို့မဟုတ်) Software Engineer တွေအဖြစ်နဲ့ မိတ်ဆက် ကြော်ငြာကြမှာ ဖြစ်ပါတယ်။ များသောအားဖြင့်က ကျွမ်းကျင်သူတွေကို သုံးတဲ့အခေါ်အဝေါ်ဟာ ကျယ်ပြန့်ပြီးများတတ်သဖြင့် သင့်အနေနဲ့ သင့်ရဲ့ ပရောဂျက်ကို ပြုလုပ်နိုင်ဖို့ လိုအပ်တဲ့၊ကိုက်ညီတဲ့ အရည်အသွေးကို ပိုင်ဆိုင်တဲ့ Developer ကို ရှာဖွေဖို့ လိုအပ်ပါတယ်။

အောက်မှာ ဖော်ပြထားတာတွေကတော့ web/mobile appတို့နဲ့ မတူဘဲ ကွဲထွက်နေတဲ့ software ပရောဂျက်အချို့ရဲ့ ဥပမာလေးတွေပဲ ဖြစ်ပါတယ်။

Video Games: သာမန် အရည်အချင်းအမျိုးအစားမှာပါဝင်တဲ့ level နိမ့်ဘာသာစကားတွေဖြစ်တဲ့ C နှင့် C++ ပလက်ဖောင်း အထူးပြုဘာသာစကားတွေ ဖြစ်တဲ့ Swift နှင့် iOS တို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သင့်အနေနဲ့ ဂိမ်းပြုလုပ်ဖို့အတွက် တစ်ကယ်လိုအပ်နေတာတွေက ဂိမ်းတွေကို ပြုလုပ်တဲ့ အင်ဂျင်တွေဖြစ်တဲ့ Unity (သို့မဟုတ်) Unreal တို့ပဲ ဖြစ်ပါတယ်။

IoT: level နိမ့် ဘာသာစကားတွေဖြစ်တဲ့ C နှင့် C++ မဟုတ်ပဲ၊ IoTပလက်ဖောင်းအတွက် အဓိကဖြစ်တဲ့ AWS IoT, Google Cloud IoT, (သို့မဟုတ်) IBM Wastonတို့နဲ့ ရင်းနီးပြီးသားလူကို ရှာဖွေသင့်ပါတယ်။

Windows Desktop App: သင့်အနေနဲ့ Windows အတွက် ဆောက်လုပ်တဲ့အခါမှာတော့ levelအမြင့် desktop applications တွေအတွက်ဆိုရင်တော့ .NET Framework လိုအပ်တာဖြစ်ပြီး၊ hardwareလောက်ကိုသာ ထိန်းချုပ်ဖို့လိုတဲ့ level အနိမ့်အတွက် ဆိုရင်တော့ Win32 API ကို လိုအပ်တာဖြစ်ပါတယ်။

လုပ်ငန်းရှင်များအနေနဲ့ မိမိရဲ့ Development ပရောဂျက်အတွက် အလွတ်တန်းပညာရှင်များလိုအပ်ပါက ချိတ်ဆက်ပလက်ဖောင်းက အသင့်ရှိနေမှာပါ။ လုပ်ငန်းလိုအပ်ချက်အရ ဘယ်လို အလွတ်တန်း ပညာရှင်ပဲလိုလို၊ ချိတ်ဆက်ပလက်ဖောင်းမှာ ပရောဂျက်တင်ပြီး မိမိစိတ်ကြိုက်ရွေးချယ် ငှားရမ်းနိုင်တာဖြစ်ပါတယ်။ “ချိတ်ဆက်”မှာ မိတ်ဆွေရဲ့ လုုုပ်ငန်းကို အကူအညီပေးဖိုုု့ အလွတ်တန်းပညာရှင်ပေါင်း ၂သောင်းကျော်ရှိပါတယ်။