Change Language To -  English   
ဝက်ဘ်ဆိုဒ် အလုပ်လုပ်ပုံ

ချိတ်ဆက် တွင် လူရှာခြင်း နှင့် အလုပ်ရှာခြင်း အကျဉ်းချုပ်





ပရောဂျက် တင်မယ်

မှတ်ပုံတင်ဖို့နဲ့ ပရောဂျက်တင်ခြင်းက အမြဲတမ်း အခမဲ့ ပါပဲ။ ပရောဂျက် တွေ တင်တဲ့အခါမှာ လုပ်ရမဲ့ အလုပ်သဘောတရားတွေ လိုအပ်ချက်တွေကို အသေးစိတ် တင်ပေးပါ။

  • တင်လိုက်တဲ့ ပရောဂျက် ကို ချိတ်ဆက်မှာရှိတဲ့ သက်ဆိုင်တဲ့ freelancer တွေဆီ ချက်ချင်း အကြောင်းကြားပေးမှာဖြစ်ပြီး (၁) နာရီအတွင်း လျောက်လွှာတွေ ရလာပါလိမ့်မယ်။
  • ပရောဂျက် အတွက် သင့်တော်တဲ့ freelancer ကိုရှာတွေ့ထားပြီးပြီလား? ပရောဂျက်တင်ထားပြီးရင် ကိုယ်သဘောကျနေတဲ့ freelancer ကိုလှမ်းပြီးတော့ ဖိတ်ခေါ်လို့ရပါတယ်။
အကောင်းဆုံး freelancer ကို ရွေးမယ်။

လျောက်ထားတဲ့ freelancer တစ်ယောက်ချင်းစီရဲ့ profile ကိုဝင်ကြည့်ပြီး သူတို့ရဲ့ ပြီးခဲ့တဲ့ အလုပ်အကိုင်တွေ၊ Review/Rating တွေကို ကြည့်လို့ ရပါတယ်။

  • Freelancer တွေ တင်လာတဲ့ proposal တွေကို သေချာကြည့်ပြီး ရွေးချယ်ပါ။
  • အသင့်တော်ဆုံးတစ်ယောက်ကို ရွှေးလိုက်ပြီး “Hire” ဆိုတဲ့ ခလုတ် ကို နှိပ်လိုက်ပါ။ ဒီပရောဂျက်အတွက် ခန့်ထားကြောင်းကို freelancer ဆီ တိုက်ရိုက်အကြောင်းကြားတဲ့ email ရောက်သွားပါလိမ့်မယ်။
  • လျှောက်ထားလာတဲ့ freelancer တွေကို သေချာနှိုင်းယှဉ်ပြီး စိစစ်ရွေးချယ်နိုင်ပါတယ်။
အလုပ်စမယ်။

  • ချိတ်ဆက်ကနေ Freelancer တွေကို အာမခံထားပေးတဲ့အနေနဲ့ ပရောဂျက် စပြီဆိုတာနဲ့ အလုပ်ရှင်ဘက်က အရင်ဆုံး ငွေချေပေးရပါမယ်။ ပရောဂျက် လိုအပ်ချက် အတိုင်း ပြီးမြောက်တဲ့အကြောင်းကို လုပ်ငန်းရှင်ဘက်က အတည်ပြု ပြီးတော့မှသာ freelancer တွေကို ကျသင့်ငွေ ပြန်လည်ပေးချေမှာ ဖြစ်ပါတယ်။
  • ပရောဂျက်အကြောင်းကို ချိတ်ဆက်ပေါ်က workroom မှာပဲ ဆက်သွယ်စကားပြောလို့ရပါတယ်။ Workroom ဆိုတာကတော့ ကိုယ့် freelancer နဲ့ အလုပ်အတူတူလုပ်နိုင်မဲ့ နေရာလေးတစ်ခုဖြစ်ပြီး စကားပြောရုံတင်မက ဖိုင်တွေပါ ရှယ်လို့ရပါတယ်။ workroom ရှိနေတော့ ချိတ်ဆက် website ကနေ ထွက်စရာမလိုပဲ လွယ်လွယ်ကူကူ အလုပ်လုပ်လို့ ရတာပေါ့။
ဝေဖန်မယ်။ အကြံပြုမယ်။

ပရောဂျက်ပြီးသွားတဲ့ အခါ “Mark Completed” ခလုတ်နှိပ်ပြီးရင် freelancer တွေနဲ့ ပတ်သတ်ပြီးအကြံပြုချက် ပေးလို့ရသလို၊ သူတို့ရဲ့ performance ကိုလည်း အဆင့်သတ်မှတ်ပေးလို့ ရပါတယ်။ freelancer တွေကို ဒီလို review တွေ ပေးလိုက်တာဟာ သူတို့အတွက်ရော၊ နောင်ရွေးချယ်မယ့် လုပ်ငန်းရှင် တွေအတွက်ပါ အသုံးဝင်ပါတယ်။