Change Language To -  English   
Terms & Conditions





  1. လိုက်နာရန် စည်းမျဉ်းစည်းကမ်းများ

    အောက်တွင် ဖော်ပြထားချက်များသည် chatesat.com ကိုသင် အသုံးပြုမည် ဆိုပါက လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ ဖြစ်ပြီး “သင်” ဆိုသည်မှာ အလုပ်အပ်နှံမည့် သူကို ရည်ရွယ်သုံးနှုန်း ခြင်းဖြစ်၍ နောက်ထပ် စာမျက်နှာများတွင် “chatesat.com” ကို (ချိတ်ဆက် သို့မဟုတ် ကျွနု်ပ်တို့ဟု ) ရည်ရွယ် သုံးနှုန်းသွားမည်ဖြစ်သည်။ ဤ website ကို သင်အသုံးပြုမည်ဆိုပါက အောက်ပါ စည်းမျဉ်းစည်းကမ်းများကို သေချာစွာ ဖတ်ရှု၍ နားလည်လက်ခံရန် လိုအပ်ပါသည်။ အကယ်၍ အောက်ပါ အချက်အလက် စည်းမျဉ်းစည်းကမ်း များကို သဘောမတူပါက ဤ website ကို မသုံးပြုရန် မေတ္တာရပ်ခံပါသည်။


  2. ပြင်ဆင်မှု နှင့် ထပ်မံ ထည့်သွင်းချက်များ
    ချိတ်ဆက် သည် တစ်ဦးတည်းဆုံးဖြတ်ပိုင်ခွင့်အရ အောက်ပါ အရာများကို အချိန်နှင့်အမျှ ဆောင်ရွက်နိုင်သည်။
    1. ဤ သဘောတူညီမှုကို ပြင်ဆင်ဖြည့်စွက်နိုင်ခြင်း နှင့်
    2. ဤ သဘောတူညီမှု တွင် လိုအပ်သော စည်းမျဉ်းစည်းကမ်းများကို ထပ်မံ ထည့်သွင်းခြင်း စသည်တို့ဖြစ်သည်။ အထက်ပါ ပြင်ဆင်ဖြည့်စွက်ထားသော၊ ထပ်မံထည့်သွင်းထားသော စည်းမျဉ်းစည်းကမ်းများကို စတင်အသက်ဝင်သော နေ့မှစ၍ website ပေါ်တွင် ထုတ်ပြန်သွားမည်ဖြစ်သည်။

    အကယ်၍ သဘောတူညီချက်ကို ပြင်ဆင်ဖြည့်စွက်ထားသော အချက်အလက်များရှိပါက ကျွနု်ပ်တို့မှ အကြောင်းကြားသွားမည် ဖြစ်ပါသည်။ အဆိုပါပြင်ဆင်မှုများ အပြီး Website ကို ဆက်လက်အသုံးပြုနေပါက သင်သည် ပြင်ဆင်ဖြည့်စွက်ထားသော အချက်အလက်များကို နားလည်လက်ခံ သဘောပေါက်ပြီး ဖြစ်သည်ဟု ကျွနု်ပ်တို့မှ ယူဆပါသည်။


  3. တားမြစ်ထားသော အပြုအမူများ
    1. ချိတ်ဆက်နှင့် သဘောတူညီထားသော သဘောတူညီချက်များကို ဖောက်ဖျက်ခြင်း။
    2. ဥပဒေကို ချိုးဖောက်ခြင်း (သို့မဟုတ်) ဥပဒေနှင့် မကိုက်ညီသော ဝန်ဆောင်မှု များကို ပြုမူဆောင်ရွက်စေခြင်း။
    3. ချိတ်ဆက်မှ Freelancers များကို နှောင့်ယှက် ခြိမ်းခြောက် အကြမ်းဖက်ခြင်း။
    4. မှန်ကန်စွာ ပြုမှုဆောင်ရွက်နေခြင်းကို နှောင့်ယှက်ခြင်း။
    5. ချိတ်ဆက်သို့ မှားယွင်းသော၊ မတိကျသော သတင်းအချက်အလက်များပေးခြင်း။
    6. ချိတ်ဆက်မှ ခွင့်ပြုချက်မရပဲ Website တွင် ဖော်ပြထားသည်ထက် ပိုသော လုပ်ငန်း ဆောင်ရွက်စေခြင်း။
    7. ဆောင်ရွက်နေသော အလုပ်မှ Freelancer ၏ အီးမေးလ်၊ ဖုန်းနံပတ်အစ ရှိသော ပုဂ္ဂိုလ်ရေးရာ အချက်အလက်များ မေးမြန်းစုံစမ်းခြင်း။
    8. လိပ်စာ၊ ဆိုရှယ်မီဒီယာအကောင့် ၊ အီးမေးလ်လိပ်စာ စသည့် ပုဂ္ဂိုလ်ရေးရာ အချက်အလက်များကို Freelancer များအား ပေးခြင်း၊ပြောပြခြင်း။
    9. အလုပ် နှင့်ပတ်သက်သော သတင်းအချက်အလက်များကို သဘောတူညီမှု မရခင် အလဲအလှယ် လုပ်ခြင်း။
    10. ချိတ်ဆက်၏ Freelancers များနှင့် တွေ့ဆုံ အင်တာဗျူးရာတွင်လည်းကောင်း၊ စကားပြောဆိုရာတွင်လည်းကောင်း သဘောတူညီထားသော အချက်အလက်များကို ဖောက်ဖျက်ခြင်း။
    11. ချိတ်ဆက်၏ ခွင့်ပြုချက်မရပဲ ချိတ်ဆက်ပြင်ပတွင် Freelcancer များနှင့် ငွေပေးချေမှုများပြုလုပ်ခြင်း။

  4. ဝန်ဆောင်မှုအပြောင်းအလဲများ ပြုလုပ်ခြင်း
    ချိတ်ဆက် သည် တစ်ဦးတည်းဆုံးဖြတ်ပိုင်ခွင့်အရ သင့်ကို ကြိုတင်အကြောင်းကြားခြင်း မရှိပဲ အောက်ပါဆောင်ရွက်ချက်များကို အချိန်နှင့်အမျှ ဆောင်ရွက်နိုင်သည်။
    1. Website တွင်ဖော်ပြထားသော လက်ရှိဝန်ဆောင်မှုများ သို့မဟုတ် အချိူ့သော အစိတ်အပိုင်းများတွင် ဝန်ဆောင်မှု အသစ်များ ထည့်သွင်းခြင်း ၊ ပယ်ဖျက်ခြင်း ၊ ဆက်လက်မဆောင်ရွက်ခြင်း။
    2. ဝန်ဆောင်မှု သို့ ဝန်ဆောင်မှု တစ်စိတ်တစ်ပိုင်း ၏ အသုံးပြုမှု ဈေးနှုန်းများပြောင်းလဲသတ်မှတ်ခြင်း။

  5. သင်၏ အလုပ် (သို့) Project
    1. သင်သည် အဆိုပါ အလုပ်၏ ပိုင်ရှင်ဖြစ်သည်။
    2. သင့်တွင် သင်အပ်ထားသော အလုပ်၏ လိုအပ်သော ရပိုင်ခွင့် နှင့် လုပ်ပိုင်ခွင့်များ အပြည့်အဝ ရှိသည်ဟု ချိတ်ဆက်မှ သိရှိနားလည်ထားပါသည်။
    3. သင်သည် Project နှင့်ပက်သက်သော လိုအပ်သည့် အချက်အလက်များအားလုံးကို ချိတ်ဆက် သို့ ပေးအပ်ရန်လိုအပ်ပါသည်။
    4. Project သည် အမျိုးအမည်တစ်ခုကိုသာ ရှင်းလင်းစွာ ဖော်ပြထားရမည်။ (ဥပမာ အလုပ်အပ်မည့်သူသည် ဒီဇိုင်း နှင့် ဘာသာပြန်အလုပ် (၂) ခု လုပ်ရန်လိုအပ်ပါက ၊ သူ/သူမ သည် မတူညီသော အလုပ် (၂) ခု အဖြစ် ဖော်ပြရန်လိုအပ်ပါသည်။
    5. Project ၏ သဘောသဘာဝ အပေါ်မူတည်၍ ကျသင့်သော ဈေးနှုန်း နှင့် ငွေပေးချေမည့် ပုံစံများ ခြားနား ပြောင်းလဲနိုင်ပါသည်။
    6. ကွန်ယက်ချိတ်ဆက်မှု ပုံစံကို ကျင့်သုံးသည့် အလုပ်များ (MLM) ကို ချိတ်ဆက်တွင် ဝန်ဆောင်မှု မပေးပါ။
    7. ချိတ်ဆက်မှ အလုပ်များသည် မြန်မာနိုင်ငံနှင့် ပြည်ပတွင် နေထိုင်သော မြန်မာနိုင်ငံသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန်သာ ရည်ရွယ်ပြီး အခြားမသက်ဆိုင်သော အလုပ်များကို ဝန်ဆောင်မှု မပေးပါ။
    8. အလုပ်အပ်နှံသူ နှင့် Freelancer ကြားတွင် မူပိုင်ခွင့် နှင့် အခြားသော လှို့ဝှက်သော သတင်းများအတွက် ကြိုတင်သဘောတူညီများရယူ လက်မှတ်ရေးထိုးထားရန် လိုအပ်ပါသည်။
    9. အပ်နှံထားသော အလုပ်များပြီးဆုံးပါက ချိတ်ဆက်မှ အလုပ်အပ်နှံသူထံသို့ အလုပ်ပြီးဆုံးကြောင်း အတည်ပြုချက် ရယူမည်ဖြစ်သည်။ ထိုသို့ရယူပြီးမှ သာ Freelancer ထံသို့ ငွေပေးချေမှုများ ပြုလုပ်မည်ဖြစ်သည်။ ချိတ်ဆက်မှ အလုပ်အပ်နှံသူထံမှ အတည်ပြုချက်ရယူရန် (၃) အတွင်း ဆက်သွယ်၍ မရရှိခဲ့ပါက အလုပ်ပြီးဆုံးသည်ဟု နားလည်ယူဆ၍ Freelancer ထံသို့ ငွေပေးချေမှု ပြုလုပ်သွားမည်ဖြစ်သည်။
    10. အပ်နှံထားသော Project ပြီးဆုံး၍ အဆိုပါ Freelancer ကို အချိန်ပြည့်ဝန်ထမ်း အဖြစ် ခန့်အပ်ရန် ဆန္ဒရှိပါက အဆိုပါဝန်ထမ်းတစ်လစာ ၏ ၅၀% ကို ချိတ်ဆက်ထံသို့ ပေးသွင်းရမည်ဖြစ်သည်။

  6. သင်၏ အကောင့်

    သင်၏ Profile နှင့် ဝက်ဆိုဒ်တွင် ဖော်ပြထားသော မှတ်ပုံတင်ခြင်းဆိုင်ရာ ပုံစံများ အတွက် တိကျမှန်ကန်သော၊ ပြည့်စုံသော သတင်းအချက်အလက်များ ကို အချိန်နှငအမျှ ထောက်ပံ့ပေးရန် လိုအပ်ပါသည်။ မှတ်တမ်းများ နှင့် သတိပေးစာ များကို ကျွနု်ပ်တို့မှ သင့်ထံသို့ အချိန်မီ ပေးပို့ရန် အတွက် သင်၏ အီးမေးလ်လိပ်စာ သို့မဟုတ် ကိုယ်ရေးကိုယ်တာ အချက်အလက်များ အပြောင်းအလဲ တစ်စုံတစ်ရာပြုလုပ်ပါက ကျွနု်ပ်တို့ Webiste တွင် အပြောင်းအလဲ ပြုလုပ်၍ ဖြစ်စေ Customer Support သို့တိုက်ရိုက်ဆက်သွယ်၍ ဖြစ်စေ ဆက်သွယ်ပြောဆို ပြောင်းလဲရန် လိုအပ်ပါသည်။


  7. လုံခြုံမှု နှင့် စကားဝှက်
    1. ချိတ်ဆက်သို့ သင်မှတ်ပုံတင်ဝင်ရောက်သည့် အခါ ၊ စကားဝှက်တစ်ခု ဖန်တီးရန်လိုအပ်ပါသည်။ လိမ်လည်ခံရမှုများ မတွေ့ကြုံရစေရန် သင်၏ စကားဝှက် ကို အခြားမည်သူတစ်ဦးတစ်ယောက်ကို သိရှိပေးအပ်ထားခြင်းမပြုရန် ကျွနု်ပ်တို့မှ တိုက်တွန်းပြောကြားလိုပါသည်။
    2. သင်၏ မေ့လျောပေါ့ဆမှု ကြောင့် စကားဝှက် ပေါက်ကြားမှုများ ဖြစ်ပါက ကျွနု်ပ်တို့မှ တစ်စုံတစ်ရာ တာဝန်ယူမည်မဟုတ်ပါ။

  8. ဝန်ဆောင်ခများ

    ချိတ်ဆက်သည် Website သို့ မှတ်ပုံတင်ခြင်း နှင့် Website ပေါ်သို့ အလုပ်ခေါ်စာ တင်ရုံဖြင့် ဝန်ဆောင်ခ ကောက်ခံခြင်းမရှိပါ။ အလုပ်အပ်နှံသူ အလုပ်ရှင်မှ အလုပ်ခေါ်စာ ရေးသားပြီး ချိတ်ဆက် ပေါ်မှ Freelancer များကို ရွေးချယ်သည့် အခါမှ သာ ဝန်ဆောင်မှု ပေးသွင်းရမည်ဖြစ်သည်။ အလုပ်အပ်နှံသူမှ Freelancer ကိုရွေးချယ်၍ စတင် အင်တာဗျူးသည့် အခါ Deposit အနေဖြင့် ငွေကျပ် ၁ သောင်းသွင်းရန် လိုအပ်ပါသည်။ အင်တာဗျူး ပြုလုပ် ညှိနှိုင်းနေစဉ် အချိန်အတွင်း Project ဖျက်သိမ်းခဲ့ပါက ချိတ်ဆက်မှ Deposit ငွေ ကို ပြန်လည်ထုတ်ပေးသွားမည်မဟုတ်ပါ။ အကယ် ၍ နှစ်ဦးနှစ်ဖက်သဘောတူ ညီမှု ရယူ၍ Project ပြုလုပ်နေစဉ် ကာလ အတွင်း အလုပ်အပ်နှံသူဘက်မှ Project ကို မိမိသဘောဆန္ဒအလျောက် ဖျက်သိမ်းခဲ့ပါက ချိတ်ဆက်ဘက်မှ ဝန်ဆောင်ခ ကို ပြန်လည် ထုတ်ပေးသွားမည်မဟုတ်ပါ။ Freelancer ဘက်မှ Project ကို ဖျက်သိမ်းခဲ့ပါက ချိတ်ဆက် ဘက်မှ အလုပ်အပ်နှံသူအတွက် ထပ်မံ၍ Freelancer များကို ရှာဖွေပေးသွားမည်ဖြစ်သည်။

    ချိတ်ဆက်ဘက်မှ အလုပ်ရှင်များအတွက် ဝန်ဆောင်မှု ပေးသော ဝန်ဆောင်မှုများ နှင့် ဝန်ဆောင်ခများမှာ


    ဝန်ဆောင်မှုများ Standard Classic Premium
    မှတ်ပုံတင်ခြင်း FREE! FREE! FREE!
    Freelancer ကို ရွေးချယ် အလုပ်အပ်နှံခြင်း +10% FREE! FREE!
    Chatesat မှ Freelancer ကိုအင်တာဗျုးခွင့် နှင့် ထိပ်ဆုံး(၃) ယောက် ရွေးချယ်ပေးခြင်း - +15% FREE!
    အစအဆုံး ဝန်ဆောင်မှုပေးခြင်း - - 20% - 30%

အထက်တွင် ဖော်ပြထားသော စည်းမျဉ်းများ နှင့်ပတ်သက်၍ ထပ်မံသိရှိလိုပါက info@chatesat.com သို့ အီးမေးလ် ပေးပို့ မေးမြန်းနိုင်သည်။